တန့်ယန်း မတ် ၁၈ ရက်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အတန်းတင်စာမေးပွဲကို အခြေခံပညာ ကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများ၌ ပညာသင်ကြားလျက်ရှိသော ကျောင်းသား/ ကျောင်းသူများသည်တည်ငြိမ်အေးချမ်းစွာဖြင့် မတ် ၁၈ ရက်၊ နံနက် ၉ နာရီမှစတင်ကာ ဒုတိယနေ့ အဖြစ်ဆက်လက်ဖြေဆို နေကြသည်။
ထိုသို့ ဖြေဆိုနေကြရာတွင် စတုတ္တတန်းနှင့် အဌမတန်းကို အစိုးရစစ်အဖြစ်လည်းကောင်းကျန် သည့် အတန်းများအားလုံးကို ကျောင်းစစ်အဖြစ် ဖြေဆိုနေလျှက်ရှိပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများမှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၂၅၅၃) ဦး ဝင်ရောက်ဖြေဆိုနေကြ၍ ၈၅ ဒဿမ ၇၇ ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)