``လားရှိုးမြို့တွင် မူးယစ်ဆေးဝါ ကာလတန်ဖိုး ငွေကျပ် ၂၇၅ သိန်းကျော် ဖမ်းဆီးရမိ´´

လားရှိုး-ဇူလိုင် ၃၁ ရက်။


ဇူလိုင်လ ၃၀ ရက်နေ့ ညနေ ၅ နာရီခွဲခန့်တွင်လားရှိုးမြို့၊ ရပ်ကွက်(၅) အထက္မန်အိုင် ကျေးရွာတွင် မူးယစ်ဆေးဝါးသယ်ဆောင်လာကြောင်း သတင်းရရှိမှုများအရ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့ ဝင်များမှ ပိတ်ဆို့ ရှာဖွေစစ်ဆေးမှုများဆောင်ရွက်စဉ် ပန်ဟုန်းကျေးရွာနေ       
အဖ ဦးယာကို  ၏ သားဖြစ်သူ 
အားရှင်( ၂၀ နှစ်) မှ မောင်းနှင်လာသည့် 
ယာဉ်အမှတ် YGN 2H-9710 Hilux ယာဉ်အား တားဆီးရပ်တန့်စစ်ဆေးစဉ် ကားခေါင်းခန်းထိုင်ခုံနောက်တွင် ပလပ်စတစ်အိတ်အမဲရောင်အတွင်းထည့်ထားသော ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁ ထုပ်လျှင် ၂၀၀ ပြားစီပါ ၂၇၅ ထုပ်၊ စုစုပေါင်းဆေးပြား ၅၅၀၀၀ ပြား၊ ကာလတန်ဖိုး ၂၇၅ သိန်းကျပ် (ဒေသပေါက်စျေးစိတ်ကြွရူးသွပ်ဆေးပြား ၁ ပြား လျှင် ၅၀၀ ကျပ် နှုန်းဖြင့်)အား ဖမ်းဆီးရမိခဲ့ကြောင်းနှင့် သက်ဆိုင်ရာ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေ အရ အမှုဖွင့် စစ်ဆေးဆောင်    ရွက်လျှက်ရှိကြောင်း ကနဦး သတင်း ရရှိသည်။