“ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်၂၀၂၁-၂၀၂၃ ခုနှစ် ဌာနဆိုင်ရာများမှ ဆောင်ရွက် ခဲ့သည့်လုပ်ငန်းအပေါ်ရှင်းလင်းခြင်း အခမ်းအနားကျင်းပ"

 

ကိုးကန့်လူထုသတင်းတင်ဆက် မှု၊ ဇန်နဝါရီလ ၃၁ ရက် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအထိ ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများရှင်းလင်းခြင်းအခမ်းအနားကျင်းပ၍ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ အကြီးအကဲများနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက ၂ နှစ်တာကာလအတွင်း ပြည်ထောင်စုအစိုးရ၊ ရှမ်းပြည်နယ်အစိုးရနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ခွဲဝေချပေးထားသည့် ရန်ပုံငွေအခြေအနေများနှင့် စီမံကိန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။ 


 ဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ အတွင်းရေးမှူး ဦးမိုးဇော်လတ်၊ အဖွဲ့ဝင် ဦးမျိုးဇော်သန်း၊ ရဲမှူး စိုးဝင်းစသည့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအကြီးအကဲများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူး များ အစည်းအဝေးကို တက်ရောက်ခဲ့သည်။ 

 အခမ်းအနားတွင် ဥက္ကဋ္ဌ ဦးမြင့်ဆွေက ၂၀၂၁ ခုနှစ် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ယူပြီးနောက် ဆောင်ရွက်ခဲ့သော လုပ်ငန်းတာဝန်များကို ပြန်လည်သုံးသပ်ကာ ရှင်းလင်းပြောကြားခဲ့သည်။ ၂၀၂၁ ခုနှစ်မှစ၍ နိုင်ငံအတွင်းဒေသအသီးသီး၌ ကပ်ရောဂါပျံနှံမှုများကြောင့် ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြားကဏ္ဍများကို အတိုင်းအတာတစ်ခုအထိ ထိခိုက်စေခဲ့ပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်လည်း အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်။ ကပ်ရောဂါကာလ အတွင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် မြေပြင်အခြေအနေများနှင့် ပေါင်းစပ်၍ ကပ်ရောဂါကာကွယ်ထိန်းချုပ် ရေးကောင်းမွန်စွာလုပ်ဆောင်မှုအောက်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ခဲ့ပါသည်။ ကိုးကန့်ဒေသအတွင်း ဌာနဆိုင်ရာအသီးသီးနှင့် ဒေသအတွင်းရှိပြည်သူအားလုံး၏ ပူးပေါင်းကြိုးပမ်းမှုကြောင့် ကပ်ရောဂါ ကို ထိရောက်စွာထိန်းချုပ်နိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဒုတိယနှစ်ဝက်မှစတင်ကာ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ အားလုံးကို အပြည့်အဝ ပြန်လည်အကောင်အထည်ဖော်ခဲ့သည်။ လွန်ခဲ့သည် ၂ နှစ်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ဆောင်ရွက်ခဲ့သော လုပ်ငန်းအသီးသီးကို ဒေသပြည်သူများ သိရှိစေနိုင်ရန်အတွက် ယခုအကြိမ်ဌာနအသီးသီး၏ လုပ်ငန်း ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်သည်။ ဥက္ကဋ္ဌ ဦးမြင့်ဆွေက ဌာနဆိုင်ရာအသီးသီး၊ ရပ်ကွက်/ ကျေးရွာအုပ်စုများအား သက်ဆိုင်ရာဌာနများမှ လုပ်ငန်းရှင်းလင်းတင်ပြမှုတွင် မိမိတို့အုပ်ချုပ်မှုနယ်မြေအတွင်း ဆောင်ရွက်သောစီမံကိန်းများတင်ပြပါက ကြီးကြပ်ကွပ်ကဲမှုလုပ်ငန်းကို ကောင်းမွန်စွာပြုလုပ်ရန် မှာကြားခဲ့သည်။ တင်ပြသောအစီရင်ခံစာများသည် အမှန်တကယ်အခြေအနေများနှင့် မကိုက်ညီပါက အချိန်နှင့်တစ်ပြေးညီ တင်ပြနိုင် သည်။ ထို့နောက် ဥက္ကဋ္ဌ ဦးမြင့်ဆွေက ၂ နှစ်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ဘဏ္ဍာရေးဆိုင်ရာ ရန်ပုံငွေခွဲဝေမှုမှ ဆောင်ရွက်ခဲ့သောစီမံကိန်းများနှင့် ရန်ပုံငွေအသုံးပြုမှုအခြေအနေများကို အသေးစိတ်ရှင်းလင်းမိတ်ဆက်ခဲ့ပြီး ဌာနအသီးသီးသို့ခွဲဝေပေးသည့် စီမံကိန်းများကို ရှင်းလင်းပြောကြားခဲ့သည်။   

