"အမျိုးသား ​အောင်ပွဲနေ့ အထိမ်းအမှတ် နိုင်ငံတော်တာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သူများကို ဆုတံစိပ် ချီးမြင့်ခြင်းနှင့် ရာဇသတ်ကြီးပုဒ်မ ( ၅၀၅ - က ) ဖြင့် အရေးယူခံရသူများ ပြစ်ဒါဏ်ကျခံနေသူ အနုပညာရှင်များကို ပြစ်ဒါဏ် လွတ်ငြိမ်းခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရ"

နေပြည်တော် - နိုဝင်ဘာ ၁၇ ရက်။



၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်၊ ကောဇာ သက္ကရာ ဇ် ၁၃၄၈ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့ တွင်ကျရောက်သော (၁၀၂) နှစ်မြောက် အမျိုး သားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ၁၉၄၈ ခုနှစ်မှ ယနေ့ထိတိုင် ကာလတလျှောက်လုံးတွင် နိုင်ငံတော် တာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ်များကို ဆုထူးဘွဲ့ထူး ဖြစ်သည့် ဆုဘွဲ့တံစိပ်ချီးမြှင့်ပေးအပ်ခြင်းများကို နိုင်ငံတော်အဆင့် ဂုဏ်ပြုအခမ်းအနားဖြင့် ချီးမြှင့်ပေးအပ်သွားမည်ဖြစ် ကြောင်း သိရှိရပါသည်။


ထို့အတူ ယနေ့ ကျရောက်သော  ၁၀၂ နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ရာဇသတ်ကြီးပုဒ်မ ( ၅၀၅-က) ဖြင့် အရေးယူခံထားရသော အနုပညာရှင်များနှင့် ပြစ်ဒါဏ်ကျခံနေရသူများကို ၄င်းကျခံ​​နေကြရသည့် ပြစ်ဒါဏ်များမှ လွတ်ငြိမ်းချမ်းသာခွင့်ပေး သွားမည် ဖြစ်ကြောင်းသိရသည်။



သို့ဖြစ်၍ ၄င်းတို့ ပြစ်ဒါဏ်ကျခံနေကြရသည့် အကျည်းထောင် အသီးသီးတို့မှ ဖော်ပြပါ ပြစ်ဒါဏ် ကျခံနေကြရသူ အနုပညာရှင်များကို  သက်ဆိုင်ရာ တာဝန်ရှိသူတွေက လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး အကျည်းထောင်တာဝန်ရှိသူတွေကလည်း ပြစ်ဒါဏ်ကျ အနုပညာရှင်များနှင့် ( ၅၀၅-က )ဖြင့်အရေးယူ ဖမ်းဆီးခံထားရသော အနုပညာရှင်များကိုလည်း ပြစ်ဒါဏ် များကို ဖြေလျှော့ကာ လွတ်ငြိမ်းချမ်းသားခွင့်ပြုသွားမည်ဖြစ်၍ ၄င်းတို့ကို အရေးယူ ဖမ်းဆီးထား​ပြီး ရာဇသတ်ကြီးပုဒ်မ( ၅၀၅ -က ) ဖြင့် အရေးယူတရားစီရင်ခြင်း ခံနေကြရသော စာ​ပေအနုပညာရှင်များကိုလည် ၄င်းတို့ကို ဖမ်းဆီးချပ်နှောင်ခံထားရသော အကျည်းထောင် အချုပ်ဆောင်များမှ ပြစ်ဒါဏ် များ ဖြေလျှော့ပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးသွားမည် ဖြစ်ကြောင်း သက်ဆိုင်ရာမှ သတင်းထုတ်ပြန်ထားကြောင်း သိရသည်။


L2 (LSO)