``တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာအပြည်ပြည်ဆိုင်ရာပူးတွဲသယ်ယူပို့ဆောင်ရေးရထားကအပြည်ပြည်ဆိုင်ရာသယ်ယူပို့ဆောင်ရေးအဆင်ပြေချောမွေ့စေရန် မြှင့်တင်ပေးခြင်း´´

အပြည်ပြည်ဆိုင်ရာသတင်း




ပြီးခဲ့သည့်ရက်ပိုင်းကကုန်းလမ်း-ရေကြောင်းလမ်းကြောင်းသစ်ဖြစ်သောတရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာအပြည်ပြည်ဆိုင်ရာပူးတွဲသယ်ယူပို့ဆောင်ရေးရထား (ချုံချင့်-ရန်ကုန်- အိန္ဒိယသမုဒ္ဒရာ) သည် တရုတ်နိုင်ငံ ချုံချင့်မြို့ မီးရထားကွန်တိန်နာစင်တာမှ တရားဝင် စတင်ထွက်ခွာခဲ့သည်။ ထိုရထားမှ တင်ဆောင်လာသောကုန်စည်များသည် ၁၀ ရက်အကြာတွင် ရန်ကုန်မြို့သို့ ရောက်ရှိမည်ဟုခန့်မှန်းရသည်။

 ယင်းရထားမှ တင်ဆောင်လာသည့် ကုန်စည်များမှာ ချုံချင့်မှထုတ်လုပ်သောမော်တော်ဆိုင်ကယ်တွဲဖက်ပစ္စည်းများ ဖြစ်ပြီးယူနန်ပြည်နယ် မိုဟန်မှတစ်ဆင့် လာအိုနိုင်ငံတွင်းသို့ ဝင်ရောက်ပြီးနောက် ဗီယင်ကျန်း၌ ကုန်းလမ်းပို့ဆောင်ရေးသို့ ပြောင်းကာထိုင်းနိုင်ငံမှတစ်ဆင့် ဖြတ်သန်းပြီးနောက်ဆုံးတွင် မြန်မာနိုင်ငံရန်ကုန်မြို့သို့ ရောက်ရှိမည် ဖြစ်သည်။ ယခင်က ချုံချင့်မှ ရန်ကုန်သို့ မြစ်ကြောင်းနှင့်ပင်လယ်ရေကြောင်းပူးတွဲပို့ဆောင်ရေးသာရှိခဲ့ပြီး ချုံချင့်မှ ယန်ဇီမြစ်ဝအထိပို့ဆောင်ပြီးနောက် ထပ်မံ၍ ပင်လယ်ရေကြောင်းဖြင့် ပို့ဆောင်ရောက်ရှိစေသည်။ ဤရထားစတင်ပြေးဆွဲပြီးနောက် ချုံချင့် မှ ရန်ကုန်သို့ လမ်းကြောင်းသစ်ရွေးချယ်မှု ရှိလာရုံသာမက ကြာချိန်မှာလည်း မြစ်ကြောင်းနှင့်ပင်လယ်ရေကြောင်းပူးတွဲပို့ဆောင်ရေးထက် ရက် ၂၀ ကျော် ပို၍မြန်ဆန်မည် ဖြစ်သည်။

အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံ ချုံချင့်သည် နီးကပ်သောစီးပွားကုန်သွယ်ရေးဖလှယ်မှုများရှိသည်။ ၂၀၂၂ ခုနှစ် ပထမနှစ်လတွင် ချုံချင့်မှ အာဆီယံသို့ ပို့ကုန်သွင်းကုန်ပမာဏသည် ယွမ် ၁၉.၂၈ ဘီလီယံရှိပြီးယခင်နှစ်ကာလတူထက် ၂.၄% တိုးတက်လာကြောင်း၊ ၎င်းအနက် မြန်မာနိုင်ငံနှင့် ချုံချင့်အကြားပို့ကုန်သွင်းကုန်ပမာဏသည် ယွမ် သန်း ၁၉၀ ကျော်ရှိကြောင်း ချုံချင့် customs ၏ အချက်အလက်များအရသိရသည်။ ချုံချင့်အခြေစိုက် မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးကိုလည်းဧပြီလ ၁ ရက်နေ့တွင် တရားဝင် ဖွင့်လှစ်ခဲ့သည်။

တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာအပြည်ပြည်ဆိုင်ရာပူးတွဲသယ်ယူပို့ဆောင်ရေးရထားစတင်ပြေးဆွဲနိုင်ခြင်းသည် ကုန်းလမ်း-ရေကြောင်းလမ်းကြောင်းသစ်ကတရုတ်နိုင်ငံမှ မြန်မာနိုင်ငံနှင့် အိန္ဒိယသမုဒ္ဒရာသို့ ရောက်ရှိသောအပြည်ပြည်ဆိုင်ရာထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းသစ်ကိုဖွင့်လှစ်ပေးပြီးတရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှ၊ တောင်အာရှအကြားကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးကိုထပ်ဆင့်မြှင့်တင်ပေးကာလမ်းကြောင်းတစ်လျှောက်နိုင်ငံများ၏ ကုန်ထုတ်လုပ်မှုကွင်းဆက်၊ ထောက်ပံ့ရေးကွင်းဆက်များတည်ငြိမ်မှုရှိစေရန် အပြုသဘောအဓိပ္ပါယ်ဆောင်ပါသည်။ နောက်တစ်ဆင့်တွင် ချုံချင့်သည် တရုတ်-ဗီယက်နမ်၊ တရုတ်-လာအို-ထိုင်း၊ တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာစသည့် အရေးပါလမ်းကြောင်းများကိုအမှီပြု၍ တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာအပြည်ပြည်ဆိုင်ရာပူးတွဲသယ်ယူပို့ဆောင်ရေးရထားကိုပုံမှန်ပြေးဆွဲပြီးဗီယက်နမ်နိုင်ငံ ဟနွိုင်း၊ လာအိုနိုင်ငံဗီယင်ကျန်း၊ ထိုင်းနိုင်ငံဘန်ကောက်၊ မြန်မာနိုင်ငံရန်ကုန် စသည့် အရေးပါမြို့ကြီးများနှင့် ချိတ်ဆက်ကာအပြည်ပြည်ဆိုင်ရာထောက်ပံ့ပို့ဆောင်ရေးကွန်ရက်ကို ပြီးပြည့်စုံစေရန် အဆက်မပြတ် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ထိုသို့ဖြင့် အပြည်ပြည်ဆိုင်ရာသယ်ယူပို့ဆောင်ရေးအဆင်ပြေချောမွေ့စေရန် မြှင့်တင်၍ လမ်းကြောင်းဖြင့် ကုန်စည်ထောက်ပံ့ပို့ဆောင်ရေးတိုးတက်စေရေး၊ ကုန်စည်ထောက်ပံ့ပို့ဆောင်ရေးဖြင့် စီးပွားကုန်သွယ်ရေးတိုးတက်စေရေး၊ စီးပွားကုန်သွယ်ရေးဖြင့် ကုန်ထုတ်လုပ်ငန်းတိုးတက်စေရေးဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။



Source; CRM Myanmar