ဟိုပန်၌ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ဖလား အသက်(၁၆)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ကျင်းပ

ဟိုပန်- ဇူလိုင် (၇)


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် အနာဂတ်လူငယ်များ ချစ်ခင်ရင်းနှီးပြီး စည်းလုံးညီညွှတ်မှုရှိကာ ပူးပေါင်းပါဝင်ဆောင်ရွက်တက်သည့် အလေ့အကျင့်ကောင်းများရရှိကြစေရန်နှင့် ကျန်းမာကြံ့ခိုင်သော လူငယ်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာ​​ေစရန် တို့ကို ရည်ရွယ်၍ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဖလား အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကို ဇူလိုင်လ ၆ ရက်နေ့ မွန်းလွဲပိုင်းက ဟိုပန်မြို့မ အားကစားကွင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဉီးစွာ ဟိုပန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး  ဉီးရဲဝင်းထိုက် က အဖွင့်အမှာစကားပြောကြားပြီး  အသက်(၁၆)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကစားကြမည့် ဘောလုံးအသင်းများမှ အားကစားအဓိဌာန် သံပြိုင် ရွတ်ဆိုခဲ့ကြသည်။


ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ နှင့် အဖွဲ့ဝင်များသည် ဘောလုံးပြိုင်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင် ကြမည့် အားကစားအသင်း များအား လိုက်လံနှုတ်ဆက်အားပေးခ့ဲကြပြီး  ဘောလုံးပြိုင်ပွဲကို စတင်ခ့ဲရာ အုပ်စု(က)မှ ပထမပွဲစဉ်တွင် ပန်ကောက်အသင်း နှင့် ပန်လုံလမ်း အသင်း၊ ဒုတိယပွဲစဉ်တွင် ေဈးရပ်ကွက်အသင်းနှင့် ရှမ်းလူငယ်(ခ)အသင်းတို့က ယှဉ်ပြိုင်ကစားခဲ့ကြသည်။


အဆိုပါ ဘောလုံးပြိုင်ပွဲကို ဟိုပန်မြို့နယ်အတွင်းရှိ  ကျေးရွာ၊ ရပ်ကွက်များမှ အသက်(၁၆)နှစ်အောက် လူငယ် အမျိုးသားဘောလုံးအသင်း(၁၀)သင်း ဝင်ရောက်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ မှ  သိရသည်။




Source; ရှမ်းမြောက်ဌာနဆိုင်ရာသတင်းစာမျက်နှာ