“မြန်မာနိုင်ငံ၏ စတ္ထုထအကြိမ် လူငယ်စွန့်ဦးတီထွင်မှု ပွဲတော်ကြီးကို ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် အောက်တိုဘာ(၅)ရက်တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်…”
တောာင်ကြီး - အောက်တိုဘာ(၅)
ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ(၅)ရက်နေ့တွင် လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း ( Shan State Young Enterpreneurs Assosation ) အသင်းအဖွဲ့၏ ကြီးမှူး ကျင်းပပြုလုပ်မည်ဖြစ်သော မြန်မာနိုင်ငံ၏ စတ္ထုထအကြိမ် လူငယ်စွန့်ဦးတီထွင်မှု ပွဲတော်ကို တောင်ကြီး တက္ကသိုလ် ဘက်စုံခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသလို ရှမ်းပြည်နယ် လူငယ်စွန့်ဦးတီထွင်မှု အဖွဲ့၏ နာယက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ် နှင့် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများကို လည်းတက်ရောက်နိုင်စေရေး ဖိတ်ကြားထားကြောင်း ပွဲတော်ကျင်းပပြုလုပ် ရေး တာဝန်ရှိသူများ
ထံမှ သိရှိရပါသည်။
ရှမ်းပြည်နယ် တ၀ှမ်းရှိ တက်သစ်စ လူငယ်များ၊ ရှမ်းပြည်နယ် တောင်ကြီး၊ လားရှိုး၊ကျိုင်းတုံ၊ ပင်လုံ တက္ကသိုလ်များနှင့် နည်ပညာတက္ကသိုလ်များမှ ခေတ်မှီသော ဆန်းသစ်တီထွင် ဖန်တီးမှု အား
ကောင်းသော ကျောင်းသားလူငယ်များ၊ ရှမ်းပြည်နယ်ကောလိပ်များမှ ကျောင်းသားလူငယ်များမှ အနာဂတ်ကို မြှင့်တင်ပေးနိုင်သည့် စီးပွားရေးအစီအစဉ် ပြိုင်ပွဲ၊ နည်းပညာ တီထွင်ဖန်တီးမှုများကို ခင်းကျင်းပြသထားပြီး စီးပွားရေး လုပ်ငန်းရှင်ကြီးများမှ ဂုဏ်ပြုခြင်း၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၏ ရင်းနှီးမြှုပ်နှံမှုများကို ထည့်ဝင်လာနိုင်စေရေး ရည်ရွယ်ကာ ယင်းပွဲတော်ကြီး၌ လူငယ်များကိုယ်တိုင် စွန့်ဦးတီထွင်မှုများဖြစ်သော နည်းပညာ အလက်ထရောနစ် ပစ္စည်းများကို ခင်းကျင်းပြသသွားကြမှာဖြစ်ကြောင်း
သိရှိရပါသည်။
ဖော်ပြပါ ပွဲတော်သို့ ရှမ်းပြည်နယ်အဆင့် ဌာနဆိုင်ရာ အသီးသီးမှ အကြီးအကဲများ၊ မြန်မာနိုင်ငံတ၀ှမ်းမှ လူငယ် စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းကြီး၏ အသင်းဝင်များ၊ ကုန်သည် စက်မှုအသင်းကြီးနှင့် မိတ်ဘက် အသင်းအဖွဲ့များ၏ ဥက္ကဋ္ဌများနှင့် အသင်းဖွဲ့ဝင်များ၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ မြို့မိ၊ မြို့ဖများ ဖိတ်ကြားထားသူများ မှ အထူးစည်ကားစွာ တက်ရောက် ကျင်းပသွားနိုင်ရေး စီစဉ်တောင်ရွက်ထားသကဲ့သို့ ပွဲတော်သို့ တက်ရောက်ကြသူ ဦးရေ (၂၀၀၀)ခန့် အထွက်လည်း အမှတ်တရ လက်ဆောင်ပစ္စည်းများကို အမှတ်တရ ပေးသွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံကျော် စတီဒီယို တေးသံရှင်များမှ တေးသီချင်း သီဆိုဖျှော်ဖြေမှုများနှင့် တိုင်းရင်းသားရိုးရာ
ယဉ်ကျေးမှု အကအလှများဖြင့် ပွဲတော်ကြီးအတွင်း သီဆို ကပြ
ဖျှော်ဖြေ သွားမှာဖြစ်ကြောင်း
သိရှိရသည်။
လင်းလင်း (လားရှိုး)