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသော ဌာနဆိုင်ရာအသီးသီးမှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း ပြည်ထောင်စုအစိုးရ၊ ရှမ်းပြည်နယ်အစိုးရနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ခွဲဝေချပေးထား သည့် အမျိုးမျိုးသောစီမံကိန်းများ အကောင်အထည်ဖော်ရန် ရန်ပုံငွေနှင့် သုံးစွဲမှုအခြေအနေများကို အစီရင်ခံတင်ပြခဲ့ သည်။

 ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဘဏ္ဍာရေး ခွဲဝေမှု


၂ နှစ်တာကာလအတွင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ဘဏ္ဍာရေးခွဲတမ်းဖြင့် ဦးဆောင်သော စီမံကိန်း များ လမ်းတံတား၊ ကျန်းမာရေး၊ ပညာရေး၊ ပန်းခင်းစီမံချက်၊ လုပ်ငန်းမြှင်တင်ရေးစသည့် အဆောက်အအုံ ဆောက်လုပ်ခြင်းအပါအဝင် ရန်ပုံငွေစုစုပေါင်းယွမ်ငွေ ၃၉၈၆၆၄၄၃ ကို ခွဲဝေပေးခဲ့သည်။ 

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ဌာနအသီးသီးအား ရန်ပုံငွေထောက်ပံ့ပေးသော စီမံကိန်း


၂ နှစ်တာကာလအတွင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ဌာန သုံးခုအား ရန်ပုံငွေခွဲဝေပေး၍ ဌာနမှတဆင့် လမ်းပြုပြင်ထိန်းသိမ်းခြင်း၊ လမ်းတံတားတည်ဆောက်ခြင်း၊ ပညာရေးဆိုင်ရာအဆောက်အအုံများပြုပြင် ထိန်းသိမ်းခြင်းစသည့်တို့ စီမံကိန်း (၁၀)ခု ထောက်ပံ့ပေးခဲ့သည်။ စုစုပေါင်း ရန်ပုံငွေယွမ်ငွေ ၆၁၃၈၃၃၀ နှင့် မြန်မာကျပ်ငွေ ၂၇၄ သန်းတို့ခွဲဝေပေးခဲ့ပါသည်။ 


• ပြည်ထောင်စုအစိုးရမှ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဌာနအသီးသီးအား ရန်ပုံငွေခွဲဝေပေးသော စီမံကိန်း


၂ နှစ်တာကာလအတွင်း ပြည်ထောင်စုအစိုးရမှ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဌာနဆိုင်ရာများကို ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရန်ပုံငွေခွဲဝေပေးခဲ့ပါသည်။ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးဌာန၊ ဒေသလမ်းဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ကျန်းမာ ရေးဌာနစသည့် ဌာန (၇) ခုအတွက် စီမံကိန်း (၁၀၁)ခုကို ဆောင်ရွက်ခဲ့ပြီး စုစုပေါင်းရန်ပုံငွေ ၆၂၁၀.၃ သန်း ခွဲဝေပေးခဲ့သည်။  


• ရှမ်းပြည်နယ်အစိုးရမှ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဌာနအသီးသီး ရန်ပုံငွေခွဲဝေပေးသော စီမံကိန်း


၂ နှစ်တာကာလအတွင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဌာန (၁၀) ခု ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်း (၁၀၁) ခု ဆောင်ရွက်ခဲ့ရာ ရန်ပုံငွေခွဲဝေပေးခဲ့ပြီး စုစုပေါင်းကျပ်ငွေ ၈၁၇၄.၃၄ သန်း ခွဲဝေပေးခဲ့သည်။  


 အစည်းအဝေးနောက်ဆုံးတွင် ဥက္ကဋ္ဌ ဦးမြင့်ဆွေက အစည်းအဝေးအကျဉ်းကိုပြုလုပ်ခဲ့သည်။ ၎င်း၏အကျဉ်းချုပ် တွင် ပညာရေးဌာနအား ပညာရေးမူဝါဒများကို ပြုပြင်ပြောင်းလဲရန် အလေးပေးပြောကြားခဲ့ပြီး ပညာရေးဌာနအား မြန်မာ၊ ကိုးကန့်နှစ်ဘာသာကို အလေးထားသင်ကြားရန် ညွှန်ကြားခဲ့သည်။  ဌာနဆိုင်ရာအသီးသီးနှင့် ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများအားလုံးကို မိမိတို့နယ်မြေအတွင်းရှိ ပြည်သူများအား ဒေသအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များ ဆောင်ရွက်ရန်နှင့် မြှင့်တင်ရန် ဥက္ကဋ္ဌ ဦးမြင့်ဆွေမှ ညွှန်ကြားခဲ့ပါသည်။




Source;