"နိုင်ငံသာစီစစ်ရေးကတ်ပြား ကိုင်ဆောင်သူတိုင်းကို တရုတ်နိုင်ငံ သို့ ၆ ညအိပ် ၇ ရက် သက်တမ်းရှိတရုတ်နိုင်ငံတွင်း ဝင်ရောက်သွားလာခွင့် ကတ်ပြား ခုလ ၄ ရက်နေ့က စတင်ထုတ်ပေးခဲ့"

မူဆယ် - စက်တင်ဘာ ၆ ရက်။

မြန်မာနိုင်ငံသားတိုင်း တရုတ်နိုင်ငံ သို့ နှစ်နိုင်ငံ တရားဝင်နယ်စပ်ဝင် ထွက် နန်းတော် ဂိတ်မှ သပ်မှတ် ၆ ညအိပ် ၊ ၇ ရက် သက်တမ်းရှိသော တရုတ်နိုင်ငံ ဂျေခေါင်၊ ရွှေလီ၊ မန်စီ၊ မှန်တံတား အစ ရှိတဲ့ တရုတ်နိုင်ငံထဲကို သွားရောက်လည်ပတ်လို့ ရနေပြီ ဖြစ်ကြောင်း ဒေသခံ သတင်းထောက်အချို့က သူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွေက ရေးသားဖော်ပြလျှက်ရှိသလို မူဆယ် ဘက်ကနေ တရုတ်ပြည်ထဲ ဝင်ခွင့် ကတ်ရဖို့ စောင့်နေရတဲ့ လူတွေ သောင်းဂဏန်းလောက်ရှိနေပြီး ညတညလုံး အခုလိုတန်းစီ စောင့်ဆိုင်းကာ တရုတ်နိုင်ငံသို့ ဝင်ခွင့် ရရှ်ိမည့် အစိမ်းရောက် ကတ်ပြားကို ရရှိဖို့ တန်စီနေကြတာဖြစ်ကြောင်း အနီးနား စားသောက်ဆိုင်ပိုင်ရှင်တဦးက ပြောပြခဲ့တာပါ။

တရုတ်နိုင်ငံနယ်စပ်မြို့တွေကိုသာ သွားရောက်ခွင့် ၆ ညအိမ်ရတဲ့ အစိမ်းရောင်ကတ်ကို မြန်မာဘက်က မကဖ ဌာနက ထုတ်ပေးတာဖြစ်ပြီး ကျပ် ၂၀၀၀ ပေးရကြောင်း ဝင်ခွင့်ကတ်ရပြီးသူတဦးက လားရှိုးမီဒီယာဂရုကို ပြောပြခဲ့ပါသည်။

ရန်ကုန်- မန္တလေး- လားရှိုး - တရုတ်နိုင်ငံ မန်စီ မြို့တွေကို ပြေးဆွဲပေးနေတဲ့ MNA မြန်မာ့လေကြောင်း လေယာဉ်ကလည်း တပတ်ကို ၂ ရက် ပျံသန်းပြေးဆွဲပေးနေကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ ကိုဗစ် ၁၉ စဖြစ်ထဲက မြန်မာ တရုတ် နှစ်နိုင်ငံ ဝင်ထွက် ခွင့်တွေ စပိတ်ခဲ့တာဟာ အခုမှ ပြန်လည်လို့ ဝင်ထွက်သွားလာခွင့် တရားဝင် ပြန်လည်ခွင့်ပြုပေးခဲ့တာဖြစ်ကြောင်း ၊ ကျန်းမာရေး စစ်ဆေးချက်တွေလည မလိုတော့ကြောင်း၊ မြန်မာဘက်က တရုတ်ပြည်ထဲကို အလုပ်သွားလုပ်ကြမည့် လူငယ်တွေလည်း အရေအတွက် သောင်းနဲ့ ချီလို့ တရက်တရက် ရှိနေကြကြောင်း ဒေသခံ တဦးက ပြောပါသည်။

တရုတ်နိုင်ငံတွင်းရှ်ိ အလုပ်ရုံတွေမှာလည်း အလုပ်သမား အခက်အခဲတွေ ရင်ဆိုင်နေကြရပြီး အခုလို တရားဝင်း မြန်မာ တရုတ် ဝင်ထွက်ခွင်တွေကို ကတ်ပြားအစိမ်းထုတ်ပေးပြီး စက်တင်ဘာ ၄ ရက်နေ့ မွန်းတက် ချိန်ကစလို့ ခွင့်ပြု ကတ်ပြားတွေ ထုတ်ပေးခဲ့တာဖြစ်ကြောင်း သိရှိရသည်။



လင်းလင်း (လားရှိုး)