ကျောက်မဲ.ဇူလိုင် (၂၈)ရက်
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ
ခရိုင်၊ ကျောက်မဲမြို့နယ်အတွင်းရှိ
ကျေးရွညအချို့ တွင်နေထိုင်လျက်ရှိ
သော ဒေသခံတိုင်းရင်း သားများမှ
နိုင်ငံသားစီစစ်ရေးကတ်ပြား မပြုလုပ်
ရသေးသူများကို ကျောက်မဲမြို့နယ်
လဝက ဦးစီးမှူးလိုက်ပါကာ မြို့နယ်
လဝက တာဝန်ရှိဝန်ထမ်းများက
ကွင်းဆင်း ဆောင်ရွက်မှုတွေပြုလုပ်
ပေးခဲ့ကြောင်း ကျောက်မဲခရိုင်
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ
ရေးဦးစီး ဌာနကသတင်းရေးသား
ဖော်ပြခဲ့ပါသည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင်
ကျင်းပမည့် ရွေးကောက်ပွဲအတွက်
မဲဆန္ဒရှင်စာရင်းမှ နိုင်ငံသားစိစစ်ရေး
ကတ် မရှိသူများကို အဓိကထားပြီး
နိုင်ငံသားစိစစ်ရေးကတ်တွေကို အခု
လိုကွင်းဆင်းပြီးပြုလုပ်ပေးခဲ့တာ
ဖြစ်ကြောင်း။
ကျောက်မဲမြို့နယ် လူဝင်မှုကြီးကြပ်
ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာမြို့နယ်
ဦးစီးဌာနမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းထိန် နှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်
ရွက်ပေးလျက်ရှိကြောင်း
သိရှိရပါသည်။
ကျောက်မဲမြို့နယ်တွင်းက ပင်ပေါ
ကျေးရွာအုပ်စုနှင့် တောင်ဆေးလိပ်
ကျေးရွာအုပ်စုတွေကို ကွင်းဆင်း
ဆောင်ရွက် ပေးခဲ့ခြင်းဖြစ်ကြောင်း။
ကျောက်မဲမြို့နယ်အနေဖြင့်
အသက် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသား
စိစစ်ရေးကတ်မရှိသေးသူ လူဦးရေ
စုစုပေါင်း ၂၅၂၆ ဦးရှိပြီး ၎င်းအနက်မှ ယနေ့အထိ ၁၂၅၆ ဦးအတွက်
အမျိုးသားမှတ်ပုံတင်ကတ်များ
ထုတ်ပေးနိုင်ခဲ့ကြောင်း၊ဆောင်ရွက်
ပေးရန် ကျန်ရှိသည့်သူများကို
ရွေးကောက်ပွဲ မတိုင်မီကာလအတွင်း
အပြီးထုတ်ပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း MOI သတင်း
အရင်းအမြစ်အရ သိရှိရပါသည်။
မိုင်းထွန်း(ပြန်/ဆက်)
ရှမ်းပြည်နယ်
