"မြန်မာ - တရုတ် သွင်းကုန် ထုတ်ကုန် ကဏ္ဍ များကို အွန်လိုင်းစနစ်ဖြင့်သာ ပေးချေရပြီး တရုတ် နိုင်ငံမှ တင်သွင်းမည့် တွင်းကုန်များအပေါ်၌ ယွမ်‌ ငွေတမျိုးတည်းဖြင့်သာ ဝယ်ယူ တင်သွင်းခွင့်ပြု"

 မြန်မာ- တရုတ်


ပြီးခဲ့သည့် ဩဂုတ်လမှစတင်ကာ မြန်မာ တရုတ်နှစ်နိုင်ငံ သွင်းကုန်၊ ထုတ်ကုန် ကဏ္ဍ များ၌ မြန်မာပြည်တွင်းသို့ တင်သွင်းမည့် တရုတ်နိုင်ငံမှ ကုန်ပစ္စည်းများကို တရုတ်ယွမ်ငွေတမျိုးတည်းဖြင့်သာ ဝယ်ယူတင်သွင်း ခွင့်ရရှိသည်ဖြစ်ပြီး မြန်မာပြည်တွင်းသို့ သွင်းကုန်များကို တင်သွင်းမည့် ကုမ္ပဏီများအနေဖြင့် မိမိတို့ ထုတ်ကုန်ပစ္စည်းများမှ ရရှ်ိထားသည့် ယွမ်ငွေစာရင်းများမှဖြစ်စေ၊ ပြည်တွင်း မိမိတို့ ဘဏ်စာရင်းများရှိ ယွမ်ငွေစာရင်းများမှ ဖြစ်စေ ဘဏ်စာရင်းရှင်းတမ်းများဖြင့် ယှဉ်တွဲကာ တွင်းကုန်တင်သွင်းခွင့် လျှောက်ထားကြရသည်ဖြစ်ပြီး အဆိုပါ ထုတ်ကုန်များ၊ သွင်းကုန်များအားလုံးအတွက် အွန်လိုင်းစနစ်ဖြင့်သာ ငွေစာရင်းများ  ပေးချေရသည်ဖြစ်ကြောင်း နှင့်လက်ရှ်ိတွင်သွင်းကုန်များအဖြစ်  ခွင့်ပြု
သည့် ကုန်ပစ္စည်းအမျိုးအစားများမှာ သံ၊သံမဏိ၊ ယာဉ် နှင့် ရန္တယားအပိုစက်ပစ္စည်းများ၊ ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ကော်စေ့ နှင့် ဆိုလာလျှပ်စစ် ပစ္စည်းများကို သာတင်သွင်းခွင့်ပြုထားကြောင်း၊ မြန်မာ- တရုတ် နယ်စပ်ကုန်သွယ်ရေး ဆောင်ရွက်လျက်ရှိသူ တဦး၏ ပြောပြချက်အရ သိရှိရပါသည်။

