``လားရှိုးမြို့နယ်တွင်း ကားများးပျောက်သောသတင်းများထွက်ပေါ်ခဲ့ပြီး ရက်အနည်းငယ်၌ ကားသူခိုးအဖွဲ့ ၇ ဦး ကို ခိုးယူသွားသည့် သက်သေခံ ကားများနှင့်အတူ မြို့မရဲစခန်း နယ်ထိမ်းရဲတပ်ဖွဲ့မှ ဖော်ထုတ်ဖမ်းဆီးရမိခဲ့´´
လားရှိုး၊ မတ် ၂ ရက်။
လားရှိုးမြို့၏ မြို့ပေါ်ရပ်ကွက် အချို့တို့တွင်နေထိုင်သူ ပြည်သူတို့ ၏ အိမ်စီးကားများ၊ လားရှိုးမြို့နယ်တွင်းနေထိုင်လျက်ရှိသော ပြည်သူ ၇ ဦးတို့၏ အိမ်စီးကားများကို ပြီးခဲ့သည့် သတင်းပတ် များအတွင်း ဆက်တိုက်ဆိုသလို ကားတွေပျောက်သည့် သတင်းများနှင့် စားသောက်ဆိုင်များအတွင်း ဝင်ရောက်စားသောက်ပြီး ပြန်လည်၍ ၄င်းတို့ ကားနားအလာ လမ်းဘေးရပ်ထားသော ကားကို လုံးဝမတွေ့ရတော့ကြောင်း၊ တစုံတဦးမှ ကားခိုးယူသွားခြင်းသာလျှင် ဖြစ်ကြောင်း ကာယကံရှင်များနှင့်အတူ အနီးနား၌ ထိုဖြစ်စဥ္အပေါ် ကြားသိခဲ့ကြသော ထိုအချိန်ပိုင်း၌ ထိုနေရာသို့ ရောက်ရှိသွားလာသူ မြို့ခံပြည်သူအချို့တို့ကလည်း ပတ်ဝန်းကျင်သို့ မေးမြန်းစုံစမ်းခြင်း၊ ကားပိုင်ရှင်မှလည်း အနီးနား တပ်စဥ္ထားသော စီစီတီဗွီ မှတ်တမ်းများဖြင့် စစ်ဆေးကြည့်ရှုရာ ကားခိုးသူများမှ ဖောက်ထွင်းသော့ဖွင့်ဖျက်ကာ ကားတွေကို ခိုးယူသွားသည့် အနေအထားတခုစာလျှင် ဖြစ်သည်ဟု သုံသပ်ယူဆကာ သက်ဆိုင်ရာ နယ်မြေခံ နယ်ထိမ်းရဲတပ်ဖွဲ့ အားဖြစ်စဥ္သတင်းများကို တိုင်ကြားသတင်းပို့မှုများလည်း လုပ်ဆောင်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ခိုးခံရသော ကားတွေကို ပုံပြောင်း၊ ပုံဖျက်၍ ပြန်လည်ရောင်းချရန် နယ်မြို့များသို့ ဆက်သွယ်သွားရောက် ရောင်းချနေကြကြောင်း၊ ၄င်းကားခိုးသူလူငယ်အဖွဲ့အား လားရှိုးမြို့၊ မြို့မရဲစခန်းမှ ရဲအုပ် စိုးမိုးဌေး ဦးစီးသော နယ်ထိမ်းရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့မှ စုံစမ်းဖော်ထုတ်ခြင်း ဆောင်ရွက် မှုတွေကို အချိန်နဲ့တပြေးညီ အဆင့်ဆင့် ကွင်းဆက်များမပြတ်စေရေး အတွက် ရဲလုပ်ငန်း စဥ္များနှင့်အညီ နေ့ရောညပါ ကားသူခိုးများအားလုံးနှင့် အတူ သက်သေခံဖြစ်သည့် ၄င်းတို့ ခိုးယူသွားသည့် သက်သေခံ ကားများကို ဖော်ထုတ်ဖမ်းဆီးရရှိနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိနေကြောင်း သိရှိရပါသည်။
