MRTV ထုတ်လအင့်နေမှု အစီအစဉ် Get link Facebook X Pinterest Email Other Apps "MRTV ထုတ်လအင့်နေမှု အစီအစဉ်" လက်ရှိတွင် ကမ္ဘာနိုင်ငံများ၌ ဖြစ်ပွားကူးစက်လျှက်ရှိနေသည့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်မြန် ကိုရိုနာ ဗိုင်းရပ်(စ်) ရောဂါ COVID 19 ရောဂါပိုး ကူးစက်မှုခံရသူများကို မြန်မာနိုင်ငံအတွင်း၌လည်း စစ်ဆေးတွေ့ရှိနေရပြီဖြစ်သောကြောင့် နိုင်ငံတော်အစိုးရ နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တို့မှ COVID 19 ရောဂါအား ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ ကျန်းမာရေး ပညာပေးခြင်းများ ကိုအချိန်နှင့် တပြေးညိဖော်ပြလျှက်ရှိနေပါသည်။ကူးစက်မြန် ကိုရိုနာ ဗိုင်းရပ်(စ်) ရောဂါ COVID 19 ကာကွယ် ထိမ်းချုပ် နိုင်ရေး၊ ကူးစက်ခံရ ပါကလည်း အချိန်မှီ စနစ်တကျ ကုသမှုခံယူနိုင်ရေးအတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးနှင့် ကျန်းမာရေးဌာန၊ပြည်သူ့ ဆေးရုံသို့ သတင်းပို့ဆက်သွယ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင် ရွက်ကြပါရန် အသိပေး နှိုးဆော်လိုက်ရပါသည်။