"လားရှိုးမြို့ပတ်ဝန်းကျင်တဝိုက် ရုတ်တရက် လေပြင်းများ ပြင်းထန်စွာတိုက်ခတ်ကာ မိုးကြီးခဲ့၍ မြို့တွင်း မိန်းလမ်းမကြီးများ လမ်းဘေးရှိ သစ်ပင်ကြီးများ ကြိုးကျကာ လမ်းကြောင်းများ ခေတ္တ ပိတ်ဆို့မှုများဖြစ်ပေါ်နေ"
လားရှိုးမြို့- မေ ၆ ရက်။
၂၀၂၆ ခုနှစ်။
လားရှိုးမြို့ပတ်ဝန်းကျင်တဝိုက် ယနေ့ မွန်းလွဲ ၂:၁၅ အချိန်ခန့်တွင် ရုတ်တရက် လေပြင်းများ ပြင်းထန်စွာတိုက်ခတ်ကာ မိုးကြီးခဲ့၍ မြို့တွင်း မိန်းလမ်းမကြီးများဘေးရှိ လမ်းဘေးဝဲယာ သစ်ပင်ကြီးများ ကြိုးကျကာ လမ်းကြောင်းများ ခေတ္တ ပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့ကြောင်းကို မိုးဆဲသွားပြီးနောက် လားရှိုးမြို့တွင်းမှ ယာဉ်မောင်းနှင်ပြန်လာသူ ယာဉ်မောင်းတဦးက ပြောပြခဲ့ပါသည်။
လေပြင်းတွေတိုက်တာ နည်းနည်း အားပျှော့သွားပြီး ခဏမှာဘဲ မိုးလည်းဆဲသွားခဲ့တယ်...။ လားရှိူးမြို့ လမ်းမတော်လမ်းပေါ်ရှိ သစ်ပင်ကြီးတွေ ကြိုးကျပျက်ဆီးမှုတွေဖြစ်ခဲ့တဲ့ နေရာတွေကို တိုင်းစစ် ဌာနချုပ်မှ တပ်ဘက်ဆိုင်ရာ အကြီးအကဲတွေကိုယ်တိုင်ရောက်ရှိလာခဲ့ပြီး မြို့တွင်းရဲ့ ယာဉ်သွား ယာဉ်လာများပြားသည့် မိန်းလမ်းမကြီးများကို အမြန် ပြန်လည်ရှင်းလင်းဆောင်ရွက်ကာ ယာဉ်လမ်းကြောင်းတွေ အမြန်ပြန်လည် လမ်းပွင့် မောင်းနှင် သွားလာနိုင်စေရေး လိုအပ်သည့် စီမံဆောင်ရွက်မှုများကို အချိန်နှင့်တပြေးညီ ရှင်လင်းဆောင်ရွက်နိုင်ရန် လိုအပ်သည့် ညွှန်ကြားဆောင်ရွက်မှုများပြုလုပ်ပေးခဲ့ပြီး အလားတူ လေပြင်းတိုက်ခတ်မှုကြောင့် အပင်ကြီးများ ကြိုးကျ၍ မြို့တွင်း လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးနေသည့် ဓါတ်တိုင်အချို့ သစ်ပင်ကြီးများလဲကျ ပိမိကာ ဓါတ်ကြိုးများ ပြတ်ကျနေသောဖြစ်စဉ်များ အားလိုက်လံ၍ စစ်ဆေးကြည့်ရှုကာ လိုအပ်သော ကူညီဆောင်ရွက်ပေးမှုများကို တပ်ဘက်ဆိုင်ရာ အရာရှိကြီးများ၊ အရပ်ဘက် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ကူညီရှင်းလင်းဆောင်ရွက်ခြင်းများကို ကရိန်း စက်ယန္ဒြားကြီးများဖြင့် ယနေ့ အပြီးရှင်းလင်းဆောင်ရွက်နိုင်ရန် မှာကြားခဲ့ကြောင်း၊ယခုလို ဖြစ်စဥ်ဖြစ်ပွားနေသည့် နေရာများသို့ ချက်ခြင်း ကွင်းဆင်း စစ်ဆေး ညွှတ်ကြားဆောင်ရွက်ပေးခဲ့သည့်အပေါ် တပ်ဘက်ဆိုင်ရာ အကြီးအကဲအရာရှိကြီးများ၊ အရပ်ဘက် ဌာနဆိုင်ရာ တာဝန်ရှိ ဦးစီးအရာရှိများ၊ စက်ပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ စုပေါင်း ညီညီ ရှင်းလင်းဆောင်ရွက်ပေးခဲ့သောကြောင့် ထိုနေ့ ညနေ နေမဝင်မှီ ယာဥ်သွားလာများလမ်းမကြီးများ ပြန်လည်လမ်းပွင့်ကာ ယာဥ်များ ပုံမှန်မောင်းနှင်သွားလာနိုင်ခဲ့ကြကြောင်း၊ သို့ဖြစ်၍ ယခုလို ကူညီဆောင်ရွက်ပေးခဲ့သည့် အပေါ် အထူးကို လေးစား ကျေးဇူးတင်ရှိရပါကြောင်း၊ အနီးနားတဝိုက် နေထိုင်လျက်ရှိကြသူ ပြည်သူများမှ ပြောဆိုခဲ့ကြသလို မိုးဆဲတာနဲ့ ချက်ခြင်းကို ကိုယ်တိုင်ရောက်လာခဲ့ပြီး ကူညီဆောင်ရွက်ပေးခဲ့သည့်အပေါ် များစွာကို ကျေးဇူးတင်ရှိပါကြောင်း မြို့ခံ ပြည်သူ တို့က ပြောဆိုနေကြခြင်းဖြစ်ကြောင်း သိရသည်။
လင်းလင်း (လားရှိုး)