ထိုသို့ ကားများဆက်တိုက်ပျောက်နေပြီး ကားခိုးသူများကို အတိအကျ ခြေရာခံ စုံစမ်ဖော်ထုတ် ဖမ်းဆီးရမိတာတွေ မရှိသေးပေမဲ့ လို့ ဖေဖော်ဝါရီ လဆန်းရက် မှာပင် လားရှိုးမြို့တွင်း ရပ်ကွက်တခု၌ အိမ်ရှေ့တွင်ရပ်ထားသည့် ၄င်းတို့ အိမ်စီးကားလေးတစင်း ထပ်မံပျောက်ဆုံးသွားကြောင်း လူမှုကွန်ယက် သတင်းများကို ဆက်လက် တွေ့ရှိခဲ့ရပါ သည်။
ယင်းပျောက်ဆုံးကားများနှင့်ပတ်သက်၍ တာဝန်ရှိသူ ရဲအုပ် စိုးမိုးဌေး ထံဆက်သွယ်စုံစမ်းခဲ့ရာတွင်ကားခိုးနေသူတွေက တယောက်ထဲမဟုတ်ကြကြောင်း၊ ခိုးပြီးကားတွေ ပုံဖျက်တာပြောင်းတာတွေလုပ်ဆောင်နေကြကြောင်း၊ မကြာမှီ ထိုကားခိုးနေသူအဖွဲ့အားလုံးမိတော့မှာပါ ... ဟု ယုံကြည်မှုအပြည့်ဖြင့် တိကျစွာ ပြန်လည်ပြောကြားခဲ့ပါသည်။
သို့ဖြစ်၍ ဖော်ပြပါ ကားသူခိုးတွေ ၆ ဦးနှင့် ခိုးကားတွေကို လက်ခံ ပုံဖျက်တာတွေ ပုံပြောင်းတာတွေလုပ်ပေးသူ ၁ ဦး၊ စုစုပေါင်း ကားသူခိုးအဖွဲ့ ၇ ဦးကို ကားခိုးမှု ကျူးလွန်ခဲ့ကြသည့် သက်သေခံပစ္စည်းများဖြင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိပါပြီ ဆိုသည့် သတင်းထုတ်ပြန်ဖော်ပြခြင်းအား ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်းတွင် သတင်းရရှိခဲ့ပါသည်။ ခိုးခံရသော ကား ၇ စင်း အားပိုင်ရှင်မှန်များကို စီစစ်မှုပြုပြီး ကားတွေပြန်အပ်သွားရန် စီစဥ္လျက်ရှိကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူမှ သတင်းမီဒီယာများသို့ ပြောကြားခဲ့ပါသည်။
ဖေဖော်ဝါရီ ၂၇ ရက် မွန်းလွဲပိုင်းတွင် ထိုခိုးခံရ သည့် ကား ပိုင်ရှင်များကို လားရှိုးမြို့မရဲစခန်း၊ ရဲ သူရိန်ခန်းမတွင် လားရှိုးမြို့မ ရဲစခန်းမှူး ဒုရဲမှူးအေးမင်းသိန်း နှင့် တာဝန်ရှိသူများက ကားပိုင်ရှင်များနှင့်တွေဆုံပြီး ကားတွေပြန်လည်အပ်နှံခြင်း အခမ်းအနားပြုလုပ်ခဲ့သည်။
