"တရုတ်နိုင်ငံတွင်းရှိ မြန်မာနိုင်ငံသား အလုပ်သမား ၉၇ ဦးကို မြန်မာနိုင်ငံနယ်စပ် ချင်းရွှေဟော် သို့ တရုတ်နိုင်ငံ မြန်မာသံရုံးတာဝန်ရှိသူများနှင့်တရုတ်နိုင်ငံအစိုးရဘက်မှ ကူညီပို့ဆောင်ပေးခဲ့"

ချင်းရွှေဟော်.မတ်(၄)

 တရုတ်နိုင်ငံ ရှန်းထုံးပြည်နယ်၊ ရှရှန်းမြို့၌ ရွှေ့ ပြောင်းအလုပ်သမားများအဖြစ် မြန်မာနိုင်ငံမှ တရားဝင်  မဟုတ်သော သွားရောက်ခြင်းဖြင့် သွားရောက်လုပ်ကိုင်နေကြသည့် အလပ်သမားများမှာ လက်ရှိ တရုတ်နိုင်ငံ ၀ူဟန်မြို့မှ စတင်ဖြစ်ပွားနေသော ကူးစက်မြန်ဗိုင်းရပ်(စ်) ကိုရိုနာ အဆုပ်ရောင် ကူးစက်မြန်ရောဂါ ဖြစ်ပွားနေခြင်းကြောင့် ၄င်းတို့မှာ မြန်မာနိုင်ငံသို့ ပြန်လိုကြ
ကြောင်းကို တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးသို့ ဆက်သွယ်အကူညီ
တောင်းခြင်းများပြုလုပ်ခဲ့ကြသည်။

 မြန်မာ. တရုတ် နှစ်နိုင်ငံ နယ်စပ်မြို့ဖြစ်သည့် ချင်းရွှေဟော် မြို့သို့ မတ်(၄)ရက် နံနက် (၁၁း၀၀)နာရီအချိန်ခန့်က တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် သက်ဆိုင်ရာ တရုတ်အစိုးရ တာဝန်ရှိသူများ၊ တရုတ်နိုင်ငံ ရဲတပ်ဖွဲ့တို့ နှင့်ပူးပေါင်း စီစဉ်ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် ရောက်ရှိခဲ့ကြကြောင်းနှင့် ချင်းရွှေဟော် ပြည်သူ့ဆေးရုံမှ တာဝန်ရှိ ဆရာဝန် ဒေါက်တာ သီဟ နှင့်ကျန်းမာရေး တာဝန်ရှိသူများက ကျန်းမာရေး စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း နှင့် ချင်းရွှေဟော် မြို့နယ်အုပ်ချုပ်ရေးမှုး ဦးသက်ပိုင် နှင့်အုပ်ချုပ်ရေးတာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိ ဝန်ထမ်းများက ကြိုဆိုမှုများပြုလုပ်ခဲ့ကြသလို ကျန်းမာရေး စစ်ဆေးပြီးသူတိုင်းကို ၄င်းတို့၏ နေရပ်အသီးသီးသို့
ပြန်နိုင်ရေးအတွက် ကားများကို အခမဲ့ စီစဉ်ပေးခဲ့ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံ ရှန်ထုံးပြည်နယ်၊ ရှရှန်းမြို့သို့ သွားရောက်ကြပြီး ရွှေ့ပြောင်းလုပ်ငန်းများကို
တရားဝင်သွားရောက်လုပ်ကိုင်ခြင်းမျိုးမဟုတ်ဘဲ နယ်စပ်တရားမဝင်ဂိတ်​ပေါက်များမှ သွားရောက်ကြ
ခြင်းဖြစ်သလို အဆိုပါ တရုတ်နိုင်ငံတွင်းရှိ ရှန်ထုံးပြည်နယ် တွင်းထိပင် လုပ်ငန်း လုပ်ဆောင်မှုများကို ယခင်နှစ်ကာလ များကတည်းကပင် ထိုကဲ့သို့ သွားရောက်လုပ်ကိုင် ခဲ့ကြသူများလည်း ပါဝင်ကြသလို အချို့ မှာလည်း ယခုနှစ်ပိုင်းမှပင် သွားရောက်လုပ်ငန်းလုပ်ကိုင်ကြရခြင်းဖြစ်ကြောင်း ဖော်ပြပါ ကာယကံရှင် များထံဆက်သွယ်စုံစမ်း မေးမြန်းမှုပြုခဲ့ရာ ၄င်းတို့၏ ပြောပြမှု အသံဖိုင်
များအရ သိရှိရပါသည်။
 
