"Gold Luck Co.,ltd ရွှေကံကုမ္ပဏီလီမီတက်မှ တည်ဆောက် တပ်စဉ်ပြီးစီးသော နေရောင်ခြည်စွမ်းအင်သုံး ဗို့အားမြင့် ဆိုလာစနစ် လျှပ်စစ်ဓါတ်အား ကေဗွီ ၁၂၀ ထုတ်စက်ရုံ စတင်ဖွင့်လှစ်ခြင်း အခမ်း အနားကျင်းပပြုလုပ်"
လားရှိုးမြို့- ဇူလိုင် ၂၈ ရက်။
လားရှိူးမြို့တွင် ယနေ့နံနက် ၁ဝး၀၀ အချိန်က Gold Luck Co.,ltd ရွှေကံကုမ္ပဏီလီမီတက်မှ တည်ဆောက် တပ်စဉ်ပြီးစီးသော နေရောင်ခြည်စွမ်းအင်သုံး ဗို့အားမြင့် ဆိုလာစနစ် လျှပ်စစ်ဓါတ်အား ကေဗွီ ၁၂၀ ထုတ်စက်ရုံ စတင်ဖွင့်လှစ်ခြင်း အခမ်း အနားကို လားရှိုးမြို့ ၊ ရပ်ကွက် ၁၁ ရှိ Lashio Water Boom တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဆိုလာ စနစ်ဖြင့် နေရောင် ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံဖွင့်ပွဲအခမ်းအနားကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှတိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး ၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျောကျော်ထွန်း ၊ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်း/မြောက်) ဥက္ကဌ ဦးမျိူးကျော် နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး စက်ရုံဖွင့်လှစ်ခြင်းဖဲကြိုးဖြတ်၍ အခမ်းအနားကိုစတင်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက်တွင် တိုင်းမှူး နှင့် တာဝန်ရှိသူများ၊ ဧည့်သည်တော်များက ယနေ့ဖွင့်လှစ်သည့် ဆိုလာစနစ်သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံသို့ ဝင်ရောက်ကြကာ စက်ရုံတွင်း စက်ပစ္စည်းများအဆင့်ဆင့်တို့ကို အမွေး နံ့ဿာရေ ပက်ဖြန်းပေးခဲ့ပြီး စက်ရုံတွင်း နည်းပညာမြင့် နေရောင် ခြည်စွမ်းအင်သုံး ဆိုလာစနစ် လျှပ်စစ်ဓါတ်အားထုတ်လုပ်မှုအဆင့်ဆင့်ကို MD ဦးရဲနိုင် နှင့်ဆိုလာ ပညာရှင် လျှပ်စစ်အင်ဂျင် နီယာ တို့က ဓါတ်အား အဆင့်ဆင့် ပြောင်းလွှဲ မြင့်တင် ထိမ်းချုပ်ခြင်း စက်များကို ရှင်းလင်းပြသခဲ့သည်။
ဆက်လက်၍ အခမ်း အစီအစဉ်များအရ အခမ်းအနားဒုတိယပိုင်း အစီအစဉ်များကိကျင်းပပြုလုပ်ခဲ့ရာရှေးဦးစွာ တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး နှင့် ရှမ်းမြောက် ဥက္ကဌ ဦးမျိူးကျော် တို့မှ နေရောင်ခြည် စွမ်းအင်သုံး နည်းပညာမြင့် လျှပ်စစ်ဓါတ်အား ကေဗွီ ၁၂၀ ထုတ် လျှပ်စစ်စွမ်းအင်ထုတ် စက်ရုံ ဖွင့်လှစ်နိုင်ခဲ့ခြင်း အပေါ် ဂုဏ်ပြုအမှာစကားများ အသီးသီးပြောကြားခဲ့ကြသည်။
ထိုနောက် Gold Luck ကုမ္ပဏီမှ ဆိုလပညာရှင် လျှပ်စစ်အင်ဂျင်နီယာ ဦးရဲဝင်းအောင် မှ နည်းပညာမြင့် ဆိုလာစနစ်အသုံးပြု လျှပ်စစ်ဓါတ်အား ဗို့အားမြင့် ထုတ်လုပ်အသုံးပြုခြင်း နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
