" လားရှိုးမြို့မှာ လူတစ်ဉီးဓါး ဖြင့်ခုတ် ခံရမှုဖြစ်စဉ်နှင့် မော်တော်ဆိုင်ကယ် လုယူခံရမှုဖြစ်စဉ် တဆက်တည်းဖြစ် ပွားခဲ့ "

လားရှိုး ၊ သြ - ၁၂


ရှမ်းပြည်နယ်မြောက်ပိုင်း ၊ လားရှိုးမြိုမှာ ၂၀၂၀ခုနှစ် ၊ သြဂုတ်လ ၉ ရက်နေ့ ၊ ည ၁၀ အချိန်ခန့်တွင် လားရှိုးမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မြင့်ကျော် ဉီးစီးရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ လှည့်ကင်းဆောင်ရွက်နေစဉ် သတင်းအရ  ရပ်ကွက် ၁ ၊နယ်မြေ ၇ ၊အေးချမ်းသာယာလမ်းသွယ်(၁) ၌ ဆိုင်ကယ်စီးနှင်လာသူ ၁ ဉီး ဓါးခုတ်ခံရကြောင်း သိရှိရသဖြင့် ၊သွားရောက်ကြည့်ရှုရာမှာ ၄င်းဓါးခုတ်ခံရသူဆိုင်ကယ်နောက်မှ ဆိုင်ကယ် ၁ စီးဖြင့်ကပ်လိုက်လာသော အမည်မသိ လူ ၂ ဉီးမှ ဓါးဖြင့်ခုတ်သွားကြောင်း ထိုဓါးခုတ်ခံရသူမှာ မောင်ပြည့်ဖြိုးဗိုလ် ၊အသက်(၂၀)နှစ်၊ အဖ ဦးဝင်းဗိုလ် ၊ ဒဂုံဘီယာ ကုမ္ပဏီဝန်ထမ်း ၊ နယ်မြေ(၇) ၊ ရပ်ကွက်(၁၁) လားရှိုးနေသူဖြစ်ပြီး ဦးခေါင်းတွင် ပြတ်ရှဒဏ်ရာ ၁ ချက် ၊ လည်ပင်းတွင် ပြတ်ရှဒဏ်ရာ ၁ ချက်နှင့် ကျောကုန်းတွင်  ပြတ်ရှဒဏ်ရာများရရှိနေသဖြင့်လားရှိုးးဆေးရုံကြီးသို့ပို့ဆာင်ခဲ့ကြ သည်။

ထိုအချိန် ဓါးခုတ်သွားသူ ၂ ဦးအား ရဲတပ်ဖွဲ့မှ လိုက်လံဖမ်းဆီးရှာဖွေစဉ် လားရှိုးမြို့ ၊ ရပ်ကွက်(၁) ၊ နယ်မြေ(၉)၊ ပြည်ထောင်စုလမ်းမကြီး ၊ အသောက ဓါတ်ဆီဆိုင်အနီး နားမခေါ်ဘက်မှ မြို့တွင်းဘက်သို့ SHAYAN CZI 125 အနက်ရောင်ဆိုင်ကယ်ဖြင့် မောင်ဘရန်မွန်းအောင် ၊ အသက်(၁၇)နှစ် ၊အဖ ဦးဂမ်ရှောင် ၊ နယ်မြေ(၈) ၊ ရပ်ကွက်(၁) ၊ လားရှိုးနေသူမှ မောင်းနှင်ပြီး နောက်တွင် မောင်လရောင်မျိုး ၊ အသက်(၁၇) ၊ အဖ ဦးနေမျိုး ၊နယ်မြေ(၈) ၊ရပ်ကွက်(၁) ၊ လားရှိုးနေသူတို့  ၊စီးနှင်းလာသူ ၂ ဦးအား ​မောင်ပြည့်ဖြိုးဗိုလ် ကို ဓါးဖြင့်ခုတ်ကာ ထွက်ပြေးသွားသော ထိုအမည်မသိသူ ၂ ဦးမှ ထပ်မံ၍ ဓါးအိမ်ပါအရှည် ၃ ပေ ခန့်ရှိသော ဓါးရှည် ၁ ချောင်းဖြင့် လှမ်းခုတ်ရာ လူအားမထိမိဘဲ ဓါးမှာဆိုင်ကယ်နောက်ဘီးကြားသို့ ဝင်သွားပြီး၊ ဆိုင်ကယ်ရပ်တန့်သွားခဲ့စဉ် မောင်ဘရန်မွန်းအောင်နှင့် မောင်လရောင်မျိုး တို့မှာ ဆိုင်ကယ် အားထားပြီး ထွက်ပြေးခဲ့ကြသည်။

