"ပြည်ပသတင်းဌာနတခု၏ Official Website တွင် မှန်ကန်ခြင်း လုံးဝ မရှိသော သတင်းအား လိုရာဆွဲရေးသား တည်ဆောက်ထားသည့် သတင်းမှားဖော်ပြခဲ့ခြင်းကို ဒေသခံ ပြည်သူအချို့ ချက်ခြင်းပင် ဖြစ်စဥ် မှန်များကို မီးမောင်းထိုးချပြကာ သတင်းမှားကို မိမိတို့မြို့နယ်တွင်းနေ ပြည်သူအချို့ က အပြန်အလှန် အသိပေးဆွေးနွေးဝေဖန်ခဲ့ကြ"

လားရှိုးမြို့-အောက်တိုဘာ ၂၈ ရက်။



ယခုရက်ပိုင်း၌ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အတွင်း အအေးဓါတ်လွန်ကဲမှုကြောင့် အခြေမဲ့ အနေမဲ့ လမ်းကြို လမ်းကြားများ၌ နေထိုင် ခိုလုံနေကြသော အိမ်ယာမဲ့တွေ အသေပျောက် ဆက်တိုက်ကြီးဖြစ်ပွားခဲ့သည်ဟု မှန်ကန်သဘာဝကျခြင်း လုံးဝကို မရှိသည့် သတင်းအချက်အလက်များကို မိမိတို့အလိုရှိသော သတင်းအကြောင်းအရာတခု မဖြစ်ဖြစ်အောင် တည်ဆောက်ရေးသား ဖော်ပြခဲ့သည့် သတင်းတပုဒ်ကို ယနေ့ နံနက်ပိုင်းက ဖော်ပြခဲ့တာပါ။



ပြည်ပအခြေစိုက် သတင်းဌာနကြီးတခု ဖြစ်သည့် အဆိုပါ သတင်းဌာန သတင်းဥ်တခုအနေနဲ့ ယနေ့နံနက်ပိုင်းက ဖော်ပြခဲ့ကြောင်း တွေ့ရှိခဲ့ရပါသည်။


တပတ်တွင်း လမ်းဘေးနေ လမ်းဘေးစားသူ ၄ ဦး ဆက်တိုက်သေဆုံးခဲ့ကြောင်းနှင့် လားရှိုးဆေးရုံကြီးသို့ ၄င်းလူနာတွေကို ပို့ဆောင်ပေးခဲ့သော်လည်း ဆေးရုံရောက်ခြင်း သေဆုံးသွားကြသည်ဟု ရေးသားဖော်ပြခဲ့ခြင်းဖြစ်သလို အဲ့ဒီ အိမ်ယာမဲ့ သေဆုံးသွားခဲ့ရသူတွေဟာ ကိုဗစ် ၁၉ ရောဂါပိုးလည်း ကူးစက်ခံထားကြရတာဖြစ်တယ်လ်ို့လည်း ကျန်းမာရေး ဌာနက အမည်မဖော်လိုသူ တဦးကတည်ပြုပြောကြားသကဲ့သို့ Messages တခုအနေနဲ့ သတင်းခိုင်မာမှုနဲ့ မြို့ခံအများ ထိတ်လှန့်စိုးရိမ်စေလိုသော စကားရပ်တခုအလား ရေးသားဖော်ပြခဲ့ခြင်းဖြစ်ပါသည်။



 Covid

Covid 19 ရောဂါပိုးကူးစက်ခံကြရကာ လမ်းဘေးမှာနေကြရသူများဖြစ်ကြလို့ ဆေးရုံက တာဝန်ယူကုသပေးတာတွေမရှိဘူး ဆိုပြီး ပုံဖော်ခဲ့ခြင်းဖြစ်ပါသည်။


 ရာသီဉတုမှာလည်း ယခုရက်များအတွင်း အအေးဓါတ်လွန်ကဲမှုကြောင့် ၄င်းလမ်းဘေးနေစားကြသူ  လူနာများဟာ ဆက်တိုက်ကို သေဆုံးခဲ့ကြတာဖြစ်ကြောင်း ထို လားရှိုးမြို့တွင်း ရပ်ကွက်အချို့က အိမ်ယာမဲ့ လမ်းဘေးနေစားကြသူ ​​တွေရဲ့ လူမှုဘဝတွေအပေါ်က်ို အကြီးအကျယ်ကို ထင်ဟပ်ပေါ်လွင်စေသော သတင်းကြီးတပုဒ် အဖြစ် လွန်စွာမှ ဂရုနာ သက်ဖွယ် အဖြစ်ဆိုးကြုံတွေ့ခဲ့ရသော  သတင်ကြီးတခုအဖြစ် တည်ဆောက်ရေးသားဖော်ပြခဲ့ခြင်ူဖြစ်ပါသည်။


သို့ဖြစ်၍  လားရှိုးမြို့ခံ တိုင်းရင်းသားပြည်သူများက ဟားတိုက် ဝေဖန်မှုတွေ ထွက်ပေါ်လာသလို လားရှိုးမြို့ရာသီဥတုမှာလည်း တရက်ထက် တရက် ပို၍ပို၍ ပူအိုက်လွန်းနေသော ရာသီဥတုမျိုးကို လက်ရှိကြုံတွေ့ခံစားနေရသည်မှာ လားရှိုးဒေသခံဟူသမျှ ကြုံတွေ့ခံစားနေရတာ ဖြစ်ပြီး ယခုလို အဖြူနဲ့အမဲ ဆန့်ကျင်ဘက် ဖြစ်စဥ်တွေကို သတင်းမှန်တွေလို လုပ်ကြံခဲ့သည့်အလား မိမိတို့ မျက်မြင်ဖြစ်ကြ၍သတင်းတိုင်းအပေါ်ကိုလည်း ယုံကြည်လက်ခံခြင်းမပြုကြရန်နှင့် မိမိတို့ အသိဉာဏ် နှင့် ယှဥ်တွဲချင့်ချိန်စဥ်းစားတွေးတောပြီးမှသာ မှန်သည် ၊ မှားသည်၊ ဟုတ်မှန်သတင်းဖြစ်သည်၊ မဟုတ်မှန်သတင်း ဆို၍ ခွဲခြားယုံကြည်ကြရန်မှာ အထူးအရေးကြီးလိုအပ်နေပြီဖြစ်ကြောင်း ဒေသခံတို့ ဆွေးနွေး သုံးသပ်ဝေဖန်ပြောဆိုခဲ့ကြသည်ဟု သိရှိရသည်။


L2 (LSO)