နယ်စပ် ငွေလှဲလှယ်သော အလုပ်လုပ်နေသူများကို ငွေလှဲလှယ်မှု များအပေါ် မေးမြန်းစုံစမ်းမှုပြုခဲ့ရာတွင် မြန်မာငွေဈေးနှုန်း တန်ဖိုးကျနေပြီး တရုတ်ယွမ်ဈေး မြင့်တက်လျှက်ရှိကြောင်း၊ ကျပ် နှစ်သောင်းတန်ငွေစက္ကူ အသစ်ထုတ်မည့် သတင်းများထွက်ပေါ်လာထဲက ငွေဈေးတွေက ပုံမှန်မဟုတ်တဲ့ အတက်အကျတွေဖြစ်ခဲ့ပြီး ကောလာဟာလ သတင်းတွေ၊ မမှန်သတင်းတွေအမျိုးမျိုး လူမှုကွန်ယက်မှာ ထွက်ပေါ်နေတဲ့ သတင်းတွေအပေါ် အကြောင်းပြုလို့ နယ်စပ် မြန်မာ တရုတ်ငွေလှဲလှယ်‌ ဈေးနှုန်းတွေလည်း ပုံမှန်မဟုတ်တဲ့ ငွေဈေးတွေ အတက် အကျများနေပြီး ယွမ်ပေး ကျပ်ယူဘဲ လှဲလို့ရတယ်.. ,ကျပ်ပေးယွမ်ယူ ဆိုရင် မလှဲပေးကြဘူး ဆိုတဲ့သတင်းတွေကအစ ထွက်ပေါ်နေခဲ့ကြောင်း၊လက်တွေ့လည်း အဲ့လို ငွေလှဲလှယ်သူအချို့က လုပ်နေကြကြောင်း၊ အခုလို မမှန်သတင်းတွေကြောင့် ကျပ်ပေး ယွမ် ယူလိုသူတွေကို ငွေမလှဲပေးဘူး ဆိုလို့လည်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး နဲ့ပတ်သက်လို့သွင်းကုန်၊ ထုတ်ကုန် ကဏ္ဍတွေကို သွားပြီး ထိခိုက်စရာ တစုံတရာမဖြစ်နိုင်ဘူး.. မရှိနိုင်ဘူး ဆိုတာကို အခုလို ငွေဈေးတွေ အမျိုးမျိုး ဖြစ်အောင် ဖန်တီးလုပ်ဆောင်နေကြသူတွေ သိရှိနားလည်ထားဖို့ ကောင်းပါတယ်..  ပြည်တွင်းကို တင်သွင်းတဲ့ တရုတ်နိုင်ငံထုတ် ပစ္စည်းတွေကို ယွမ်တမျိုးထဲနဲ့သာ ဝယ်ယူတင်သွင်းခွင့်ပြုနေတယ် ဆိုတာက ပြည်တွင်း ဘဏ်တွေရဲ့ ငွေစာရင်းအရ ယွမ်ငွေစာရင်းတွေ၊ ထုတ်ကုန်ပစ္စည်းအပေါ်က ရရှိတဲ့ ယွမ်ငွေစာရင်းတွေအရ တွင်းကုန် တင်သွင်းခွင့် လျှောက်ထားသူတွေကို စနစ်တကျ စစ်ဆေးခွင့်ပြုချထားပေးတာဖြစ်ပြီး အဆိုပါ ငွေစာရင်းများအပေါ် အွန်လိုင်းစနစ်နဲ့သာ တင်သွင်းမည့် ကုန်ပစ္စည်းများအတွက် တန်ဖိုးကျသင့်ငွေ ပေးချေနေရတာဖြစ်လို့ ဘယ်ကုန်သည်ကဖြစ်စေ၊ ဘယ် သွင်းကုန် ပစ္စည်းတင်သွင်းမည့် ကုမ္ပဏီ တွေကဖြစ်စေ နယ်စပ်မှာ ဘယ်သူမှ ငွေလာမလှဲကြဘူး ဆိုတာကို သဘောပေါက်ထားရမှာ ဟု ပင် မြန်မာတရုတ် ငွေကြေး လှဲလှယ်ခြင်းနှင့်ပတ်သက်ပြီး ကောလာဟာလ သတင်းတွေ မမှန်သတင်းတွေကြောင့် ငွေလှဲလှယ်ဈေးတွေ ပုံမှန်မဟုတ်တဲ့ အတက်အကျ ဖြစ်ပေါ်နေမှုတွေအပေါ်ကို နယ်စပ်ဒေသမှ စီးပွားရေးလုပ်ငန်းရှင် တဦးက ဝေဖန်ပြောဆိုခဲ့ခြင်းဖြစ်ပါသည်။


ပြီးခဲ့သည့် ဩဂုတ်လအတွင်း တရုတ်နိုင်ငံ ကူမင်းမြို့၌ ပြုလုပ်ခဲ့သည့် တရုတ် - တောင်အာရှ နိုင်ငံများ ၇ ကြိမ်မြောက် ကုန်စည်ပြပွဲတွင်လည်း မြန်မာနိုင်ငံမှ ကုမ္ပဏီများ ပါဝင်ကာ ကုန်စည်ပြသခဲ့ကြကြောင်း၊  စုစုပေါင်း မြန်မာနိုင်ငံမှ ၃၆ ခန်းပါဝင် ပြသခဲ့ကြောင်း သိရှိရပါသည်။

၂၇ ကြိမ်မြောက် တရုတ် - အာရှ နိုင်ငံများ ပို့ကုန်၊ သွင်းကုန်များဆိုင်ရာကုန်စည်ပြပွဲ၌ လည်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံနှင့် သွင်းကုန်၊ ထုတ်ကုန်များ ပြုလုပ်လျှင်ရှိသည့် မြန်မာ ကုမ္ပဏီများလည်း ပြခန်းများပါဝင်ပြသခဲ့ကြကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံတွင်း၌ တရုတ်နိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှု US ဒေါ်လာ ၂၁.၈၀၃ ဘီလျံ ရှိကြောင်းနှင့် လျှပ်စစ်ကဏ္ဍများ၌ ရင်းနှီးမြှုပ်နှံလုပ်ကိုင်လျှက်ရှ်ိသည်မှာ ရာခိုင်နှုန်းအားဖြင့် အများဆုံးဖြစ်ကြောင်း၊ လက်ရှိ တွင် မြန်မာနိုင်ငံတွင်း ပြည်ပနိုင်ငံများ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတွင် တရုတ်နိုင်ငံတခုတည်း၏ ရင်းနှီးမြှပ်နှံမှု ပမာဏမှာ ၂၃.၅ % ရာခိုင်နှုန်းထိ ရှိ‌နေပြီး လျှပ်စစ်ကဏ္ဍ များ၌ အများဆုံး လုပ်ကိုင်လျှက်ရှိကြောင်း မြန်မာ နိုင်ငံ၏ နိုင်ငံပိုင် သတင်းဌာန MRTV Website သတင်းစာမျက်နှာများအတွင်း ဖော်ပြထား‌သည့် အချက်အလက် သတင်းအရင်းအမြစ် အရ သိရှိရသည်။


လင်းလင်း (လားရှိုး)