"လားရှိုးမြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၌ မဲဆန္ဒရှင် ပြည်သူများလွတ်လပ်စွာ လာ‌ရောက် ဆန္ဒမဲပေး"

 လားရှိုးမြို့- ဒီဇင်ဘာ (၂၈)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁) ကို ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် နိုင်ငံတစ်ဝှမ်း နေရာဒေသအသီးသီး၌ တစ်ပြိုင်တည်း ကျင်းပလျက်ရှိရာ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိူးမြို့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား မဲရုံအသီးသီး၌ ထိုနေ့ နံနက် (၆:၀၀)နာရီအချိန်က စတင်ကျင်းပ ပြုလုပ်ခဲ့သည်။

ထိုသို့ကျင်းပလျက်ရှိရာတွင် မဲရုံမဖွင့်လှစ်မီ မဲရုံတာဝန်ရှိသူများက မဲပုံးများအား ပါတီကိုယ်စားလှယ်များကိုပြသ၍ လုံခြုံရေးကြိုးများ တပ်ဆင်ပြီးနောက် နံနက်(၆:၀၀)နာရီတိတိတွင် မဲရုံမှူးက မဲရုံဖွင့်လှစ်‌ပေးခဲ့ရာ လားရှိုးမြို့နယ်တွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများ၏ မဲရုံအသီးသီး၌ ဆန္ဒမဲပေးရန် စောင့်ဆိုင်းနေသည့် မဲဆန္ဒရှင်ပြည်သူများမှ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အတူ မဲစာရင်းလက်မှတ်ပြသပြီး လျှို့ဝှက်ဆန္ဒပြုခန်းများ၌ မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM စက်များဖြင့် လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်များကို လွတ်လပ်စွာ ဆန္ဒပြုရွေးချယ် မဲပေးလျှက်ရှိ ကြကြောင်းသိရသည်။


လားရှိုးမြို့တွင် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌  ရပ်ကွက် ၁၂ ခု ကျေးရွာအုပ်စု ၁၁ စု စုစုပေါင်း ၂၃ ခုတို့တွင် မဲရုံ စုစုပေါင်း ၇၆ ရုံ ရှိပြီး မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း ၁၀၉၂၄၇ ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ 
 သိရသည်။


Source: IPRD (Lashio)