"မူဆယ်မြို့နယ် - ကျင်စန်းကျော့ နယ်စပ် ကားကြီးဝန်းအနီးကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ကုန်တင်ယာဥ်ကြီးများ မီးလောင်မှုဖြစ်စဥ် ဖြစ်ပွားခဲ့ကြောင်း သိရ"

 မူဆယ်ခရိုင်၊ ကျင်းစန်းကျော့၊

နိုဝင်ဘာ ၂၃ ရက်။

တရုတ်နိုင်ငံထဲက ကုန်တင်ယာဥ်များ ကုန်ပစ္စည်းများတင်ဆောင်လာသည့် နယ်စပ်အဝင်အထွက် ကုန်စည်သယ်ဆောင်တင်သွင်းသည့် ကျင်းစန်းကျော့ နယ်စပ်ဂိတ် ကုန်တင်ယာဥ်ကြီးများ ရပ်နားသောကားကြီးဝင်းအနီးသို့ လက်နှင်ကြီး ကျည်ကျရောက်ပေါက်ကွဲခဲ့ရာမှ ကုန်တင်ယာဥ်များ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများနှင့် ယာဥ်မောင်းများထံမှ သိရသည်။

နိုဝင်ဘာ ၂၃ ရက်နေ့ မနက်ပိုင်းက ထိုသို့ စတင်ဖြစ်ပွားခဲ့ကြောင်းနှင့် မြောက်ပိုင်း ညီနောင် မဟာမိတ်ဟု ဆိုတဲ့ တိုင်းရင်းသားလက်နှက်ကိုင် တပ်ဖွဲ့ တွေနဲ့ အစိုးရ တပ်မတော်တို့အကြား တိုက်ပွဲတွေ ပြင်းထန်စွာ ၄င်း ပတ်ဝန်းကျင်အနီး ဖြစ်ပွားလျှက်ရှိကြောင်း၊ မနေ့ညထဲက တိုက်ပွဲတွေက ၄င်းအနီးပတ်ဝန်းကျင်တွင် ဖြစ်ပွားခဲ့သည်ကို ကျင်းစန်းကျော့ သို့ရောက်နေသူယာဥ်မောင်းများနှင့် ဒေသခံတွေ ကြားနေခဲ့ကြရတာဖြစ်ပြီး ယနေ့ မနက်ပိုင်းမှာတော့ တရုတ်နိုင်ငံဘက်က ကုန်တွေလာရောက်တင်ဆောင်ပြီး ရပ်ထားတဲ့ ယာဥ်ရပ်နားဝင်းအနီး လက်နှက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့ပြီး ကားတွေ မီးလောင်မှုတွေဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချိူ့နဲ့ ထိုနေရာသို့ရောက်နေသော ပရဟိတ္တ အဖွဲ့တွေထံ ဆက်သွယ်မေးမြန်းစုံစမ်းခဲ့မှုအရ သိရှိရတာပါ။



ဒီနေ့မနက် အစောပိုင်းမှာတော့ တရုတ်ကုန်တွေရှိနေတဲ့ ကုန်ကားဝန်းထဲကို လက်နက်ကြီးကျည်တွေ ဆက်တိုက်ကျခဲ့ကြောင်းနှင့် မီးလောင်ကျွမ်းတဲ့ ကားအရေအတွက်များကြောင်း ကျင်စန်းကျော့ နယ်စပ်ဂိတ်က ကုန်သည်တဦးက မီဒီယာများသို့ ပြောပြခဲ့ပါသည်။


" တရုတ်ပြည်ကထွက်တဲ့ ကုန်တင်ကုန်ချကွင်းရှိတယ်လေ ၁၅ရက်ကွင်းပေါ့ အဲထဲမှာရပ်ထားတဲ့ ကားအစီးရေ တရာကျော်မယ်ဗျ၊ အဲကားပေါ်မှာက တရုတ်ပြည်က မြန်မာပြည်ပို့မဲ့ ပစ္စည်းတွေ တင်ထားတဲ့ ကားကြီးတွေပေါ့ ... အစီးရေ ၁၀၀ ကျော်မယ်၊ မီးလောင်မှုကြောင့်ပစ္စည်း ဆုံးရှုံးမှု တန်ဖိုးကလည်း တအား များမယ်ပေါ့။ လူတော့ ထိခိုက်ဒဏ်ရာရမယ်လို့ မကြားမိဘူး" ဟု မီဒီယာများကိုပြောကြားခဲ့တာပါ။


