"လားရှိုးမြို့အဝင်ကရန်တိုင်းအောင်ဆု တောင်းပြည့်မြို့ဦးစေတီတော်မြတ်ကြီး တတိယအကြိမ်လုံးတော်ပြည့်ရွှေ သင်္ကန်းကပ်လှုမည်"

လားရှိုးမြို့- စက်တင်ဘာ ၁၉ ရက်။            


ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့အဝင်ရှိ ရန်တိုင်းအောင်ဆုတောင်းပြည့်မြို့ဦးစေတီတော်ကြီးတတိယအကြိမ်လုံးတော်ပြည့်ရွှေသက်န်းကပ်လှုမည်ဟု‌သိရပါသည်။

ရန်တိုင်းအောင်ဆု‌တောင်းပြည့်မြို့ဦးစေတီတော်မြတ်ကြီးကို လုံးတော်ပြည့်ရွှေသင်္ကန်း   ကပ်လှုပူဇော်နိုင်ရန် စီစဉ်ဆောင်ရွက်နေပြီဖြစ်သည်ဟုစေတီတော်ကြီးဘဏ္ဍာထိန်းဂေါပကအဖွဲ့ထံမှသိရပါသည်။


စေတီတော်မြတ်ကြီးလုံးတော်ပြည့်ရွှေသက်န်းကပ်လှုနိုင်ဖိုအတွက် ၂၀၂၃ ခုနှစ် ဩဂုတ် ၂၇ ရက်နေ့၌ စေတီတော်ကြီးရဲ့ ဩဝါဒ စရိယ ဆရာ‌တော်ကြီး (၁၁)ပါး ထံတင်ပြ‌လျှောက်ထားပြီးဩဝါဒ ခံယူခဲ့ပြီးပါပြီဟု စေတီတော်ကြီး ဘဏ္ဍာထိန်း ဂေါပကအဖွဲ့ ဥကဌဦးစိန်ထွန်း ကပြောဆိုသည်။

စေတီတော်ကြီးလုံးတော်ပြည့်‌ ရွှေသင်္ကန်းကပ်လှုဖို့ လုပ်ငန်းစီမံချက်များ ရေးဆွဲဆောင်ရွက်နေပြီဖြစ်ကြောင်း ၂၀၂၃ ခုနှစ်နိုဝင်ဘာလမှလုပ်ငန်းစတင်တော့မှာဖြစ်ပြီး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်၊(ကောဇာသက်ကရာဇ် ၁၃၈၇ ခု တပေါင်းလပြည့်နေ့) တွင်စိန်ဖူးတော် ငှက်မြတ်နားတော်များအထွဋ်တင်မဟာ မင်္ဂလာအခန်းအနားဖြင့်လုပ်ဆောင် ပူ‌ဇော်မည်ဟု စေတီတော်ကြီး ဘဏ္ဍာ ထိန်း ဂေါပကအဖွဲ့ ဥကဌ ဦးစိန်ထွန်း က ဆက်ပြောသည်။

လားရှိုးမြို့အဝင်ရှိ ရန်တိုင်းအောင် ဆုတောင်းပြည့် မြို့ဦးစေတီတော်မြတ်ကြီးသည် ၂၀၀၆ ခုနှစ်၊ မတ် ၁၉ ရက်ကောဇာသကရာဇ် ၁၃၆၇ခုနှစ်တပေါင်း လပြည့်ကျော် ၆ ရက်၌ ရွှေထီးတော်တင်မဟာမင်္ဂလာ အခန်းအနားကျင်းပကာ တည်ထားကိုးကွယ်ခဲ့တာဖြစ်ပြီး(၁၀-၁၂-၂၀၁၅)ရက်နေ့တွင်ပထမအကြိမ်လုံးတော်ပြည့်‌ရွှေသင်္ကန်းကပ်လှုခြင်းဘက်စုံပြုပြင်ခြင်းဗုဒ္ဓဘိသေကမင်္ဂလာအခန်းအနားများပြုလုပ်ခဲ့သည်ဟုသိရပါသည်။


