"လားရှိုးတက္ကသိုလ် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း နှင့် နေ့သင်တန်းသားများအားလုံး ဘာသာစုံကို စတင် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရ"
လားရှိုးမြို့ - နိုဝင်ဘာ ၂၀ ရက်။
ရှမ်းပြည်မြောက်ပိုင်း လားရှိုးတက္ကသိုလ်ကို ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း တက္ကသိုလ်ကျောင်း၏ တာဝန်ရှိ ဆရာများက ကျောင်းဖွင့်ရက်များကို နေ့ရက်အချိန်နှင့်တကွ တိကျစွာ အသိပေးဖော်ပြလာသည့် သတင်းများကို လူမှုကွန်ယက်စာမျက်နှာ၌ နိုဝင်ဘာ ၂၀ ရက်နေ့၌ တွေ့ရှိရသလို သက်ဆိုင်ရာ ကျောင်းတာဝန်ရှိသူများအား ဆက်သွယ်စုံစမ်းမှုများအရ မှန်ကန်အတည်ပြုထားသည့် သတင်းဖြစ်ပါကြောင်း ယခုနှစ် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၄ ရက်နေ့ တွင်စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ဘာသာစုံ၊ အတန်းစုံကို ဖွင့်လှစ်သင်ကြားသွားတော့မည်ဖြစ်၍ သက်ဆိုင်ရာကျောင်းသူ ကျောင်းသားများမှ နိုဝင်ဘာ ၁၇ ရက်နေ့မှ စတင်ကာ ကျောင်းအပ်မှတ်ပုံတင်နိုင်ကြပြီဖြစ်ကြောင်း လားရှိုးတက္ကသိုလ်ရှေ့၌ အသိပေးကြော်ငြာချိတ်ဆွဲထားသည့် ဗင်နိုင်းနှင့်အတူ လားရှိုးတက္ကသိုလ်ကျောင်းတော်ကြီး စတင်ဖွင့်လှစ်တော့မည့် နေ့ရက်များကို တိကျစွာရေးသားဖော်ပြထားကြောင်း သိရှိရပါသည်။
လားရှိုးတက္ကသိုလ်ကျောင်းတော်ကြီးကို (၂၄-၁၁-၂၀၂၅) တနင်္လာနေ့မှာ စတင်ဖွင့်လှစ်သွားမှာဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါတယ်.....
၂၀၂၅-၂၀၂၆ ပညာသင်နှစ်ရဲ့ နေ့သင်တန်းများအားလုံး ဘာသာစုံ အတန်းစုံ ဖွင့်သွားမှာဖြစ်ကြောင်းနဲ့ ကျောင်းဝင်ခွင့်မှတ်ပုံတင်ခြင်းကို(၁၇-၁၁-၂၀၂၅)နေ့မှစပြီး လက်ခံဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
ကျောင်းတော်ကြီးဖွင့်ပွဲနေ့ လာရောက်ကြမယ့် သူငယ်ချင်းများ(၂၄-၁၁-၂၀၂၅)ရက်နေ့ နံနက်(၉:၀၀)နာရီအချိန် ဆုံကြရအောင် ... စသည် ဖြင့်လူမှုကွန်ယက်စာမျက်နှာများတွင်လည်း ရေးသား ဖော်ပြထားလျှက်ရှိကြောင်း သိရသည်။
L2(LSO)


