" နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ (၁၀)ကြိမ်မြောက် ပေကျင်း ရှန်ကျန်းဖိုရမ်သို့ တက်ရောက်ခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံမှပြန်လည်ရောက်ရှိ"
ရန်ကုန် - နိုဝင်ဘာ (၁)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယ
ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန
ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း
ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်
သူ့ တပ်မတော်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့
သမ္မတနိုင်ငံ ပေကျင်းမြို့၌ကျင်းပသည့် (၁၀)ကြိမ်
မြောက် ပေကျင်း ရှန်ကျန်းဖိုရမ်(10th Beijing
Xiangshan Forum)သို့ တက်ရောက်ခဲ့ပြီး ယနေ့ည
ပိုင်းတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ လေကြောင်း
ခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယ
ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး
တင်အောင်စန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့
အား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်း
စစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်
သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများနှင့် တပ်မတော်
အရာရှိကြီးများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ
လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း
သိရသည်။
Source : ဝန်းရံခ ( MWD Web portal)
