"လားရှိုးမြို့တွင်၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်း အဝေးကျင်းပ"

လားရှိုးမြို့ -  ဒီဇင်ဘာ(၂၅)


ရှမ်းပြည်နယ်(မြောက်ပိုင်း)   လားရှိုးမြို့တွင်  ၂၀၂၅ခုနှစ်၊   ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး   လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယနေ့မွန်းလွဲပိုင်းတွင်အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊  အစည်းအဝေးခန်းမ၌ပြုလုပ်ရာ  တိုင်းမှူးဗိုလ်မှူးချုပ် အေးမင်းဦးနှင့်အဖွဲ့ဝင်များ၊  ရှမ်းပြည်နယ်(မြောက်ပိုင်း)  ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူများနှင့်မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ကြသည်။ 



ဦးစွာတိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသူများက  ၂၀၂၅ခုနှစ်  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက်    ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်ပတ်သက်၍ဆွေးနွေးတင်ပြကြပြီး ဆွေးနွေးတင်ပြမှုများအပေါ် တိုင်းမှူးနှင့်တာဝန်ရှိသူများက   လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက်  တိုင်းမှူးနှင့်အဖွဲ့ဝင်များသည်  လားရှိုးမြို့၊  အမှတ်(၁၀)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးရှိမဲရုံတွင် ပြည်သူများ မဲစာရင်းကြည့်ရှုနေမှုများကို   လိုက်လံကြည့်ရှုပြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးဝင်းအတွင်းရှိပြည်သူ့ဝန်ဆောင်မှုရုံးတွင် မဲပေးစက်နှင့်ဆက်စပ်ပစ္စည်းများသိုလှောင်ထားရှိမှုအခြေအနေများ၊လုံခြုံရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအားလိုက်လံကြည့်ရှုခဲ့ကြောင်းသတင်းရရှိသည်။


Source: MyaWaDi WebPortal