"ရွှေစာရံ ပင်မဓါတ်အားခဲရုံ အဝင်တွင် 230 KV Switch Bay များကို ပြောင်းရွှေ့တပ်စဉ်ခြင်းများဆောင်ရွက်မည်ဖြစ်သောကြောင့် လျှပ်စစ်မီး ပြတ်တောက်နိုင်သည့် မြို့နယ်များသို့ အချိန်နှင့်တနေ့ရက်တို့ကို အသိပေး‌ဖော်ပြ"

လားရှိုးမြို့- ဩဂုတ် ၁၀ ရက်။

ရွှေစာရံ ပင်မဓါတ်အားခဲရုံ အဝင်တွင် 230 KV Switch Bay များကို ပြောင်းရွှေ့တပ်စဉ်ခြင်းများနှင့် 230 ကေဗွီဓါတ်အားလိုင်းများ အဝင်၊ အထွက်များ Diversion လိုင်းတည်ဆောက်ခြင်းလုပ်ငန်းများ ‌ဆောင်ရွက်နိုင်ရန် 230 ကေဗွီ မန်စံ ရွှေစာရံ ဓါတ်အားလိုင်အား ၂၀-၈-၂၀၂၃ နေ့ တနင်္ဂနွေနေ့တွင်လည်းကောင်း၊ 230 ကေဗွီ ရွှေစာရံ ဘဲလင်းလိုင်းအား ၂‌၅-၈-၂၀၂၃ နေ့ သောကြာနေ့တွင်လည်းကောင်း ၊ နံနက် ၆း၀၀ အချိန်မှ ၁၉း၀၀ အချိန်အထိ ဓါတ်အားများပိတ်၍ လုပ်ငန်းများဆောင်ရွက်နေစဉ်၌ လားရှိုးမြို့နှင့် သိန္နီမြို့တို့တွင် ဓါတ်အားနိုင်နှင်းမှုအခြေအနေအရဓါတ်အားပြတ်တောက်မှုများကြုံတွေ့နိုင်ကြောင်း ရည်ညွှန်းပါ စာများဖြင့် အကြောင်း ကြားလာမှုများအရ လိပ်မူပါ ရှိသော လားရှိုးမြို့နယ်နှင့် သိန္နီမြို့နယ်များတွင် လျှပ်စစ်ဓါတ်အားပြတ်တောက်နိုင်ပါကြောင်း သိရှိရန် ထပ်ဆင့်အသိပေး အကြောင်းပြားလာမှုများအရ သိရှိရပါသည်။


သို့ဖြစ်၍ နေ့ရက်နှင့် အချိန်နာရီများအလိုက် ကြိုတင်၍ တိကျစွာဖော်ပြထားခြင်းဖြစ်သလို လျှပ်စစ်ဓါတ်အားပြတ်တောက်မှုများကြုံတွေ့နိုင်ကြောင်း မိဘပြည်သူတို့ သိရှိထားကာ လိုအပ်သော ဆောင်ရွက်မှုများကို လျှပ်စစ်မီး အချိန်ပိုင်း ပြတ်တောက်ချိန်မျာအတွင်း အဆင်မပြေမှုများ မဖြစ်ကြစေရန်အတွက် အသိပေး သတင်းထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သိရသည်။


လင်းလင်း (လားရှိုး)