``မသန်စွမ်းသူများအတွက်အတားအဆီးမဲ့ ခရီးသွားလုပ်ငန်းအခြေခံဝန်ဆောင်မှု့ သင်တန်းဖွင့်ပွဲကျင်းပ´´

လားရှိူး၊ မေ (၃၀)

လားရှိူးမြို့ မြို့တော်ခန်မကြီးတွင် မေ ၃၀ ရက်နေ့၊နံနက် ၉ နာရီအချိန်ကဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု့ဦးစီးဌာနနှင့်လူမှု့ဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ ခရီးသွားလုပ်ငန်းအခြေခံ ဝန်ဆောင်မှုသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ကြောင်းသိရသည်။



ယင်းအခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း မှ အဖွင့် အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း ရှမ်းပြည်နယ်မြောက်ပိုင်းဇုံ ဥက္ကဌ ဦးဇော်ဇော် မှ သင်တန်း နည်းပြဆရာများအား အမှတ်တရ ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ပါသည်။



အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှတာဝန်ရှိသူများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး ယခုအခါ မိမိတို့၏ ဒေသတွင်း ကိုဗစ် ၁၉ ရောဂါဖြစ်ပွားမှု့မရှိသည့် အတွက် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းသို့ ခရီးသွားများ ပိုမိုများပြားစွယဖြင့်လာရောက်ကြနိုင်စေရေး အတွက်

ဟိုတယ်ဝန်ဆောင်မှု့လုပ်ငန်းများကို ပိုမိုကောင်းမွန်စေရေးအတွက် ရည်ရွယ်ပြီး လားရှိူး၊သိန္နီ၊ လောက်ကိုင်၊ သီပေါမြို့နယ်များရှိ ဟိုတယ်ကြီးများနှင့် အဆင့်မြင့် တည်းခိုရိပ်သာများ၊ ဧည့်လမ်းညွှန်၊ စားသောက်ဆိုင်လုပ်ငန်းလုပ်ကိုင်သူ များအပါအဝင် ဖော်ပြပါ သင်တန်းသို့ ယခု ဆက်သွယ်ပါဝင် တက်ရောက်ခဲ့ကြသည် ဖြစ်သကဲ့သို့ လက်ရှိ သင်တန်းသား၊ သင်တန်းသူအရေအတွက် စုစုပေါင်း  ၁၇၅ ဦးမှ သင်တန်းပို့ချမှု ကာလ ၂ ရက်အတွင်း စာတွေ့လက်တွေ့သင်ခန်းစာများများကို ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။


Source; Ko Nyan Htun