"နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည် ချင်းအမျိုးသားနေ့ အကြိုည ချင်းတိုင်းရင်းသားများ၏ ရိုးရာ မီးပုံပွဲ အခမ်းအနားသို့ တက်ရောက် အားပေးကြည့်ရှုခဲ့ "

ထန်တလန် . ဖေဖော်ဝါရီ (၁၉) ရက်။

  ဖေဖော်ဝါရီ ၂၀ရက်နေ့တွင် ကျေ၇ာက်မည်ဖြစ်သည့် (၇၂) နှစ်မြောက်ချင်းအမျိုးသားနေ့ အခမ်းအနားသို့တက်ရောက်ရန်အတွက် ချင်းပြည်နယ် ထန်တလန်မြို့သို့ ရောက်ရှိနေပြီဖြစ်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည် သည် ဖေဖော်ဝါရီ(၁၉)ရက်၊ ညပိုင်း၌
 
ချင်းအမျိုးသားနေ့အခမ်းအနားကျင်းပပြုလုပ်မည်ဖြစ်သည့်  ချင်းပြည်နယ် ထန်တလန်မြို့၏ ချင်းအမျိုးသားနေ့ အကြိုည ချင်းတိုင်းရင်းသားများ၏ ရိုးရာ မီးပုံပွဲ အခမ်းအနား 
သို့တက်ရောက်ခဲ့ပြီး ရိုးရာ မီးပုံပွဲကို ထွန်းညှိကာ ရိုးရာမီးပုံပွဲကို 
စတင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ည၏ ချင်းတိုင်းရင်းသားများ၏ ရိုးရာ မီးပုံပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂို 
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပင် ချင်းရိုးရာ မီးပုံပွဲ စုပေါင်းအကကို ပျှော်ရွှင်စွာဖြင့် 
ပါဝင်ဆင်နွဲခဲ့ကြောင်း သိရှိရသလို
ချင်းတိုင်းရင်းသားများ၊ ချင်းတိုင်းရင်းသူများ၏ ရိုးရာ
အက အလှများကို အားပေးစကြည့်ရှုခဲ့ ကာ  ဂုဏ်ပြုဆုများချီးမြှင့်ပေးခဲ့ကြောင်း 
ဖော်ပြပါ မီးပုံပွဲည၌ပင် ဒေသခံ တိုင်းရင်းသား သတင်းမီဒီယာများ၏ 
သတင်းထုတ်ပြန်ဖော်ပြမှုများ အရသိရှိရသည်။




Source ; Myanmar state Coursal office Page & MOI GOV Office Page