"ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ချင်းပြည်နယ်၊တီးတိန်မြို့ ဒေသခံ ပြည်သူ လူထု မြို့မိမြို့ဖ များနှင့်တွေ့ဆုံ"
တီးတိန်မြို့ - သြဂုတ် ၁၃ ရက်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည်ချင်းပြည်နယ် တီးတိန်မြို့၊မြို့မိမြို့ဖ မြားနှင့် ယနေ့နံနက် (၇း၃၀)အချိန်တွင်စကောလမ်း ရပ်ကွက်၊ အထက(၁)စံကိုက်ညီအခြေခံ ပညာမူလတန်းကျောင်းခန်းမ၌ တွေ့ဆုံပွဲပြုလုပ်ခဲ့ရာ ရှေးဦးစွာ နိုင်ငံတော်ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က အမှာစကားပြောကြားသည်။
ထို့နောက် တီးတိန်မြို့နယ် ဒေသခံပြည်သူ လူထု ကိုယ်စား၊ မြို့မိမြို့ဖ ဥက္ကဋ္ဌ ဦးခမ်ဆွင်းမုန် က ဒေသ၏ လိုအပ်ချက်များကိုတင်ပြခဲ့ပာသည်။
တင်ပြချက်များနှင့် စပ်လျဉ်း၍ ဌာနများ၏ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးပြည်ထောင်စု ဒုတိယဝန်ကြီး၊ ချင်းပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ပြန် လည် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
ထို့နောက်တွင် နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က ကိုဗစ် - ၁၉ ကာလအတွင်း စွမ်းစွမ်းတမံ ဆောင်ရွက် ခဲ့ကြသည့် စေတနာ့ဝန်ထမ်းများ နှင့်ပရ ဟိတ အသင်းအဖွဲ့များအား ထောက်ပံ့ငွေ ကျပ်(၁၀)သိန်း ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Source : Chin State GOV Website




