ဇူလှိုင် - ၂၉ (လားရှိုး)
ရှမ်းပြည်နယ်မြောက်ပိုင်း ၊
သီပေါမြို့ရှိ သီပေါတံတားပေါ်မှ
မနေ့က ၂၀၂၀ခုနှစ်၊ဇူလှိုင် ၂၈ ရက် ၊
ည ၈ နာရီခန့်က ဒုဌ၀တီ မြစ်ထဲသို့
ခုန်ချသွားကာ ပျောက်ဆုံးနေသော အမျိုးသမီး
အလောင်းအား ပြန်လည် ရှာဖွေ
တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသမီး အလောင်းအား
ဒီနေ့ ဇူလှိုင် ၂၉ ရက် ၊ ညနေ ၆ နာရီ
တွင် ထိုသီပေါတံတား မြစ်ကြောင်း
အောက်ဖက် ၁ မိုင်လောက်နီးပါး
အကွာရှိ သီပေါမြို့နယ် နောင်အိန်
ကျေးရွာအနီး ကမ်းစပ်ရှိ သစ်ငုတ်
တစ်ခု၌ ချိတ်နေသည်ကို ဒေသခံများ
မှ တွေ့ရှိခဲ့သည်ဟု သိရသည်။
ထိုသို့ တွေ့ရှိကြောင်း
အကြောင်းကြားလာသဖြင့်
နယ်စည်းမခြားပရဟိတ သီပေါ ၊
အဖြူရောင်ကမ်းလက်များ ပရဟိတ
ကျောက်မဲ၊ပြည်သူလူထု ကယ်ဆယ်ရေး
သီပေါ အဖွဲ့တို့မှ သွားရောက်သယ်ယူကာ
သီပေါပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်ပေး
ခဲ့ကြကြောင်း သိရသည်။
၎င်းအမျိုးသမီးသည် မိုးကုတ်မြို့နယ်၊
ကျပ်ပြင်ကျေးရွာမှ မစော်မီသာ၊
အသက် ၃၉နှစ် အရွယ်ဖြစ်ကြောင်း၊
တံတားပေါ်တွင် ကျန်ရှိခဲ့သည့်
အ၀တ်အိတ်အတွင်းမှ နိုင်ငံသား
စိစစ်ရေး ကတ်ပြားအရ
သိရသည်။
သတင်း / ဇော်ဆိုင်း (လားရှိုး)
ဓာတ်ပုံ - နယ်စည်းမခြား ပရဟိတအဖွဲ့

