"ရှမ်းမြောက် ဒေသတွင်း တိုက်ပွဲများဖြစ်ပွားနေသည့် ဒေသများမှ စစ်ဘေးရှောင်ပြည်သူများမှာ လားရှိုးမြို့ရှိ စစ်ဘေးရှောင် စခန်းများသို့ နေ့စဥ် အရေအတွက်များပြားစွာ ရောက်ရှိနေကြောင်း သိရ"

 လားရှိုးမြို့၊ နိုဝင်ဘာ ၁၂ ရက်။


လားရှိုးမြို့၊ ရပ်ကွက် ၁၂ ရှိ သီရိမင်္ဂလာ မာန်ဆူရှမ်းကျောင်းတိုက် သို့ စစ်ဘေးရှောင်ရောက်ရှိလာကြသည့် ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်အသီးသီး၊ ကိုးကန့်ဒေသ၊ သိန္နီမြို့နယ်၊ ကွမ်းလုံမြို့နယ်၊ မိုင်းယော်တိုက်နယ်တွင်း ကျေးရွာ အုပ်စုများနေ ​ဒေသခံ တိုင်းရင်းသားပြည်သူများ၊ လားရှိုးမြို့နယ်တွင်းရှိ ကျေးရွာအုပ်စုများမှ ဒေသခံ ပြည်သူများမှ အောက်တိုဘာ ၂၇ ရက်နေ့မှ စတင်ကာ စစ်ဘေးရှောင်ကာ လားရှိုးမြို့၊ ရပ်ကွက် ၁၂ ရှိ  သီရိမင်္ဂလာမာန်ဆူရှမ်းကျောင်းတိုက်သို့  ရောက်ရှိလာကြကြောင်း ကျောင်း တိုက်တွင်း ဖွင့်လှစ်ထားသည့် စစ်ဘေးရှောင်စခန်း စီမံဆောင်ရွက်ပေးလျှင်ရှိသူ အမကြီးတဦးက ဆိုပါသည်။



ယနေ့ ညနေပိုင်းအထိ စစ်ရှောင် ပြည်သူ သုံးထောင်ကျော်သွားခဲ့ပြီဖြစ်ကြောင်းနှင့် ဖော်ပြပါ တိုက်ပွဲရှောင်ရောက်ရှိလာကြသောတိုင်းရင်း သား ပြည်သူများကို နေ့စဥ် မနက်စာ၊ နေ့လည်စာ၊ ညနေစာ စားရေးနေရေး ကိစ္စအလုံးစုံကို သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက် ဆရာတော်ကြီး က အစစအရာရာ စီမံကျွေးမွေးလျှက်ရှိကြောင်း၊ အဆိုပါ စစ်ဘေးရှောင်စခန်းအတွင် လားရှ်ိုးမြို့ခံ အလှူရှင် ပြည်သူများကလည်း နေ့စဥ်ဆိုသလို ဆရာတော်ကြီး သီလဂုဏ် သမာတိဂုဏ် ပညာဂုဏ်တို့အပေါ် ​လေးစားကြည်ညို သဒါတရားပိုလို့ လာရောက်လို့ လှူဒါန်းနေကြသော အလှူရှင်များ အမည်နှင့် လှူဒါန်းမှုအစုစုတို့ကို ​ကြေညာ လျှက်ရှိနေသည်ဖြစ်လို့ အလှူရှင်တွေ တော်တော့လေး ကို အလေးနက်ထား အဓိကထားလို့ လာရောက်ကာ လှူဒါန်းမှုပြုလုပ်နေကြသည့် ဗုဒ္ဓဘာသာ တိုင်းရင်းသားမြန်မာနိုင်ငံသားတို့၏ စေတနာ ဒသာတရားကို အထူးလေးစားမိရပါ​ကြောင်း ဤနေရာ၌ မှတ်တမ်းပြု ဖော်ပြအပ်ပါသည်။


လားရှိုးမြို့ပေါ်ရှိ အခြားသော ပရိယတ္တိ ကျောင်းတိုက်များ၊ ပရိပတ္တိ ကျောင်းတိုက်များ၌လည်း အလားတူ စစ်ဘေးရှောင်ပြည်သူများ ရောက်ရှိလျှက်ရှိကြကြောင်းနှင့် လားရှိုးမြို့ပေါ်၌ စစ်ဘေးရှောင်စခန်း ၁၀ ခုခန့် ဖွင့်လှစ်ထားလျှက်ရှိကြောင်း၊ နှစ်ခြင်းခရိယန်ဘုရားကျောင်းများ၊ ကာသိုလ်လိပ် ခရိယန် သာသနာကျောင်းတွေမှာလည်း ၄င်း ဘာသာဝင် စစ်ဘေးရှောင်တို့ ခ်ိုလုံလျှက်ရှ်ိနေကြကြောင်း နှင့် လားရှိုးမြို့ပေါ်ရှိ စစ်ဘေးရှောင် ပြည်သူ တစ်သောင်းကျော်ခဲ့ပြီး နှစ်သောင်းခန့် ကို ရောက်ရှိနေပြီဖြစ်ကြောင်း ပရဟိတ္တ အသင်းအဖွဲ့တခု၏ တာဝန်ခံ တဦးက သူကိုယ်တိုင် စာရင်းများကို ၂၇ ရက်နေ့ကစလို့ စုစည်းပြုလုပ်ထားသည့် စစ်ဘေးရှောင်ပြည်သူများ အရေအတွက်အား ပြောပြခဲ့ပါသည်။


သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များနှင့် ကလေးသူငယ်များအတွက် ယခု ရာသီဥတုအအေးဒါဏ်မှာ မြင့်တက်လညသည့် ဆောင်းရာသီသို့ ဝင်ရောက်လာပြီဖြစ်သောကြောင့် အနွေးထည်တွေ အင်္ကျီထူတွေ အိမ်ယာလိပ်၊ စောင်တွေ လိုအပ်လျှက်ရှိနေကြကြောင်း စခန်းတညဝန်ရှိသူတဦးက ဆိုပါသည်။


အနွေးထည်တွေ ကလေးအဝတ်အထည်တွေကို အခုလို စစ်ဘေးရှောင်စခန်းတွေကိုလာရောက်လို့ ပေးကန်းလှူဒါန်းပေးကြဖို့ကိုလည်း စခန်းတွေအားလုံးနီးပါးက စခန်းတာဝန်ရှိသူတွေက လားရှိုးမီဒီယာဂရုကို ပြောကြားခဲ့ပါသည်။