"ကမ္ဘာ့ ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကို လားရှိုးမြို့ အထက ၆ ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့"

လားရှိုးမြို့ - အောက်တိုဘာ ၅ ရက်။


ကမ္ဘာ့ ဆရာများနေ့အထိမ်းအမှတ်မြတ်ဆရာ ပူဇော်ပွဲအခမ်းအနားကို အောက်တိုဘာ ၅ ရက်၊ နံနက် ၉း၀၀ အချိန်တွင် လားရှိုးမြို့၊ အထက ၆ ကျောင်း ခန်းမဆောင်၌ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာ ပူဇော်ပွဲ အခမ်းအနားအစီအစဥ် အရ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့သည့် ကမ္ဘာ့ဆရာ များနေ့အထိမ်းအမှတ်သဝဏ်လွှာ ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးမျိုးကျော်က ဖတ်ကြားခဲ့သည်.။

ဆက်လက်၍ ကမ္ဘာ့ကုလသမဂ္ဂလက် အောက်ခံ အဖွဲ့(၅)ဖွဲ့၏ခေါင်းဆောင်များက ပေးပို့သော စုပေါင်း သဝဏ်လွှာအား ပြည်နယ်ပညာရေးမှူးရုံး(ရုံးခွဲ) ဒု ညွှန်ကြားရေး မှူး ဦးခင်မောင်ဌေး ကဖတ်ကြားခဲ့ပြီးကမ္ဘာ့ ဆရာများနေ့အထိမ်း အမှတ် စာစီစာကုံး နှင့်ကဗျာပြိုင်ပွဲ ဆုရရှိကြသည့် ကျောင်းသား ကျောင်းသူ လေးများ၊ကမ္ဘာဆရာများနေ့ အခမ်းအနား၌ ကမ္ဘာဆရာများကို ဂုဏ်ပြု တေးသီချင်းများအား သီဆိုဖျော်ဖြေ ပေး သောဆရာဆရာမများနှင့်တီးခတ်ပေးကြ သော ကျောင်းသား ကျောင်းသူလေးများကို ပြည်နယ်အုပ်ချုပ်ရေးမှူးက ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက်တွင် အသက် ၆၅ နှစ်အထက် အခြေ ခံပညာကျောင်းများမှတာဝန်ထမ်းဆောင်ခဲ့ ကြသည့် ဆရာကြီးများ၊ ဆရာမကြီးများကို အခမ်းအနားတက်ရောက်လာကြသူများက ပူဇော်ကန်တော့ ခဲ့ကြကြောင်း သိရှိရသည်.။



Source: Ko Nyan Htun