``လားရှိုးမြို့ ပြန်လည်ထူထောင်ရေးစခန်းတွင် မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်´´

လားရှိုးမြို့ ၊ ဖေဖော်ဝါရီ ၂၈ ရက်။                 

                                  

​ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ပြန်လည်ထူထောင်ရေးဦးစီးဌာနတွင်  ဖေဖော်ဝါရီလ (၂၈) ရက်နေ့ နံနက်(၉း၃၀)အချိန်က စခန်းအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေး သင်တန်း(အမျိုးသမီး) အမှတ်စဉ်(၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

​အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုရဲမှူးကြီးမြင့်နိုင်က အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး ပြန်လည်ထူထောင်ရေးစခန်း တာဝန်ခံ ဦးစီးအရာရှိ ဦးဇော်ထက်အောင်က သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားရာ လူမှုဒုက္များခံစား​ေနရသူများအား ပြန်လည်ထူထောင် ပေးခြင်းဖြင့် ပိုမိုကောင်းမွန်သောဘ၀ကိုရရှိစေရေးအတွက်ဖြစ်ကြောင်း၊ ယခုဖွင့်လှစ်သော သင်တန်းသည် မြန်မာနိုင်ငံအတွက် ပထမဦးဆုံး အမျိုးသမီးပြန်လည်ထူထောင်ရေးသင်တန်းဖြစ်ကြောင်း၊ သင်တန်းသူများ အား စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြုပြင်ပေးခြင်းဖြင့် ၎င်းတို့၏ ရပ်ရွာအကျိုး၊ နိုင်ငံအကျိုး၊ လူမှုအသိုက်အဝန်းများ တွင် ပြန်လည်ဝင်ဆံ့စေရန် မိတ်ကပ်၊ ဆံပင်ပြုပြင်ခြင်း၊ စက်ချုပ်ခြင်း၊ ဆပ်ပြာဆီပြုလုပ်ခြင်း စသည့် အသက်မွေးဝမ်းကျောင်း ပညာများသင်ကြားပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသော ဧည့်သည် တော်များဖြင့် စုပေါင်းမှတ်တမ်းတင်ရိုက်ကူးခဲ့ပြီး တာဝန်ရှိသူများက သင်တန်းသူများ၏ အိပ်ဆောင်များ၊ သင်တန်းဖွင့်လှစ်မည့်ခန်းမများအား လိုက်လံစစ်ဆေးကြည့်ရှုခဲ့ကြသည်။

​အဆိုပါ မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်းကို သင်တန်းသူ(၂၅)ဦးဖြင့် သင်တန်းကာလ(၃)လတာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။


Source; ရှမ်းမြောက်ဌာနဆိုင်ရာသတင်းစာမျက်နှာ