"ဂါဇာဒေသသို့ လူသားချင်းစာနာမှုအကူအညီများ တိုးမြှင့်ဝင်ရောက်နိုင်ရေး ဆုံးဖြတ်ချက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ခွင့်ပြု"

ကုလသမဂ္ဂ၊ ဒီဇင်ဘာ (၂၄)ရက်

ဂါဇာဒေသရှိ အလွန်လိုအပ်နေသော အရပ်သားပြည်သူများအတွက် အကူအညီများ တိုးမြှင့်ပေးအပ်မှုဆိုင်ရာ အရေးကြီးသည့်ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ ဒီဇင်ဘာ ၂၂ ရက်က ခွင့်ပြုခဲ့ကြောင်း၊ သို့ရာတွင် အစ္စရေးနှင့် ဟားမက်စ်ကြား “အရေးပေါ်စစ်မက် ရပ်ဆိုင်းခြင်း” အတွက် မူလတိုက်တွန်းချက်မှာမူပါဝင်ခြင်းမရှိကြောင်း ဆင်ဟွာသတင်းတရပ်အရ သိရှိရပါသည်။


ဆုံးဖြတ်ချက် ၂၇၂၀ က ပဋိပက္ခနှင့် ဆက်စပ်သော အဖွဲ့အစည်းများအနေဖြင့် ဂါဇာကမ်းမြောင်ဒေသ တစ်လျှောက်ရှိ ပါလက်စတိုင်းအရပ်သားများကို လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဘေးကင်းလုံခြုံ၍ အဟန့်အတားမရှိ ချက်ချင်းတိုက်ရိုက်ပေးအပ်နိုင်ရန် ခွင့်ပြုလိုက်ကြောင်းနှင့် ယင်းအခြေအနေအရ လူသားချင်းစာနာမှုအကူအညီများ လုံခြုံဘေးကင်း၍ အတားအဆီးမဲ့ ချက်ချင်းခွင့်ပြုရန်နှင့် စစ်မက်ရပ်စဲမှုကို ထိန်းထားနိုင်သည့်အခြေအနေများ ဖန်တီးရန် အရေးကြီးခြေလှမ်းများအတွက် တိုက်တွန်းလိုက်ခြင်းလည်းဖြစ်ကြောင်း၊ အဆိုပါ ဆုံးဖြတ်ချက်တွင် “ဓားစာခံများအားလုံး ချက်ချင်း၊ ခြွင်းချက်မရှိ လွှတ်ပေးရေး” နှင့် ဓားစာခံများအားလုံး၏ ကျန်းမာရေးလိုအပ်ချက်များကို ကိုင်တွယ်ဆောင်ရွက်နိုင်ရန် လူသားချင်းစာနာမှု အကူအညီဝင်ရောက်မှု သေချာမှုရှိရေးအတွက်လည်း တောင်းဆိုထားကြောင်း သိရသည်။
အာရပ်စော်ဘွားများပြည်ထောင်စုက တင်သွင်း၊ အဆိုပြုထားသော ဆုံးဖြတ်ချက်ကို အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်သော လုံခြုံရေးကောင်စီတွင် အဖွဲ့ဝင် ၁၃ နိုင်ငံက ထောက်ခံခဲ့ကြပြီး အမေရိကန်နှင့် ရုရှားက ကြားနေမဲပေးခဲ့ကြကြောင်း ဆင်ဟွာ သတင်း   
ဝဘ်ဆိုက်တွင် ရုပ်သံ သတင်းနှင့်အတူ ဖော်ပြခဲ့ပါသည်။

Source ; Xinhua