“တရားမ၀င် မြန်မာပြည်တွင်း နယ်စပ်လမ်းကြောင်းများမှ ၀င်ရောက် နေထိုင်လျှက်ရှိသူ တရုတ်နိုင်ငံသား တဦးကို တာချီလိတ်မြို့တွင် ဖမ်းဆီးရမိကြောင်း သိရ”
တာချီလိတ် - အောက်တိုဘာ(၈)
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မြန်မာ-ထိုင်း နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့တွင် တရားမ၀င်နေထိုင်သည့် တရုတ်နိုင်င့သား တဦးကို ပြီးခဲ့သည့် အောင်တိုဘာ(၅)ရက်နေ့က သက်ဆိုင်ရာမှ ဖမ်းဆီးရမိကြောင်းနှင့် တာချီလိတ်မြို့မ ရဲစခန်းတွင် လူဝင်မှုကြီးကြပ်ရေး ဥပဒေ ၁၃(၁)/ကျူး - ၁၃(ခ) အရ အမှုဖွင့် ထားကြောင်း သိရှိရပါသည်။
အောက်တိုဘာ(၅)ရက်နေ့၌ တာချီလိတ်မြို့၊ ပါဆတ်ရပ်ကွက်တွင်
တရားမ၀င် ၀င်ရောက်လာခဲ့သော အဆိုပါ တရုတ်နိုင်ငံသားအား ပါဆတ်ရပ်ကွက်
ဟိုနားရွာအတွင်း ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း၊ ၄င်းသည် မြန်မာ-လာအို နပ်စပ်၊ မဲခေါင်မြစ် ၀မ်းပုံလမ်းကြောင်းမှ တရားဝင် နိုင်ငံကူးလက်မှတ် ဗီဇာ မပါဘဲ ပစ္စပို့(စ်) တမျိုးတည်းဖြင့်ပင် ၀င်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းနှင့် ၄င်းအမည်မှာ

Mr.Zhan Zhengcheng ဖြစ်ပြီး တရုတ်နိုင်ငံ ဖုကျန်ပြည်နယ်၊ စန်မင်စီ မြို့တွင် နေထိုင်သူဖြစ်ကြောင်းကို တာဝန်ရှိသူများမှ ယင်းသတင်းကို ဆက်သွယ် မေးမြန်း စုံစမ်းမှုပြုသည့် ဒေသအခြေစိုက် မီဒီယာများကို ပြောကြားခဲ့ခြင်းဖြစ်ပါသည်။
ယခုနှစ်အတွင်း တာချီလိတ် မြို့နယ်အတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတဆင့် တရားဝင် စာရွက်စာတမ်းများ မရှိဘဲ ၀င်ရောက်နေထိုင်လျှက်ရှိသည့် တရုတ်နိုင်ငံသားများ၊ ထိုင်းနိုင်ငံသားများကို မကြာခဏ ဖမ်းဆီးအရေးယူမှုများရှိနေပြီး ယခုနှစ် ဇူလိုင်လ အ တွင်း၌လည်း ထိုင်းနိုင်ငံသား(၆)ဦး ကို လက်နှက်ခဲယမ်းများဖြင့် တာချီလိတ်မြို့နယ်၊ ပါလိုင်ကျေးရွာတွင် သက်ဆိုင်ရာမှ ဖမ်းဆီးရမိခဲ့ကြောင်း ဒေသ သတင်းမီဒီယာများ၏ ဖော်ပြမှုအရ သိရှိရသည်။
Source ; Shan News Agency