ကားပိုင်ရှင်များဖြစ်ကြသည့် လားရှိုး မြို့၊ရေကန်လမ်းနှင့်ကြာနီလမ်းထောင့်၊ ရပ်ကွက်( ၃ ) နေ ဦးတွမ်စိုးဖွာ ၊လားရှိုးမြို့၊ရွှေသံလွင်လမ်း၊ ရပ်ကွက် ( ၇ )နေ မနှင်းစန္ဒာခင် ၊ရပ်ကွက်(၇)၊ရန်ကင်းလမ်းနေ ရန်ဟွာ(ခ)ရန်အုန်း၊ရပ်ကွက်(၇)၊မင်္ဂလာလမ်းနေ လျှိုခမ်း(ခ)အခမ်း၊ လားရှိုးမြို့နယ် မယ်ဟန်ကျေးရွာအုပ်စု၊ ကောင်းဆာ၊ ရပ်ကွက် (၂)နေ အားစိန် ၊လားရှိုးမြို့ ၊ ရတနာပုံလမ်း၊ ရပ်ကွက် ( ၄ )နေ ဒေါ်ချိုချိုထွေး ၊ သိန်းနီမြို့၊ရပ်ကွက်(၁)နေ ဦးစိုင်းစံအေး တို့အား ရဲတပ်ဖွဲ့တာဝန်ရှိသူများမှ တဦးစီကို တွေ့ဆုံကာ ၄င်းတို့ပိုင် ကားတွေကို ပြန်လည်အပ်နှံပေးအပ်ခဲ့ကြောင်း၊ အဆိုပါ ကားပိုင်ရှင်များမှလည်း ရဲတပ်ဖွဲ့သို့ အထူးကျေးဇူးတင်ရှိကြောင်း၊ လေးစားအားကိုးထိုက်သော ကူညီဆောင်ရွက်ပေးခဲ့ခြင်းအပေါ် အထူးကျေးဇူးတင်ရှိကြောင်း ပြန်လည်ပြောကြားခဲ့ကြသည်ဟု သိရှိရသလို ထိုနေ့ တွင် ကားပိုင်ရှင်များကို တွေ့ဆုံ ပြန်လည်အပ်နှံခဲ့သော ကားအမျိုးအစားများမှာ TOYOTA Mark-II(၃)စီး၊TOYOTA Wish (၃)စီးနှင့် TOYOTA KLUGER တစ်စီးတို့ ဖြစ်ကြောင်း မြို့မရဲစခန်း၏ သတင်းထောက် များသို့ အတည်ပြုပြောကြားခဲ့ သည့် ကားအမျိုးအစား အချက်အလက်များအရ သိရှိရပါသည်။
၄င်း ကားခိုးသူ ၆ ဦးနှင့် ၄င်းခိုးလာသည့်ကားများကို သိထားပြီး လက်ခံကာ ကားပုံဖျက်၊ ပုံပြောင်းပေးသူ ၁ ဦး၊ စုစုပေါင်း ၇ ဦးကို လားရှိုးမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်းနှင့် လားရှိုးမြို့နယ်တွင်း အလားတူ ကားခိုးခံရသူများ ပြီးခဲ့သည့် တလကျော်ကာလအတွင်း ရှိခဲ့သည်ဆိုပါကလည်း လားရှိုးမြို့မရဲစခန်းသို့ လာရောက် သတင်းပေးတိုင်ကြားပေးကြရန်ကိုလည်း မြို့မရဲစခန်းတာဝန်ရှိသူတဦးက ပြောကြားခဲ့ကြောင်း သိရှိရသလို ၄င်းဖမ်းဆီးရမိသော ကားခိုးအဖွဲ့ ၇ ဦး တို့မှ ခိုးကားအချို့ကို နယ်မြို့များသို့ ပို့ဆောင်ရောင်းစားထားသော ကားများလည်းရှိနေကြောင်း၊ ဖမ်းဆီးရမိခြင်းမရှိသေးသည့် ခိုးခံရသည့် ကားများကျန်ရှိနေသေးသည့်အတွက် ကားပျောက်သွားသည့် ယာဉ္ပိုင်ရှင်များအနေဖြင့် မြို့မရဲစခန်း၊ နယ်မြေရဲစခန်းသို့ သတင်းပို့ တိုင်ကြားထားကြရန် သတင်းထုတ်ပြန်ထားကြောင်း သိရသည်။
L 2 (LSO)