“Bike Show ဆိုင်ကယ်စီး ပြပွဲ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ရာ ဆိုင်ကယ်စီးအဖွဲ့ (၂၇၀)မှ ဆိုင်ကယ်ပေါင်း(၃၀၀၀)ခန့် စီးနင်း ပြသကြမှာဖြစ်ကြောင်း သိရ”


နေပြည်တော် - နိုဝင်ဘာ(၃၀)

နိုဝင်ဘာ(၃၀)ရက်၊ ယနေ့မှာဘဲ မြန်မာနိုင်ငံရဲ့ မြို့တော်ဖြစ်သော နေပြည်တော် တွင် Bike Show ဆိုင်ကယ်စီး ပြပွဲ  ကို ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပြုလုပ်ခဲ့ကြောင်း နှင့် အဆိုပါ ဆိုင်ကယ်စီးပြပွဲကို မြန်မာပြည်၏ အနယ်နယ် အရပ်ရပ်က ဆိုင်ကယ်စီးအဖွဲ့(၂၇၀)မှ ဆိုင်ကယ်ပေါင်း (၃၀၀၀)ခန့် ၀င်ရောက် စီးနင်း ပြသခဲ့ကြောင်း သိရှိရပါသည်။
နံနက်ပိုင်းက စတင်ကာ နေပြည်တော်မြို့ကိုပတ်ပြီး စိးနင်းပြသကြရာ မိုင်(၄၀)ခရီးကို 
စီးနင်းပြသ မောင်းနှင်သွားကြမှာဖြစ်ကြောင်း ပျဉ်းမနား တွင်နေထိုင်သော 
ဒေသခံ ဦးဟိန်းမင်း က ပြောပြခဲ့ပါသည်။
"Bike Show   ဆိုင်ကယ်စီး ပြပွဲ  လို့ သိရတယ်…. ဆိုင်ကယ် အမျိုးမျိုးကို စီးနင်းပြသ မောင်းနင်တဲ့ ခရီးမိုင်လည်း (၄၀)ဆိုတော့ အချိန် တစ်နာရီ ပတ်ဝန်းကျင် လောက်ပုံမှန် စီးမယ်ဆို ရင်ခန့်မန်းနိုင်တာေါ့ … ဆိုင်ကယ် မောင်းနှင် စိးနင်း အလှပြတာတွေကို
တဦးနဲ့တဦး မတူညီတဲ့ မောင်းနှင်ပြသ မှုတွေ နဲပဆိုတော့ စိတ်ဝင်စားဖို့တကယ်ကောင်းပါတယ် ….."  ဟု ပြောပြခဲ့ပါသည်။

ထိုသို့ Bike Show ဆိုင်ကယ်စီး ပြပွဲ  ကို မြန်မာနိုင်ငံ၌ ယဉ်ကျေးမှုတခု ဖြစ်လာနိုင် 
သလားဆိုသော သုံးသပ်ရျုမြင်ချက်များဖြင့်လည်း ပြည်ပသတင်းမီဒီယာကြီး 
တခုက နေ့ခြင်းပင် အွန်လိုင်းသတင်းစာမျက်နှာ၌ 
ရေးသားဖော်ပြခဲ့ပါသည်။

Source;