ထိုသို့ ပြောကြားရာ၌ ပုဂ္ဂလိက လုပ်ငန်းရှင်များအနေဖြင့် ရေရှည်အားဖြင့် ဆိုလညစနစ်ကိုသာ ပြောင်းလဲအသုံးပြုကြရန် ၎င်းမှ တိုက်တွန်းပြောကြားခဲ့သလို ယခုလို မိမိတို့အနေဖြင့် ဆိုလာစနစ်ပြောင်းလဲ အစားထိုးအသုံးပြုခြင်းစတက်သည့် နေ့မှစ၍ပင် စက်သုံးဆီ ကုန်ကျခြင်းလုံးဝမရှိတော့သလို တလသာ ရက်သုံးဆယ်အတွက် ယခင် လျှပ်စစ်ဓါတ်အားလုံလောက်စွာအသုံးပြုနိုင်ရေးအတွက် စက်သုံးဆီကို သုံးစွဲရသည်ဖြစ်ရာ နေ့စဉ် ကုန်ကျသော ဆီဂါလံများအရ တလအတွက် တန်ဖိုး ကျပ်ငွေ သိန်း ၁၅၀ တိတိကို စက်သုံးဆီအသုံးပြုသည့်အတွက် ကုန်ကျမှုများမှာ လစဉ်ပုံမှန် ပင်ကုန်ကျခဲ့ခြင်းဖြစ်ပါကြောင်း၊ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ် ဖြင့် ဗို့အားမြင့် လျှပ်စစ်ဓါတ်အားထုတ်လုပ် ချိတ်ဆက်အသုံးပြုနိုင်ခဲ့ပြီး လက်ရှိ စက်သုံးဆီကိုအသုံးပြုသော မီးစက်များကို လုံးဝကို ရပ်နားထားလိုက်ရပြီဖြစ်သလို စက်သုံးဆီ ပုံမှန် ကုန်ကျစာရိတ်များသည်လည်း သိသိသာသာ သက်သာခဲ့ကြောင်း ၊ သို့ဖြစ်၍ ရေရှည်အားဖြင့် ဆိုလာစနစ်ကို ပြောင်းလဲအသုံးပြုခြင်းသည် အသင့်မြတ်ဆုံးသော ရွေးချယ်မှုတခုဟု ဆိုလိုပါကြောင်း ၎င်းမှ တိုက်တွန်းပြောကြားခဲ့သည်။
ယခု Gold Luck Co.,ltd မှ ယနေ့ ဖွင့်လှစ်ခဲ့သည့် ဆိုလာစနစ်သုံး ဗို့အားမြင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်ခဲ့သည့် အပေါ်တွင် အသုံးပြုသည့် နည်းပညာမြင့် ဆိုလာပြားမှာ TongWei တံစိပ် ဆိုလာပြားများဖြစ်ပြီး 550W အားဖြစ် ကြောင်း၊ ကေဗွီ ၁၂၀ ထုတ်လုပ်နိုင်ရန်အတွက် စုစုပေါင်း ဆိုလာပြား အချပ် ရေ ၃၅၀ တပ်စဉ်ချိတ်ဆက်အသုံးပြုထားခြင်းဖြစ် ကြောင်း၊ ATESS တံစိပ် ဗို့အားမြင့် အင်ဝါတာ တို့ဖြင့် ယှဉ်တွဲချိတ်ဆက်သည့် နည်းပညာမြင့် ဆက်စပ် လျှပ်စစ်ပစ္စည်းများကို သပ်မှတ် ဗို့အားအတိုင်းအတာနှင့် ဘက်ထရီအင်ပီယာ မြင့်သည့် ဆိုလာစနစ်သုံးအတွက် သီးသန့် ထုတ်လုပ်ထားသည့် ဘက်ထရီများကို တွက်ဘက်အသုံးပြုခြင်းဖြစ်ပြီး ထိုဘက်ထရီမှာ ၅ နှစ်အာမခံပါရှိ ကြောင်း၊ ဆိုလာပြားများမှာ နှစ် ၃၀ အာမခံ ပါရှိသည့် နည်းပညာမြင့် ပစ္စည်းများဖြစ်ကြာင်း သိရှိရသည်။
စက်ရုံဖွင့်ပွဲအထိမ်းအမှတ် အဖြစ် Gold Luck ကုမ္ပဏီမှ အောက်စီဂျင် အသက်ရှုစက် အလုံး ၁၀၀ ကို ရှမ်းမြောက်ဒေသခံပြည်သူများ၏ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုအတွက် လိုအပ်သည့် ဒေသများရှိ ဆေးရုံ၊ တိုက်နယ်ဆေးရုံ၊ ကျေးလက်ကျန်းမာရေးဆေးခန်းများ၌ဖြစ်စေ အသုံးပြုနိုင်ရန်အတွက် ပေးအပ်လှူဒါန်းခဲ့ကြောင်း ၊ ယခုသတင်းပတ်အတွင်း၌ပင် ထပ်မံ၍ အသက်ရှူစက် အလုံး ၁၀၀ ကို ဆက်လက်လှူဒါန်းသွားရန် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။
ထို့နောက်တွင် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ အထူးဧည့်သည်တော်များမှ လားရှိုးဝါးတားဘွန်း အတွင်းသို့ လှည့်လည်ကြည့်ရှုခဲ့ကြကာ တိုင်းရင်းသားစာပေနှင့်ယာဥ်ကျေးမှု့အဖွဲ့များနှင့် တိုင်းရင်းသား ရိုးရာအကအဖွဲ့များ ကို ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြပြီး တိုင်းမှူးနှင့် တပ်ဘက်နယ်ဘက် အကြီးအကဲများ ၊ တာဝန်ရှိသူများ၊ အထူးဧည့်သည်တော်များကို နေ့လည်စာဖြင့်တည်ခင်း ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရှိရသလိုတေးဂီတ သီဆိုဖျှော်ဖြေခြင်းအစီအအစဉ်များနှင့် တိုင်းရင်းသားရိုးရာ ယာဉ်ကျေးမှုအက အလှများဖြင့် ကပြဖျှော်ဖြေခဲ့ကြောင်း သိရှိရသည်။
လင်းလင်း(လားရှိုး)












