“မြန်မာ-တရုတ် ကုန်စည်စီးဆင်းသည်ဆောင်ရာ အဓိကလမ်းကြောင်းပေါ်ရှိ သိန္နီမြို့လယ်၌ အစိုးရ တပ်မ တော် ယာဉ်တန်းနှင့် TNLA တအာင်း တပ်တို့အကြား ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ခဲ့ရာ တပ်မ တော် စစ်သည် (၃)ဦး ကျဆုံး၊ ဒေသခံ အရပ်သားပြည်သူ (၇)ဦး ထိခိုက် ဒါဏ်ရာရ”
သိန္နီ-အောက်တိုဘာ(၁၀)
အောက်တိုဘာ(၉)ရက်၊ နံနက်ပိုင်း၌ သိန္နီမြို့တွင်း မြို့လယ်ခေါင်မှာပင် အစိုးရ တပ်မတော်နှင့် တအာင်း လက်နှက်ကိုင် တပ်ဖွဲ့ TNLA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ သိန္နီ မြိုကခံ ပြည်သူ(၇)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံပြည်သူများထံ မှ စုံစမ်းသိရှိရသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ဒါဏ်ရာရသူများကို သက်ဆိုင်ရာ တာဝန်ရှိသူများ လိုက်လံ၍ စာရင်းကောက်ယူပြီး လူနာများကို သိန္နီပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဒါဏ်ရာရ လူနာများ ဆေးကုသမှုခံယူလျှက်ရှိနေပြီး ဒဏ်ရာရ အမျိုးသမီး(၂)ဦးကိုတော့ လားရှိုးဆေးရုံကြီးသို့ ထပ်မံလွှဲပြောင်း ပို့ဆောင်ခဲ့ရကြောင်း သိရှိရပါသည်။
ဒဏ်ရာရ လူနာများ အားလုံးမှာတော့ စိုးရိမ်ဖွယ်မရှိကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများကို ဆက်သွယ် စုံစမ်းစဉ် ပြန်လည်ပြောကြားခဲ့ပါသည်။
ဒါဏ်ရာရ လူနာများအတွက် သိန္နီမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်နယ်အစိုးရ နှင့် သိန္နီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တို့မှ ကနဦး ကျပ်ငွေ (၁)သိန်း စီကို ထောက်ပံ့ ကူညီထားကြောင်း သိန္နီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးစိုင်းခမ်း ကပြောကြားခဲ့ပါသည်။
ဦးစိုင်းခမ်း ကပြောကြားခဲ့ပါသည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်အပေါ် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်ချုပ် ဇော်မင်းထွန်း မှ ပြန်လည်ပြောကြားခဲ့သည်မှာ“တပ်မတော်က လုံခြုံရေးနှင် အုပ်ချုပ်ရေး ဆောင်ရွက်လျှက် ရှိသော ကား (၄)စင်း .. ပါ ယာဉ်တန်းကို သိန္နီမြို့လယ်၊ မြို့တွင်းမှာပင် TNLA အကြမ်းဖက် သောင်းကျန်းသူ (၅၀)လောက်က ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း၊ ပထမအကြိမ်ကိုတော့ RPG နဲ့ ပစ်ခတ်တယ်လို့ သိရကြောင်းနှင့် ပြီးရင် လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်ခဲ့၍ စီးနင်းတိုက်ပွဲ ဖြစ်ပွားပြီးမှာတော့ စစ်သည် အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် ထိခိုက်ဒဏ်ရာရပြီး ကျဆုံးသူလည်းရှိကြောင်း…” တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း မှ မီဒီယာများကို ပြန်လည်ပြောကြား ခဲ့ခြင်းဖြစ်ပါသည်။
ယမန်နေ့၏ နံနက်ပိုင်း၌ပင် သိန္နီမြို့ခံပြည်သူများအား ဆက်သွယ်စုံစမ်းမှုပြုရာတွင် ….
