"ဓမ္မဒါနအဖြစ်လှုဒါန်းသည့်မာရ၀ိဇယဗုဒ္ဓရုပ်ပွါးတော်များတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စားအရှေ့ မြောက်တိုင်းစစ်ဌာန ချုပ်တိုင်းမှူးကကိုယ်စားဆက်ကပ်"

ဩဂုတ်လ(၂၇)ရက်။  

ပြည်ထောင်စုနယ်မြေနေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိဗုဒ္ဓဥယျာဥ်တော် ၀တ္ထုကံတော်အတွင်းတည်ထားပူဇော်အောင်မြင်ခဲ့သည့်မာရ၀ိဇယဗုဒ္ဓ ရုပ်ပွါးတော်မြတ်ကြီးထုဆစ်ရာမှကျန်ရှိသောစကျင်ကျောက်များကိုပုံစံတူဆင်းတု တော်များထုဆစ်ခဲ့သည် အဆိုပါထုဆစ် ခဲ့သည့်မာရ၀ိဇယဗုဒ္ဓရုပ်ပွါးတော်များကို ဦးဆောင်ဘုရားဒကာကြီးဖြစ်သည့်နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ နိုင်ငံတော်၀န်ကြီးချုပ် တပ်မ တော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က နိုင်ငံတော်သံဃနာယကအဖွဲ့၀င်ဆရာ တော် များကိုဓမ္မဒါနအဖြစ်လှုဒါန်းသည်ဟုသိရပါသည်။


ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းမှနိုင်ငံတော်သံဃနာယကဆရာတော်ကြီး၅ပါးအတွက်ဓမ္မဒါနအဖြစ်မာရ၀ိဇယဗုဒ္ဓရုပ်ပွါးတော်မြတ်များကိုတပ်မ တော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စားလားရှိုးမြို့အရှေ့မြောက်တိုင်းစစ်ဌာန ချုပ်တိုင်းမှူးဗိုလ်ချုပ်နိုင်နိုင်ဦးက ၂၀၂၃ ခုနှစ်သြ၈ုတ်လ၂၇၇က်နေ့နံနက် ပိုင်းက နိုင်ငံတော်သံဃနာယကဆရာ တော်ကြီးများထံဆက်ကပ်ခဲ့ပူဇော် ခဲ့သည်ဟုသိရပါသည်။

မာရ၀ိဇယဗုဒ္ဓရုပ်ပွါးတော်မြတ်ကြီးသည်မြန်မာသက္ကရာဇ်၁၃၈၅ခုဒုတိယပ၀ါဆိုလပြည့်နေ့ (၁- ၈ -၂၀၂၃)ရက်နေ့တွင်ပြည်တွင်းပြည်ပဗုဒ္ဓဘာသာ ၉ နိုင်ငံမှဆရာတော်သံဃာတောအပါး၉၀၀ဖြင့်ဗုဒ္ဓဘိသေအနေကဇာတင်၍ဗုဒ္ဓါဘိသိက်သွန်းလောင်းပူဇော်ထားပြီးဖြစ်သည်။


မမ(လားရှိုး)