"သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)တွင် ကောင်းမှုကုသိုလ်ပြုသူများ၊ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိ"
လားရှိုးမြို့-အောက်တိုဘာ(၆)
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ဝါလကင်းလွတ် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) နံနက်ပိုင်း၌ ကောင်းမှုကုသိုလ်ပြုသူများ၊ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ထိုသို့စည်ကားလျက်ရှိရာတွင် လားရှိုးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၌ ငါးပါးသီလ၊ ရှစ်ပါးသီလခံယူကာ ဥပုသ်သီလဆောက်တည်သူများ၊ ကောင်းမှုကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိသည်။
ထို့အပြင် ရန်တိုင်းအောင်ဆုတောင်းပြည့်မြို့ဦးစေတီတော်၊ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတို့၌ မြတ်စွာဘုရားရှင်အား ပူဇော်ကန်တော့ကာ၊ ဘုရားဖူးမြော်ကြည်ညိုလေ့လာ၍ တရားဘာဝနာ ပွားများခြင်း၊
ဆီမီး၊ ရေချမ်း၊ ပန်း၊ ရွှေထီး၊ ငွေထီး၊ ဆက်ကပ်လှုဒါန်းသူများ ကောင်းမှုကုသိုလ် ပြုသူများ၊ ဘုရားပရိဝုဏ်အတွင်းတွင် ဆီမီး၊ ပန်း၊ ရွှေထီး၊ ငွေထီး၊ ပေါက်ပေါက်ဆုပ် ရောင်းချသူများ ဘုရားပရိဝုဏ်အပြင်တွင် ဈေးရောင်းသူဝယ်သူများဖြင့် စည်ကားလျက်ရှိသည်။
Source: IPRD(လားရှိုးခရိုင်)






