သီပေါမြို့- နိုဝင်ဘာ ၁၂ ရက်။
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ-ကျောက်မဲ လမ်းအပိုင်းရှိ ကျင်သီ တံတားအား ယနေ့ နံနက်ပိုင်းက လက်နှက်ကိုင်အဖွဲ့စည်းတခုက ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း လက်ရှိ အဆိုပါ လမ်းကြောင်းသို့ ယာဥ်မှန်သမျှ ဖြတ်သန်းမောင်းနှင်သွားလာနိုင်ခြင်းမှာ မဖြစ်နိုင်သည့် အနေအထားမျိုးဖြစ်ပွား ခဲ့ကြောင်းကို ပျက်ဆီးသွားသည့် ထို ကျင်သီတံတား ကြီး၏ မှတ်တမ်းဓါတ်ပုံများအား ဒေသခံ တိုင်းရင်းသားပြည်သူအချို့မှ လူမှုကွန်ယက်စာမျက်နှာ၌ ၄င်းလမ်းကြောင်းသို့ ဖြတ်သန်းသွား လာရန်လိုအပ်သည့် သက်ဆိုင်ရာ ခရီး သွားများ မိမိတို့ ခရီးလမ်းကြောင်း ကြို တင် သိရှိနိုင်ကြစေရေး ဖြစ်စဥ်ဖြစ်ပွားခဲ့သော တံတားဓါတ်ပုံများကို ဖော်ပြခဲ့ကြခြင်းဖြစ်ကာ ထပ်ဆင့်မျှဝေဖော်ပြလိုက်သည်။
ပြီးခဲ့သည့် အောက်တိုဘာလကုန်ရက်အတွင်း ရှမ်းမြောက် ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ သိန္နီမြို့ဝင် နမ္မတူချောင်းကူးတံတားကိုလည်း အလားတူ လက်နှက်ကိုင်အဖွဲ့အစည်းတွေက ဖောက်ခွဲဖျက်ဆီးမှုများပြုလုပ်ခဲ့သည့် အတွက် ထိုလမ်းကြောင်းများအား ယခုတိုင် ကုန်စည်သယ်ဆောင်စီးဆင်းနိုင်ခြင်း၊ ဆက်သွယ်သွားလာနိုင်ခြင်းမရှိ ၄င်းလမ်းကြောင်းများအား တိုက်ပွဲ ဖြစ်ပွားမှုများအပေါ်အကြောင်းပြု၍ ယင်းကဲ့သို့ တံတားများဖောက်ခွဲဖျက်ဆီးခြင်း၊ လမ်းမကြီးများကို ဖြတ်တောက်တူးမြောင်းများတူး၍ လမ်းကြောဖြတ်ပိတ်ဆို့ခြင်းများကြောင့်အဆိုပါ ဒေသခံ တိုင်းရင်းသားပြည်သူများမှာအဘက်ဘက်က လူမှုဘဝ ဒုက္ခအခက်အခဲများကြီးစွာ ခံစားနေကြရကြောင်း သိရသည်။
L2 (LSO)

