ဇူလှိုင် - ၂၈ (လားရှိုး)
ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့ရှိ
သီပေါတံတားပေါ်မှ အမျိုးသမီးတစ်ဦး
သည် ဒီနေ့ ၂၀၂၀ခုနှစ် ဇူလှိုင် ၂၈ ရက်၊
ည ၈ နာရီခန့်တွင် ဒုဌ၀တီမြစ်ထဲသို့
ခုန်ချသွားကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးအား သီပေါနယ်
စည်းမခြား ပရဟိတအဖွဲ့က ဉီးဆောင်
၍ ပရဟိတလူငယ်များတို့မှ စက်လှေ
၂ စီးဖြင့် မြစ်ကြောင်းအောက်တကြော ရှာဖွေခဲ့ရာ မြစ်ရေတက်ချိန်ဖြစ်နေပြီး ညအချိန်ရေစီးလည်း သန်နေသဖြင့်
မတွေ့ရှိသေးကြောင်း
သိရသည်။
ထိုသီပေါတံတားပေါ်တွင်
၎င်းအမျိုးသမီး၏ ဖိနပ်နှင့် အ၀တ်
ထည့်အိတ်တစ်လုံး ကျန်ရှိခဲ့ကြောင်း၊
အဆိုပါ အမျိုးသမီးမှာ မည်သူဖြစ်
ကြောင်း မသိရှိရသေးသလို မနက်ဖြန်
တွင် ထပ်မံရှာဖွေသွားမည် ဖြစ်ကြောင်း နယ်စည်းမခြား ပရဟိတအဖွဲ့ထံက
သိရသည်။
သတင်း / ဇော်ဆိုင်း (လားရှိုး)
ဓါတ်ပုံ - နယ်စည်းမခြား ပရဟိတအဖွဲ့


