" လားရှိုးမြို့အနီး မြို့ရှောင်ကားလမ်း ဘေး တစ်နေရာတွင် လူ ၂ ဦးမှဝန်ထမ်း အ ယောင်ဆောင်၍ လူတစ်စုအား ခြိမ်းခြောက်ကာ ငွေးကြေးတောင်းခံမှု ဖြစ်ပွားခဲ့ "
လားရှိုး ၊ ဇူလှိုင် - (၁၅)
ရှမ်းပြည်နယ်မြောက်ပိုင်း၊
လားရှိုးမြို့နယ်၊ကောင်းကြဲ(အီ)
ကျေးရွာအုပ်စု၊ခိုက်ချန်ကျေးရွာ၊
လားရှိုးမြို့ရှောင် ကားလမ်းဘေး၊
တရုတ်သချိုင်းကုန်းအတွင်း ၂၀၂၀
ခုနှစ် ဇူလှိုင် ၁၄ရက်နေ့ ညနေ ၅
နာရီ အချိန်ခန့်တွင် ဉီးကျော်ကျော်၊
နေပြည်တော်တိုင်း(မ်) မှုခင်း
သတင်းထောက် ၊ ရပ်ကွက် ၁၂
လားရှိုးမြို့နေသူနှင့် ဦးဇော်နိုင်ဦီး
ရပ်ကွက် ၁၂ ၊ လားရှိုးမြို့ နေသူတို့
၂ ဦီးမှာ၊ ၀န်ထမ်းအယောင်ဆောင်
၍ လူ ၅ ဦီးအား ခြိမ်းခြောက်ကာငွေ
ကြေးတောင်းခံမှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ လားရှိုးခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊
မှုခင်းအကူဖွဲ့မှ ရဲတပ်ကြပ်ကြီး
သန့်ဇင်ဉီး ၊ လားရှိုးမြို့မရဲစခန်းမှ
ရဲတပ်ကြပ် အောင်မျိုးဝင်း နှင့်
သက်သေများ ပါဝင်သောအဖွဲ့သည်
နယ်မြေအတွင်း လှည့်ကင်းဆောင်
ရွက်နေစဉ် သတင်းအရ အဆိုပါနေ
ရာတွင် အမည်မသိ လူ ၂ ဉီးမှ
လူ တစ်စုအား ခြိမ်းခြောက်ကာ
ငွေးကြေးတောင်းခံ နေကြောင်း
သိရသဖြင့် သွားရောက်စုံစမ်းခဲ့ရာ ၊
ထို မှုခင်းသတင်းထောက်ဆိုသူ
ဉီးကျော်ကျော်တို့ ၂ ဉီးသည် KENBO CZI- 125 နီ/နက် ရောင် ဆိုင်ကယ်ဖြင့်
ရောက်ရှိနေပြီး မူးယစ်ဆေးဝါးသုံးစွဲသည် ဟုဆိုကာ လူ ၅ ဉီးထဲမှ ၂ဉီးအား
လက်ထိပ် ခတ်ထားပြီး၊ သန့်ဇင်အောင် လားရှိးနေသူထံမှ ငွေ ၂၀၀၀၀ ကျပ်
လည်းကောင်း ၊ အောင်ဝေဖြိုး
ခိုက်ချန်ကျေးရွာ ၊ လားရှိုးမြို့နယ်
နေသူထံမှ ငွေ ၂၃၀၀၀ ကျပ်
လည်းကောင်း ၊ မင်းမင်းအောင်
လားရှိုးနေသူထံမှ ငွေ ၁၀၀၀၀ ကျပ်
အားလည်းကောင်း၊တောင်းယူခဲ့ကြောင်း သိရသည်။
အဆိုပါလူ ၅ ဉီးအား
" ထောင်ချပစ်မည် ၊ ထောင်မကျ
စေချင်လျှင် တောင်းသည့်ငွေပေးရန် "
ဟု ခြိမ်းခြောက်ပြောဆိုကာ ကျန် ၂
ဉီးထံမှလည်း ငွေ ၆၀၀၀၀ ကျပ်
တောင်းယူနေစဉ်အတွင်း ထိုအယောင်
ဆောင်သူ ၂ ဉီးအား ရဲတပ်ဖွဲ့မှ
ဖမ်းဆီးရမိခဲ့ကြောင်း၊ ဖမ်းဆီးရမိသူ
၂ ဉီးထံမှ အစိမ်းရောင်ပြောက်ကျား
ဘေးလွယ်အိတ် ၁ လုံး ၊ အဖြူရောင်
ပြောက်ကျားဘေးလွယ်အိတ် ၁ လုံး၊
လက်ထိပ် ၂ ခု၊
အရိုးအသွား ၈ လက်မခန့်ရှိ ဓားဉီးချွန်မောင်းချဓား ၁ ချောင်း၊ TYTအမျိုးစားစကားပြောစက် ၁ လုံး၊RUIZXONG LONG
အမျိုးစား စကားပြောစက် ၁ လုံး၊ AIANFENG အမျိုးစား စကားပြောစက်
၁ လုံး ၊
ပြည်သူ့စစ်ဌာနေစာတန်းပါ တံဆိပ်
ရိုက်နှိပ်ထားသော အစိမ်းရောင်တီရှပ်
လက်တိုအကျီ ၁ ထည် ၊
နေပြည်တော်တိုင်း(မ်) မှုခင်းနှင့် သတင်းစုံအသင်းအဖွဲ့ချုပ် မီဒီယာအဖွဲ့စီစစ်ရေးကတ်ပြား ၁ ခု ၊နေပြည်တော်တိုင်း(မ်) အွန်လိုင်းသတင်းအေဂျင်စီ စိစစ်ရေးကတ်ပြား ၁ ခု၊
MIအမျိုးစား ဖုန်း ၁ လုံး ၊
OPPO အမျိုးစား ဖုန်း ၁ လုံး ၊
HUAWEI အမျိုးစား ဖုန်း ၁ လုံး ၊
Honor အမျိုးစား ဖုန်း ၂ လုံးတို့အား
သိမ်းဆည်းရမိခဲ့ပြီး၊ပြစ်မှုကျူးလွန်သူ ၎င်းတို့ ၂ ဉီးအား လားရှိုးမြို့မရဲစခန်းမှ
(ပ) ၃၄၅ /၂၀၂၀၊ ရာဇသတ်ကြီး
ပုဒ္မ ၃၈၈ / ၃၄၂ / ၅၀၆ /၁၇၀ /
၁၁၄ တို့ဖြင့် အမှုဖွင့် အရေးယူ
ထားကြောင်း သိရသည်။
ဇော်ဆိုင်း ( လားရှိုး )





