``လားရှိုးမြို့တွင်း ပြီးခဲ့သည့် သတင်းပတ်အတွင်း ဆိုင်ကယ် စီးနင်းမောင်းနှင်သူများကို ဓါးထောက်လုယက္မှုကျူးလွန်သူများအနက် ၂ ဦးအား သက်သေခံ ဓါးထောက်လုယက်သွားသော ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိခဲ့´´
လားရိှုးမြို့- ဧပြီ ၃၀ ရက်။
လားရှိုးမြို့၊ ရပ်ကွက် ၇ အတွင်းတွင် ပြီးခဲ့သည့် ဧပြီီ ၁၆ ရက်နေ့ ညနေ မောင်ရီပျိုးချိန် ရွှေညောင်ပင်လမ်းကြားသို့ ဖြတ်သန်း စီးနင်းမောင်းနှင်လာသည့် ဆိုင်ကယ်နှင့် လူငယ်နှစ်ဦးကို ဓါးထောက်လုယက္မှုတခုဖြစ်ပွားခဲ့သည်။
ထိုလုယက္မှုကျူးလွန်သူများကို အချိန်နှင့်တပြေးညီ ဖမ်းဆီးရမိနိုင်ရေးသက်ဆိုင်ရာ အပိုင်ရဲစခန်း ယာယီစခန်းမှူးနှင့်တာဝန်ရှိသူများ၊နယ်မြေခံ ရဲတပ်ဖွဲ့၊ ရပ်ကွက် ရဲကင်းမှူးနှင့်တာဝန်ရှိသူများမှ ရဲလုပ်ငန်းစဥ္များနှင့်အညီ ဆောင်ရွက်ခဲ့ရာတွင် ယမန်နေ့ ဧပြီ(၂၉) ရက်၊ညနေပိုင်း၌ အဆိုပါ ရပ်ကွက်၏ ရွှေညောင်ပင်လမ်းကြားအနီး လှည့်ကင်းဆောင်ရွက်နေစဥ် ကြက်ကလေး (ခ)သစ်ထူးအိမ်နှင့်လီရှင်းချွမ်း (ခ)မင်းသူအောင် တို့စီးနင်းလာသောဆိုင်ကယ်ကို စစ်ဆေးခဲ့ရာ ဓါးထောက်လုယူသွားသည့် သက်သေခံ ဆိုင်ကယ်ဖြစ်နေသည့်အတွက် ၄င်းဓါးထောက်လုယက္မှု ကျူးလွန်သူနှစ်ဦးအား(ပ)၉၆ / ၂၀၂၂ ၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ ဖြင့် လားရှိုးမြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
လုယက်ခံ နှစ်နာသူများ၏ ဆိုင်ကယ်များကို ပိုင်ရှင်များထံသို့ ပြန်လည်ပေးအပ်သွားနိုင်ရေးထို နှစ်နာသူ ပြည်သူများအနေဖြင့် လားရှိူးမြို့မ ရဲစခန်းသို့ လာရောက်ကြည့်ရှုစုံစမ်းကြပါရန် ယာယီစခန်းမှူး ရဲအုပ် စိုးမိုးဌေး မှ နှိုးဆော် တိုက်တွန်း မေတ္တာရပ်ခံပါကြောင်း ဒေသခံ သတင်းမီဒီယာများသို့ ပြောကြား ခဲ့သည်။
Source ; Cherry Hlaing