ကျန်ရှိခဲ့သော ဆိုင်ကယ်အား ထိုအမည်မသိသူ ၂ ဉီးက ယူဆောင်ပြီး ရပ်ကွက် ၁ ရှိ ၊ ချယ်ရီမြိုင်အိမ်ယာဘက်သို့ ထွက်ပြေးသွားရာနောက်ကို ရဲတပ်ဖွဲ့ဝင်တို့မှ လိုက်လံရှာဖွေစဉ် ၊ ည ၁၀ ခွဲ အချိန်ခန့်တွင် ချယ်ရီမြိုင်အိမ်ယာ ၊လမ်းသွယ်ကြီး ၄ ၊ဖူဆယ်ဘောလုံးကွင်းအနီး၌ လုယူခံခဲ့ရသည့် ဆိုင်ကယ်နှင့်အတူ မောင်နော်မိုင် ဆိုသူသည်၊ လမ်းဘေးဓါတ်တိုင်အားဝင်တိုက်မိပြီး လမ်းဘေးမြောင်းထဲသို့ ထိုးကျကာ ဒဏ်ရာများရရှိ၍ သတိမေ့​နေသည်ကို တွေ့ရှိရသဖြင့် လားရှိုးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြပြီး ၎င်းနှင့်ပတ်သက်၍ ပတ်ဝန်းကျင်သိရှိသူများရဲ့ ပြောပြချက်အရ နော်မိုင် ၊ အသက် ၂၃ နှစ် ၊အဖ ဉီးဂမ်ဖန့် ၊ မပတ မမှတ်မိ ၊တောင်သူ ၊ကုံးမုံကျေးရွာ ၊ ရပ်ကွက် ၅ ၊လားရှိုးနေသူဖြစ်ကြောင်း သိရသည်။

နော်မိုင်နှင့်အတူ စီးနှင်းခဲ့သူအား ဆက်လက်ရှာဖွေခဲ့ရာ ထိုည၌ပင် ချယ်ရီမြိုင်အိမ်ယာလမ်းဘေးတစ်နေရာတွင် SHAYAN CZI 125 ခဲ / နက်ရောင် ၎င်းဆိုင်ကယ်နှင့်အတူ ဘရန်အောင် ၊အသက် ၂၄ နှစ် ၊ အဖ ဦးလတောင် ၊မပတ မမှတ်မိ ၊​တောင်သူ ၊ကုံးမုံကျေးရွာ ၊ရပ်ကွက် ၅ ၊လားရှိုးနေသူအား ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း ၊ထိုသို့ဖမ်းဆီးရမိစဉ် ​မောင်ပြည့်ဖြိုးဗိုလ် အား နော်မိုင်မှ ဓါးဖြင့်ခုတ်စဉ် ဆိုင်ကယ်မောင်းနှင်သူ ဘရန်အောင်ရဲ့ ညာဘက် လက်ကောက်ဝတ်အား ခုတ်မိခဲ့ရာ အရိုးထိ ပြတ်ရှဒဏ်ရာ ရရှိခဲ့သည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ဆေးကုသမှုခံယူရန် လားရှိုး ပြည်သူ့​ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြသည်။

ဓါးခုတ်ခံရသူ မောင်ပြည့်ဖြိုးဗိုလ်နှင့် ပြစ်မှုကျူးလွန်သူ ၂ ဦး ၊စုစုပေါင်း ၃ ဦးတို့မှာ လားရှိုးပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေရကြောင်း သိရပါတယ်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍မော်တော်ဆိုင်ကယ်လုယူခဲ့မှု ပြစ်မှုကျူးလွန်သူ နော်မိုင်နှင့် ဘရန်အောင်တို့ ၂ ဦးအား လားရှိုးမြို့မရဲစခန်းမှ (ပ)၃၇၇ / ၂၀၂၀ ၊ရာဇသတ်ကြီးပုဒ်မ - ၃၈၂ ဖြင့် လည်းကောင်း ၊ ​မောင်ပြည့်ဖြိုးဗိုလ်အား ဓါးဖြင့်ခုတ်ကာ ဒဏ်ရာများရရှိစေသဖြင့် (ပ) ၃၇၈ / ၂၀၂၀ ၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် လည်းကောင်း ၊အသီးသီးအမှုဖွင့် အရေးယူ​ဆောင်ရွက်ထားကြောင်း သိရသည်။


သတင်း / ဇော်ဆိုင်း (လားရှိုး)


ဓါတ်ပုံ - လားရှိုးမြို့မရဲစခန်း