"လားရှိုးခရိုင်တွင်းရှိ ကိုးကန့်တိုင်းရင်းသားများအား နိုင်ငံသား စီစစ်ရေးကတ်ပြား များပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့"

 လားရှိူးမြို့တွင် လူဝင်မှု့ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးရုံး သစ္စာခန်းမ၌ အောက်တိုဘာ ၁၈ ရက်၊ မွန်းလွဲ  ၁ နာရီအချိန်က လားရှိူးခရိုင်အတွင်းရှိ သံလွင်စံပြကျေးရွာနေ ကိုးကန့်တိုင်းရင်းသားများအား နိုင်ငံသားစီစစ်ရေးကဒ်ပြားများပေးအပ်ပွဲအခမ်းအနားကျင်းပပြုလုပ်ကြောင်းသိရသည်။



အခမ်းအနားတွင် အရှေ့မြောက်တိုင်းစစ်ဌာချုပ်မှတိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး က အမှာစကား ပြောကြားကာ နိုင်ငံသားစီစစ်ရေးကဒ်ပြားများအား တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး နှင့် ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကြီး အောင်မြင့်နိုင်၊ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး(ငြိမ်း) ဦးအောင်ချိုဦး၊ 

ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိူးမင်းထွန်း 'ဝ'ယဥ်ကျေးမှု့ဥက္ကဌ ဦးလုပ်ယွန်း ပလောင်ယဥ်ကျေးမှု့ဥက္ကဌ ဦးမိုင်းပန်းစိန်နှင့်ဒုတိယညွှန်ကြားရေးမှူး ဦးစိုးလင်းအောင်တို့ကအသီးသီးပေးအပ်ကြရာကျေးရွာသူကျေးရွာသားများကလက်ခံရယူခဲ့ကြသည်.။

ထို့နောက်တွင်ရပ်မိရပ်ဖတစ်ဦးမှကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်အဆိုပါသံလွင်စံပြကျေးရွာသည်ကျေးရွာပေါင်း ၆ရွာ ရပ်ကွက် ၁၀ ခုအိမ်ထောင်စု ၈၉၄စု ရှိပြီး နိုင်ငံသားစီစစ်ရေးကဒ်ပြားပြုလုပ်ရန်ကျန်ရှိနေသူများအားမြို့နယ်ဦးစီးမှူးရုံးတွင် 11-2-2022 ရက်နေ့တွင် ၁၁၃ ဦးအားလည်းကောင်း17-9-2022 ရက်နေ့တွင် ၅၀ ဦးအားလည်းကောင်း15-10-2022ရက်နေ့တွင် ၅၀ ဦးတို့အားလည်းကောင်းအသီးသီးပြုလုပ်ပေးလျှက်ရှိရာယခုအခါပထမအကြိမ်ပြုလုပ်ထားသူ၅၀ ဦးအားနိုင်ငံသားစီစစ်ရေးကဒ်ပြားများပေးအပ်တာဖြစ်ပြီးပြုလုပ်ရန်ကျန်ရှိနေသူများကိုလည်းဆက်လက်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းနှင့်

အလားတူနိုင်ငံသားစီစစ်ရေးကဒ်ပြားများမရှိသူများကိုလည်းဥပဒေနှင်အညီစီစစ်ပြီးပြုလုပ်ပေးသွားမည်ဖြစ် သောကြောင့် ပြည်သူများ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၊တိုင်းရင်းသားလူမျိူးခေါင်းဆောင်များကလည်း ပူးပေါင်းပါဝင်ပေးကြရန်လိုအပ်ကြောင်းသိရသည်။


Source; Ko Nyan HTun