``လားရှိုးမြို့ Community Center ၌ `အိုးတစ်လုံး၊ ဓါးတစ်စင်း နှင့် ရှေးဟောင်းစာပေ..... ဒို့သမိုင်းအမွေ ....´ ဟူသည့် ခေါင်းစဥ္နဲ့ ရှေးဟောင်း သမိုင်းစာပေ ဆွေးနွေးပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့´´
လားရှိုးမြို့- မတ် ၁၃ ရက်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Center လူထုအခြေပြု ဗဟိုဌာန ခန်းမတွင်း အိုး တစ်လုံး၊ ဓါးတစ်စင်းနှင့် ရှေးဟောင်းစာပေ..... ဒို့သမိုင်းအမွေ .... ဟူသည့် ခေါင်းစဥ္နှင့် ရှေးဟောင်း သမိုင်းစာပေ ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၉း၀၀ အချိန်က စတင်ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရှိရပါသည်။
ဒီနေ့ ကျင်းပပြုလုပ်ခဲ့သော
အိုးတစ်လုံး၊ ဓါးတစ်စင်း နှင့် ရှေးဟောင်းစာပေ.....
ဒို့သမိုင်းအမွေ ... အခမ်းအနား
ကျင်းပပြုလုပ်စီစဥ္ဆောင်ရွက် ခြင်းအလုံးစုံကို
ရှေးဟောင်းစာပေနှင့်သမိုင်းလေ့လာသူ
ဦးမင်းတင်ယု(တော်ဝင်တင်ရွှန်း)နှင့် ပြန်ကြားရေး
နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ ပူးပေါင်းလို့
ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း
သိရှိရသလို
စစ်ကိုင်း ပညာရေးတက္ကသိုလ်
မြန်မာစာဌာနမှူးမြန်မာနိုင်ငံပျူ စာပေပညာရှင်
ဒေါက်တာ မောင်မောင်ဆွေ က
``အိုးတစ်လုံး ဓားတစ်စင်း နှင့်
ရှေးဟောင်းစာပေဒို့သမိုင်းအမွေ´´ အကြောင်းကို
ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်၍ ပျူစာ အဘိဌာန် ရေးသားပြုစုခဲ့သူ ပျူစာပေပညာရှင် ဆရာကြီးခင်မောင်သန်း (မန္တလေး) မှ ရှေးဟောင်း စာပေ သမိုင်းဆိုင်ရာ အကြောင်းအရာများအပေါ်တွင် အသေးစိပ်ဆွေးနွေးပြောကြားခဲ့ကြောင်း နှင့် အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့သူ အချို့က ၄င်းတို့ သိရှိလိုသော ရှေးဟောင်းစာပေ သမိုင်းအချို့အပေါ် ပြန်လည် မေးမြန်းဆွေးနွေးမှုများပြုလုပ်ခဲ့ကြကာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
News Photo & Source ; Ko Nyan Htun