အဆိုပါ ကားဝင်းနားမှာ အစိုးရ တပ်က လုံခြုံရေးတာဝန်ရှိ သူ စစ်သားတွေနဲ့ ၊ ပြည်သူ့စစ်အဖွဲ့တချို့ ရှိနေကြကြောင်းနှင့် တိုင်းရင်းသားလက်နှက်ကိုင် တပ်တွေနဲ့ တိုက်ပွဲတွေ ယမန်နေ့ညထဲက ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာဖြစ်ကြောင်း၊ လက်နှက်ကြီး ပစ်တာတွေလဲ ကြားနေရကြောင်း ဒေသခံတို့က ဆိုပါသည်။


ကျင်းစန်းကျော့တွင် အလားတူကားကြီးရပ်နားဝင်း နှစ်ခုရှိရာ ယခု ရပ်နားကားကြီးတွေမီးလောင်မှုဖြစ်တဲ့ကားဝင်းက အပေါ်ဘက်ကကားဝင်းမှာဖြစ်တာပါ။ အောက်ဘက်ဝင်းမှာတော့ ဆီဘောက်ဆာတွေအများကြီးရှိနေကြောင်းနှင့် တရုတ်ဘက်ကနေ လားရှိုး-ကွတ်ခိုင်-မူဆယ်ကို သွင်းခွင့်ရထားတဲ့ ဆီဘောက်ဆာများဖြစ်ကြောင်း၊အဲဒီကွင်းသာ မီးလောင်သွားရင်တော့ ကျင်စန်းကျော့ တစ်ရွာလုံးမီးလောင်သွားနိုင်ကြောင်း ဟု ၎င်းကဆက်လက်ပြောပြခဲ့ပါသည်။



 လူမှုကွန်ယက်စာမျက်နှာများ၌ဖော်ပြပါ ဖြစ် စဥ် နှင့်ပတ်သက် ၍ကျင်စန်းကျော့ဂိတ် ယာဉ်ရပ်နားစခန်းဝန်းအား တပ်မတော်မှ လက်နက် ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။


ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်ရှိ ကျင်စန်းကျော့ဂိတ် ယာဉ်ရပ်နားစခန်းဝန်းအတွင်း၌ ယနေ့(နိုဝင်ဘာလ ၂၃ ရက်)နံနက်ပိုင်းက လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲမှုသည် TNLA နှင့် ပူးပေါင်းအဖွဲ့၏ ပစ်ခတ်မှုကြောင့်ဖြစ်ကြောင်း အစိုးရဘက်က နေ့လည်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။


TNLA နှင့် ပူးပေါင်းအဖွဲ့သည် ကုန်စည်စီးဆင်းမှုရပ်တန့်စေရန် နှင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ရပ်ကွက်များ၊ ကျောင်းများ၊ ဘာသာရေး အဆောက်အဦများအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။


အလားတူ ယနေ့နံနက်ပိုင်းတွင် ကျင်စန်းကျော့ရွာအတွင်းရှိ (၄)ထပ်အဆောက်အဦးဖြစ်သော စတိုးဆိုင်တစ်ခုအား TNLA ပူးပေါင်းအဖွဲ့မှ Drop Bomb ဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူ မရှိသော်လည်း စတိုးဆိုင်အပေါ်ထပ်(၂)ထပ်လုံး ပျိုကျပျက်စီးသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် ယမန်နေ့ နေ့လည် (၁)နာရီခန့်က မူဆယ်မြို့ရှိ (၁၀၅)မိုင် မိဘမဲ့ဘုန်းကြီကျောင်းအတွင်းသို့ TNLA အဖွဲ့က ပစ်ခတ်သော Drop Bomb ကျရောက် ပေါက်ကွဲမှုကြောင့် ကိုရင်တစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်း အခြေစိုက် အွန်လိုင်း သတင်းမီဒီယာတခုက နေ့ခြင်းမှာဘဲ ရေးသားဖော်ပြခဲ့ပါသည်။


၄င်းမီးလောင်မှူကြောင့် ကုန်ကားကြီး အစင်း ၄၀ ကုန်ပစ္စည်းများတင်ဆောင်ထားသည့် ကားကြီးများအားလောင်းကျွမ်းခဲ့ရခြင်းဖြစ်ကာ မီးသတ်တပ်ဖွဲ့နှင့် တာဝန်ရှိသူများက (၁)နာရီကျော်ကြာ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရပြီး ကုန်ပစ္စည်းများနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား စစ်ဆေးလျက်ရှိကြောင်း သိရသည်။



L2 (LSO)