"လားရှိုးမြို့တွင် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၏ အပတ်စဉ် (၃၄) သူနာပြု-သားဖွားဒီပလိုမာ (၃) နှစ်သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ"

လားရှိုး - ဖေဖော်ဝါရီ (၆)



    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(လားရှိုး)၏ အပတ်စဉ် (၃၄) သူနာပြု-သားဖွားဒီပလိုမာ (၃) နှစ်သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲအား အဆိုပါကျောင်း၌ ကျင်းပခဲ့ရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းညွန့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။


    ရှေ့ဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌက အမှာစကားပြောကြားပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

    ထို့နောက် သူနာပြုနှင့်သားဖွားသင်တန်း‌ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခမ်းနွမ်းယုက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ်သင်တန်း ဒုတိယနှစ်ကိုယ်စား သင်တန်းသူတစ်ဦးမှ နှုတ်ဆက်စကားပြောကြား၍ ပထမနှစ်ကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။


    ဆက်လက်၍ ပထမနှစ် သူနာပြု-သားဖွားဒီပလိုမာ (၃) နှစ် သင်တန်းသား၊ သင်တန်းသူများက မိတ်ဆက်စကားပြောကြားပြီး အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။

    ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာ‌ကြသော တာဝန်ရှိသူများက (King, Queen, Miss Smile, Miss Body) ရရှိသည့် ပထမနှစ် သူနာပြု-သားဖွားဒီပလိုမာ (၃) နှစ် သင်တန်းသား၊ သင်တန်းသူများ စလွယ်နှင့် အမှတ်တရပစ္စည်းများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။



    Source: လူမော် (ပြန်/ဆက်)