လားရှိုးမြို့ - အောက်တိုဘာ (၂၆)
အောက်တိုဘာလ ၂၄ ရက်နေ့ ည ၈း၃၀ အချိန်၌မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ လားရှိုးမြို့၊ ရပ်ကွက်(၁)နေ မနန်းမွေအေး ၏နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းနှင့်အတူ မနန်းဖြုဖြူအေး(ခ)နောင့်လောဝ် အားတွေ့ရှိပြီး နေအိမ်အတွင်းမှ စိတ်ပြောင်းဆေးဝါး(Happy Water) အလေးချိန် ၃ ကီလို(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁၅၀၀)နှင့် လက် ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မနန်းမွေအေး(၃၂)နှစ် နှင့် မနန်းဖြုဖြူအေး (ခ)နောင့်လောဝ်(၁၉)နှစ်တို့အား လားရှိုးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR ၏ သတင်းဖော်ပြချက်အရ သိရသည်။
Source: CCDAC MYANMAR
