"မူဆယ်မြိုနယ် ကုန်သည်ကြီးများ အသင်းရုံးတွင် ဆန် ရောင်းချပေးလျှက်ရှိကြောင်း ကာလ ပေါက် ဈေးများဖြင့် ဒေသခံများ လိုအပ်သလောက် သွားရောက်ဝယ်ယူနိုင်ကြောင်း သိရ"
မူဆယ်- ဒီဇင်ဘာ ၂၃ ရက်။
မူဆယ်မြို့နယ်အတွင်း နေထိုင်လျှက်ရှိသည့် ဒေသခံ တိုင်းရင်းသားပြည်သူများအတွက် အဓိက စားသောက်ကုန်ပစ္စည်းတခုဖြစ်သည့် ဆန်ကို လိုအပ်သလောက်ဝယ်ယူရရှိနိုင်စေရေးအတွက် ကုန်သည်ကြီးများအသင်းက ပြီးခဲ့သည့် ဒီဇင်ဘာ ၂၁ ရက်နေ့က စတင်ရောင်းချပေးလျှက်ရှိကြောင်း သိရှိရပါသည်။
ရွှေဝါထွန်းအမျိုးအစား (၂၄)ပြည်(အလေးချိန်အပြည့်) ကျပ်ငွေ (၁၀၀၀၀၀/)ကျပ် ဖြင့်လည်းကောင်း၊
တရုတ်ဆန် (25Kg)(၁၂)ပြည် ၆၅၀၀၀/ ကျပ်ဖြင့်လည်းကောင်း၊ဆန်လတ်ကြီး (ဆန်ကွဲ)(၂၄)ပြည် ၆၅၀၀၀ ကျပ် တို့ဖြင့် ရောင်းချပေးလျှက်ရှိသလိုဒေသခံ ပြည်သူများ လွတ်လပ်စွာဖြင့် သွားရောက်ဝယ်ယူနိုင်ကြကြောင်း၊ မူဆယ်မြို့ကုန်သည်ကြီးများအသင်းရုံးတွင် ရောင်းချပေးနေပါကြောင်း အဆိုပါ ကုန်သည်ကြီးများအသင်း လူမှုကွန်ယက် သတင်း စာမျက်နှာ၌ အသိပေးဖော်ပြထားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
မေသူဇော်



