"ကျောက်မဲဆေးရုံတွင် မတ်၂၈ ရက် မှစပြီးစောင့်ကြည့်လူနာအဖြစ် ဆေးရုံ တက်ရောက်​နေသူ အမျိုးသားတစ်ဦး အပါအဝင် စုစုပေါင်း ၄ ဦးကို ကိုရိုနာ ဗိုင်းရပ်(စ်) COVID 19 ပိုး ထပ်မံ​တွေ့ ရှိကြောင်း သက်ဆိုင်ရာမှ သတင်း ထုတ်ပြန်"

 ကျောက်မဲ . မတ် (၃၀)

 ရှမ်းပြည်နယ်မြောက်ပိုင်း
ကျောက်မဲမြို့၊ ပြည်သူ့ဆေးရုံ
ကြီးတွင် စောင့်ကြည့်လူနာအဖြစ်
ပြီးခဲ့သည့် မတ် ၂၈ ရက်တွင် ကျောက်မဲ
ဆေးရုံသို့ တက်ရောက်နေသူ၊ ထိုင်းနိုင်ငံ
မှ ပြန်လာသည့် ပြည်တော်ပြန် မြန်မာနိုင်ငံသား အသက် (၂၄)နှစ်အရွယ်၊ အမျိုးသားတစ်ဦး နှင့် ရန်ကုန်တိုင်း ဟိုတယ်တခု
တွင် အသက် (၆၆) နှစ်အရွယ်၊ပြင်သစ်
နိုင်ငံမှ ခရီးသွားလာသူ အမျိုးသမီးတစ်ဦး၊ ရန်ကုန်မြို့ ဟိုတယ် တခု၌ပင် အသက် (၆၄) နှစ်အရွယ်၊ပြင်သစ်နိုင်ငံမှ ခရီးသွားလာသူ အမျိုးသား တစ်ဦးနှင့်ရန်ကုန်မြို့ ဟိုတယ် တခု၌ပင်အသက် (၅၁)ပြင်သစ်
နိုင်ငံမှခရီးသွားလာသူအမျိုးသမီး
တစ်ဦး စုစုပေါင်း ၄ ဦးအား COVID 19
ရောဂါပိုး တွေ့ ရှိကြောင်း
၎င်းတို့၏ ဓာတ်ခွဲစမ်းသပ်အဖြေများ
အရ မတ် ၃၀ ရက်နေ့ ရက်စွဲဖြင့်
ဓာတ်ခွဲအဖြေပြန်လည်ရရှိကြောင်း
ကျန်းမာရေးနှင့်အားကစား ဝန်ကြီး
ဌာနက သတင်းထုတ်ပြန်ခဲ့ပါသည်။

အလားတူ မတ်၂၈ ရက်နေ့တွင်လည်း
ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်၊ ပုလဲ
မြို့သစ် ပြည်သူ့ဆေးရုံ တွင်စောင့်
ဲကြည့်လူနာအဖြစ် တက်ရောက်လျက်
ရှိပြီး ထိုင်းနိုင်ငံမှ ရောက်ရှိလာသူ၊အသက် ၄၄ နှစ်အရွယ် အမျိုးသား
နှင့် ရန်ကုန်တိုင်း ဝေဘာလီ
အထူးကုဆေးရုံတွင် စောင့်ကြည့်
လူနာအဖြစ် တက်ရောက်လျက်ရှိသူ
အသက် ၄၅ နှစ်၊ အမျိုးသား ပြီးခဲ့သည့် ရက်များတွင်း ( ပြည်ပခရီးသွားလာခြင်း မရှိသူ) စုစုပေါင်း ၂ ဦးတို့ကိုလည်း ကိုရိုနာ
ဗိုင်းရပ်(စ်) COVID 19 ရောဂါပိုး တွေ့ရှိ
ကြောင်း ဓာတ်ခွဲစမ်းသပ်အဖြေကို
မတ် ၂၈ ရက်စွဲဖြင့်ရရှိကြောင်း
သက်ဆိုင်ရာ၏ သတင်းထုတ်ပြန်
မှုအရ သိရသည်။

သို့ဖြစ်၍ မတ် ၃၀ ရက်နေ့ ထိ ရရှိသော Covid 19 ရောဂါ ကူးစက်ခံထားရသူ လူနာစုစုပေါင်း ၁၄ ဦး ရှိနေပြီဖြစ်ကြောင်း
မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစား
ဝန်ကြီးဌာန မှ ထုတ်ပြန်ထားသည့်
သတင်းများအရ သိရှိရပြီး သံသယ
လူနာနှင့် စောင့်ကြည့်လူနာ စုစုပေါင်းမှာ ၄၇၂ ဦး ဖြစ်ကြောင်း သက်ဆိုင်ရာ၏ သတင်းထုတ်ပြန်မှုအရ သိရှိရ
ပါသည်။



လင်းလင်း (လားရှိုး)