``ရှမ်းမြောက် ပြည်ထောင်စုလမ်းမကြီး မူဆယ်မြို့ဝင်ဂိတ် လမ်းကြောင်းကို ပိတ်ဆို့စေရေး သဘောဖြင့် ယာဥ်အချို့ကို လမ်းပိတ် ရပ်ထားပြီး ဆန္ဒထုတ်ဖော်သည့်အလားပြုလုပ်ခဲ့၍ ခေတ္တပိတ်ဆို့ခဲ့"

ဖေဖော်ဝါရီ ၂၀ ရက်။ 

 မူဆယ်​။

မန္တလေး - လားရှိုး - မူဆယ် ပြည်ထောင်စု လမ်းမကြီး၏ မူဆယ်မြို့ဝင် ၁၀၅ မိုင်၊ မိုင်းယုဂိတ်မှ မူဆယ်လမ်းကြောင်းပေါ်တွင် ယာဥ်မောင်းအချို့ က ၄င်းတို့မောင်းနှင်လာသည့် ကားများကို လမ်း ကြောင်းပေါ်တွင် ပိတ်ရပ်ပြီး ကုန်စည် အဓိက သယ်ယူပို့ဆောင်ရေးလမ်းကြောင်းပိတ်ဆို့ ကာ ကား ပျက်သလိုဖြင့် ဆန္ဒထုတ် ဖော်ခြင်း ဟူသည့် သဘော ပြုလုပ်ခဲ့ကြောင်း၊ သို့ဖြစ်၍ ယနေ့ နံနက်ပိုင်းက နာရီဝှက် ခန့် အချိန်ပိုင်း ယာဥ်လမ်းကြောင်းပိတ်သွားခဲ့သည်ဟု ယာဥ်မောင်းများထံမှ သိရှိရပါသည်။




``ကျွန်တော်တို့ ကားတွေခုနစ်စင်းလောက် 
ရောက်သွားတော့ ဘာဖြစ်တာလဲဆိုပြီးကား
ပေါ်ကဆင်းပြီး ယာဥ်မောင်းတွေအားလုံး
သွားကြည့်ကြတာပေါ့.... ဟိုဘက်ဒီဘက်
နှစ်ဘက်ယာဥ်တွေ မျက်နှာချင်းဆိုင်တဲ့နေရာမှာ 
ကားလေးသုံးစင်းလောက်က စလုပ်သလိုမျိုး 
ပါ... သူတို့ကားတွေကိုလည်း ကျောက်ခဲတွေ 
ဖြုံးအုပ်တွေလိုမျိုးနဲ့ ဘီးတွေကို ခုထားကာ
ထားတာမျိုးလုပ်ပြီး ဒီနေ့ မွန်းတက် ၁၂ နာရီ
အထိ ဒီလမ်းကြောတခုလုံးကိုပိတ်ပြီး 
ဆန္ဒပြကြမယ်... လို့ ပြောလာတယ်... အဲ့တာ
ကို ကားသမားတွေက လင်မခံကြတဲ့
သဘောမျိုးနဲ့ အချိူ့ကားဆရာတွေက အဲ့ဒီ 
ကတ္တရာလမ်းအပိုင်းကို လယ်ကွင်းတွေ
ဖြတ်ပြီး ကွင်းသူက ကွင်းကြတယ်... 
နောက်ပြီး ကားသမားတွေ လက်
မခံကြဘူး.. သဘော မတူကြဘူးဆိုပြီး 
သူသူငါငါ ပြောနေကြတယ်.. စလုပ်တဲ့
သူတွေက ကာတီးနား သုံးစင်းလောက်နဲ့ 
စသူတွေ. မျက်နှာမကောင်းကြဘူး.. 
သူတို့ကို မျက်နှာ ``ဒဲ့'' သွားစိုက်ကြည့်
တာ ပြန်တောင်မကြည့်ရဲဘူး...  
ပြောရရင် တိုင်းရင်းသား မျက်နှာပေါက်
မဟုတ်တာ သေချာသလို တရုတ်စပ်တွေ
 မျက်နှာမျိုးလဲ မဟုတ်တဲ့ လူမျိုးခြား 
ကပြားပုံတွေနဲ့ပါ... သိပ်မကြာခင်ဘဲ ယာဥ်ထိမ်
းတွေ တာဝန်ရှိသူတွေရောက်လာပြီး 
လမ်းကြောရှင်းပေးပြီး လမ်းပွင့်သွား
ပါတယ်... ယာဥ်ထိမ်းရဲ တာဝန်ရှိသူတွေလာ
တာနဲ့ ကားဆရာတွေအားလုံး ကိုယ့်ကားပေါ် 
ကိုယ်တက်ကြပြီး လမ်းတွေချက်ခြင်း 
ရှင်းပေးကြပြီး ယာဥ်ကြော တဘက်ကို စ ပြီး 
မောင်းကြရတာပါ... '' 
ဟု 
ယနေ့ ဖြစ်စဥ်ဖြစ်သည့် မူဆယ်မြို့သို့ 
မဝင်မှီ မိုင်းယု ၁၀၅ မိုင်ဂိတ်ကို ဖြတ်သန်း 
မောင်းနှင်ပြီး မူဆယ်နဲ့ ၁၀၅ မိုင်ကြာလောက် 
တွင် ဖော်ပြပါ ဖြစ်စဥ်ကိုကြုံတွေ့ခဲ့ကြောင်း 
လားရှိုးမီဒီယာဂရု သို့ ပြောပြခဲ့ခြင်း
ဖြစ်ပါသည်။


မူဆယ်ခရိုင်တာဝန်ရှိသူများ၊ ယာဥ်ထိမ်
းရဲတပ်ဖွဲ့မှ တာဝန်ရှိသူများအချိန်မှီ အဆိုပါ 
ယာဥ်လမ်းကြောင်း ပွင့်စေရေးဆောင်ရွက်
ခဲ့သောကြောင့် နံနက် ၉း၀၀ အချိန်ခန့်က  
မူဆယ် နှင့် ၁၀၅ မိုင်၊ မိုင်းယု ဂိတ်လမ်း 
ကြောင်း တ​ေလျှာက် လမ်းကြောပွင့်သွာ
းခဲ့ပြီး ကုန်စည် သယ်ယူပို့ဆောင်ရေးနှင့် 
ခရီးသည်ယာဥ်မှန်သမျှ ကောင်းမွန်စွာပင် 
သွားလာမောင်းနှင်နိုင်ကြပြီဖြစ်ကြောင်း 
စုံစမ်းသိရှိရသည်။



A Li (Lashio MediaGroup)