စေတီတော်မြတ်ကြီးကိုဒုတိယအကြိမ် လုံးတော်ပြည့်ရွှေသက်န်းကပ်လှုခြင်းကို(၅-၄-၂၀၂၀) နေ့တွင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟုသိရပါသည်။


လက်ရှိအချိန်တွင်လားရှိုးမြို့ဝင်ရှိမြို့ဦး ရန်တိုင်းအောင်ဆုတောင်းပြည့်မြို့ဦးစေတီတော်မြတ်ကြီး ပရဝုဏ်အတွင် းရပ်တော်မူ ဗုဒ္ဓဆင်းတုတော်မြတ်ကြီး လျောင်းတော်မူ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး၊ လေးမျက်နှာရပ်‌တော်မူဘုရားကြီး၊ နှစ်ကျိတ်ရှစ်ဆူဘုရား၊နဂါးရုံဘုရား ၃ ဆူနှင့် လက်ရှိတည် ဆောက်ဆဲ မဟာ ဗောဓိစေတီတော်ကြီး ပဉ္စဝဂီ ၅ ဦးကို ဓမ္မာစကြာတရားဟောကြား‌နေပုံ၊ မဟာအောင်မြေ၊ သုဓမ္မာ ဇရပ်၊‌မင်္ဂလာရေကန်တော် ၃ ကန်၊ဆင်စီးမြင်းရံဘုရားနှင့် တိုင်းရင်းသားများဆုံဆည်းရာနေရာ အပါအဝင်‌နေရာပေါင်း ၆၀ ကျော်နှင့် ဘုရားဖူးလာ မိဘပြည်သူအများအပန်းဖြေ နားနေရန် နေရာများကိုလည်း တည်ဆောက်ထားရှိပြီးဖြစ်သည်ဟု သိရသည်။


ကိုဗစ် ၁၉ ကာလလ မတိုင်မှီ၌ မြန်မာ ပြည်အရပ်ရပ် တိုင်းဒေသကြီး အသီး သီးမှဘုရားဖူးလာ မိဘပြည်သူအများ အုပ်စုလိုက် အဖွဲ့လိုက်သော်လည်းကောင်း ၊ တိုင်းရင်းသားမိဘပြည်သူများမှလည်း မိမိတို့နေထိုင်ကြသည့် ပြည်နယ် ဒေသ မြို့ရွာအသီးသီးမှ တိုင်းရင်းသား လူမျိုးပေါင်းစုံတို့မှ ဘုရားဖူးကုသိုလ်ပြုခြင်းလာရောက်ဖူးမျှော်ကြည်ညိုကြရာ နှစ်စဉ်လူပေါင်းသိန်းချီ လာရောက်ဖူးမျှော်ကြသည်ဟုလည်းသိရပါသည်။


လက်ရှိအချိန်တွင် နေ့ကြီးရက်မြတ် ရုံးပိတ်ကျောင်းပိတ်အားလပ်ရက်များ၊ လပြည့်‌၊လကွယ် ဥပုဒ်ရက်များတွင်လည်း မြို့ခံ မိဘပြည်သူအပေါင်းတို့မှဘုရားဖူးလာ‌ရောက်ကြသူအများ၊ လားရှိုးမြို့နယ်ရှိကျေးရွာအုပ်စု အသီး သီးမှ ဒေသခံမိဘပြည်သူများစည်ကားလှစွာ ဖြင့်လာရောက်ဖူးမျှော်ကြကြောင်းသိရှိရပါသည်။


သို့ဖြစ်၍ လားရှိုးမြို့ဝင်ရှိ မြို့ဦး ရန်တိုင်းအောင်ဆုတောင်းပြည့်စေတီတော် ကြီးသို့ လာရောက်ဖူးမျှော်ကြည်ညိုကြရင်း တတိယအကြိမ် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှု ပူဇော်ကုသိုလ်ပြုနိုင်ရန် ပါဝင်လှူဒါန်းနိုင်ပါကြောင်း စေတီတော်ကြီး၏ ဂေါပက မှ နှိုးဆော်ထားသည်ဟု သိရှိရသည်။


မမ (လားရှိုး)