တိုက်ပွဲဖြစ်ပွားပြီး တပ်မတော်မှ ကျဆုံးသူ (၂)ဦးအား သည်ဆောင်သွားသည်ကို တွေ့ရှိခဲ့ရပြီး ထပ်မံ၍ လူမှုကူညီရေးအသင်းကားဖြင့် (၁)ဦး တင်ဆောင်သွားခဲ့ကြောင်း၊ စုစုပေါင်း (၃)ဦး သည်ဆောင်သွားသည်ကို တွေ့ရှိခဲ့ရသည်ဟု မြို့ခံ မြင်တွေ့သူ ပြည်သူတဦးက
ပြောပြခဲ့ပါသည်။
ဖော်ပြပါ ပစ်ခတ်တိုက်ခိုက်မှု တိုက်ပွဲအပြီး ယမန်နေ့ နံနက်ပိုင်းတွင် တအာင်း တိုင်ရင်းသားလက်နှက်ကိုင် တပ်ဖွဲ့ TNLA ကို သတင်းများမေးမြန်းစုံစမ်းနိုင်ရေး ဆက်သွယ်မှုပြုခဲ့ရာတွင်
အဆက်အသွယ် မရရှိခဲ့ပါ..။
TNLA ၏ လူမှုကွန်ယက် သတင်းစာမှက်နှာ၌ ဖော်ပြထားသည်မှာ …
“TNLA ခေါ် တအန်း(ပလောင်)အဖွဲ့ရဲ့ အင်တာနက်စာမျက်နှာမှာတော့ သိန္နီမြို့မှာ သူတို့တပ်ဖွဲ့နဲ့
ခလရ ၆၉ နဲ့ ၂၄၀ ပူးပေါင်းတပ်နဲ့ တိုက်ပွဲဖြစ်ပွား ကြောင်း၊ တပ်မတော်က စစ်ကား(၇)စီးနဲ့ ထိုးစစ်ဆင်လာတာကြောင့် တိုက်ခိုက်တာ” ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။
ထိခိုက်ဒဏ်ရာရရှိသူများကို သိန္နီမြို့ တာဝန်ရှိသူများမှ ကောက်ယူပြီးဖြစ်သည့်
စာရင်းအရ အသက်(၃၃)ရှိ မသန်းသန်းနွယ်၊ အသက်(၅၅)ရှိ ဒေါ်နန်းအုံစွန်၊
အသက်(၄၇)နှစ်ရှိ ဒေါ်နွမ်းစိန်၊ အသက်(၂၅)နှစ်ရှိ မနန်းတင့်တင့်ထွန်း၊အသက်(၂၉)နှစ်ရှိ
မခင်နန်းစိုး၊ အသက်(၂၄)နှစ်ရှိ စိုင်းဆိုင်လှိုင်း၊ အသက်(၃၁)နှစ်ရှိ ဦးဟန်ဝင်းအောင်
တို့ဖြစ်ကြောင်းနှင့် လက်ရှိတွင် သိန္နီ ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူလျှက်ရှိနေပြီး အမျိုးသမီး(၂)ဦးကိုတော့ လားရှိုးပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်ကာ
ကုသမှုများ ပြုလုပ်ပေးနေကြောင်း နှင့် လက်နှက်ကြီးကျည်စများ အသားထဲ
ဝင်သွားသည့် ဒဏ်ရာကို ဓါတ်မှန်ရိုက်ပြီး ကုသမှုများပြုလုပ်ပေးနိုင်ရေး
လားရှိုးဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ထားခြင်းဖြစ်ကြောင်း
သိရှိရပါသည်။
ယမန်နေ့ နံနက် (၆း၃၀)ခန့် စတင်ပစ်ခတ်သံများကြားရပြီး သိန္နီမြိုတွင်း ဖြတ်သန်းသွားသည့် တပ်မတော်လုံခြုံရေး ယာဉ်တန်းကို တာအာင်း လက်နှက်ကိုင် TNLA တပ်ဖွဲ့က လက်နှက်ကြီးများဖြင့် စတင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ နံနက် (၇း၀၀)အချိန်ခန့်အထိ ပစ်ခတ်သံများကြားနေရပြီး မြိုခံတွေ အားလုံး အိမ်ပြင်မထွက်ကြတော့ဘဲ အိမ်ထဲမှာဘဲ ပုန်းနေကြကြောင်း၊ ထိုသို့ အစိုးရ တပ်မတော်နှင့် TNLA တို့အကြားပစ်ခတ်နေကြသည့် လက်နှက်ကြီးကျည် (၁)လုံးမှာ သိန္နီမြို့၊
ရပ်ကွက်(၂) ရဲစခန်းနှင့်ကပ်လျှက်ရှိ နေအိမ်ပေါ်သို့ ကျသွားခဲ့ပြီး ရပ်ကွက်(၁)ရှိ နေအိမ်(၅)လုံးပေါ်သို့ ကျရောက်ခဲ့ကြောင်း၊ တပေါင်းပွဲတော် ကျင်းပသည့် ကွင်းပြင်တွင်းသို့လည်း လက်နှက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သည်များ လည်းရှိကြောင်း သိန္နီမြို့၏ ဒေသခံ ဦးမြင့်အေး က
ပြောပြခဲ့ပါသည်။
“လက်နှက်ကြီးကျည်တွေ ကျတဲ့ အိမ်က ဒေသခံပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ…။ သိန္နီဈေးလည်း ပိတ်လိုက်ပြီး ကျောင်းတွေလည်း ဒီနေ့ ပိတ်ထားလိုက်ပါတယ်.. သိန္တွီမြို့နယ် ပညာရေးမှူးရုံးက ကျောင်းတွေကို ဒီနေ့ ပိတ်ထားဖို့ ပြောခဲတယ်လို့ သိရတာပါ …။ မြိုကပေါ်မှာလည်း ဘယ်သူမှ သွားလာတာ မရှိတော့ဘူး…”
“မူဆယ်- လားရှိုး- မန္တလေး ပြည်ထောင်စု လမ်းမကြီးကိုလည်း တိုက်ပွဲဖြစ်နေစဉ် ကစပြီး ခဏ ပိတ်လိုက်ပြီး နေ့ခင်းပိုင်း(၁၀)နာရီကျော်မှာတော့ ပြန်ဖွင့်ပေးလိုက်တာ တွေ့ရပါတယ်..
ဟိုင်းဝေး ကားတွေ ပြန်လည်ဖြတ်သန်းသွားနေကြပါပြီ…” ဟု မြို့ခံပြည်သူ
ဦးမြင့်အေးက ပြောပြခဲ့ပါသည်။
L2 (LSO)
ဓါတိပုံ- အင်တာနက်