မြန်မာနိုင်ငံသား ၉၇ ဦးကို ဘစ်ကားကြီး၂ စင်းဖြင့် တရုတ်နိုင်ငံ အစိုးရ တာဝန်ရှိသူများ ဘက်မှ
မြန်မာနိုင်ငံ သို့ ယခုလို ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းသည် တတိယအကြိမ်မြောက်ဖြစ်ကြောင်း၊
အဆိုပါ ဒေသ၏ သတင်းပြန်ကြားရေးမှ သတင်းထုတ်ပြန်မှုအရ သိရှိရပါသည်။
 
ယင်း တရုတ်နိုင်ငံမှ ရောက်ရှိလာကြသည့် မြန်မာနိုင်ငံသား လုပ်ငန်းသွားရောက်လုပ်ကိုင်ကြသူ အလုပ်သမားများအနက်မှ ချင်းတိုင်းရင်းသား ၁၅ ဦးပါဝင်ခဲ့ကြောင်း သိရှိရသလို ၄င်းတို့ မှာ
ရုတ်နိုင်ငံအတွင်း အခက်အခဲဖြစ်နေကြောင်းကို မြန်မာနိုင်ငံရှိ ဆွေမျိုးသား
ခြင်းများထံ ဆက်သွယ်အကြောင်းကြားမှုပြုလာသကဲ့သို့ တရုတ်နိုင်ငံဆိုင်ရာ
မြန်မာသံရုံး တာဝန်ရှိသူများထံသို့လည်း ဆက်သွယ်အကူညီတောင်းခဲ့ရာတွင်
မြန်မာနိုင်ငံရှိ ဆွေမျိုးသားခြင်းများနှင့်လည်း သံရုံးတာဝန်ရှိသူများက ဆက်သွယ် ကာ လိုအပ်သည့်အချက်အလက်များရယူခဲ့ကြကာ သက်ဆိုင်ရာ တရုတ်အစိုးရ
တာဝန်ရှိသူများ၊ တရုတ်နိုင်ငံ၏ အဆိုပါ ပြည်နယ်၏ ရဲတပ်ဖွဲ့တာဝန်ရှိသူများဖြင့်
ပေါင်းစပ်ညှိနှိုင်း ကူညီဆောင်ရွက်မှုများပြုလုပ်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်၍
ဖော်ပြပါ ချင်းတိုင်းရင်းသားများ ၁၅ ဦးသည်လည်း ယခုတပါတည်းလိုက်ပါလာ
ခဲ့ရခြင်းဖြစ်ကြောင်း သက်ဆိုင်ရာသတင်းပြန်ကြားရေး၏ သတင်းထုတ်ပြန်
မှုများအရ လည်းကောင်း၊ တရုတ်နိုင်ငံ၏ ယခုထပ်မံ ပို့ဆောင်ပေးခဲ့သည့် မြန်မာ
နိုင်ငံသား ၉၇ ဦးအား မြန်မာနိုင်ငံ ချင်းရွှေဟော် သို့ပို့ဆောင်ပေးခဲ့ခြင်း
နှင့်ပတ်သက်သော သတင်းထုတ်ပြန်မှုအရ လည်းကောင်း
သိရှိရပါသည်။




Photo : MOI
Source : MOI