“………..“အပြစ်မဲ့ပြန်သူတွေကို မထိကြပါနဲ့တော့” ခေါင်းစဉ် ဖြင့် မြန်မာနိုင်ငံ ရန်ကုန် ကက်သလိတ် ခရိယန်သာသနာပိုင် ဂိုင်းချုပ် ဆရာတော် ကာဒီနယ်ချားလ် (စ်) ဘို မှ ငြိမ်းချမ်းရေး မေတ္တာရပ်ခံချက် ထုတ်ပြန်ခဲ့”
ရန်ကုန် - အောက်တိုဘာ(၃)
၂၀၁၉ ခုနှစ်။
အောက်တိုဘာ(၁)ရက်နေ့ ပါ ရက်စွဲနှင့် မြန်မာနိုင်ငံ ရန်ကုန် ကက်သလိတ် ခရိယန်သာသနာ ပိုင်
ဂိုင်းချုပ် ဆရာတော် ကာဒီနယ်ချားလ် (စ်)
ဘို က “အပြစ်မဲ့ပြန်သူတွေကို မထိကြပါနဲ့တော့”
ဟု ခေါင်းစဉ် အမည်တပ်ထားသည့် မြန်မာနိုင်ငံ ပြည်တွင်းစစ်မီးများ မငြိမ်းနိုင်ဘဲ တိုက်ပွဲများဖြစ်ပွားနေသည့်
ဒေသများမှ စစ်၏ အနိဋ္ဌာရုံ များကြောင့် ဒုက္ခရောက်နေကြသည့် အပစ်မဲ့ ပြည်သူများ အတွက် ဘာသာရေးခေါင်းဆောင်ကြီးများက
ငြိမ်းချမ်းရေးရရှိနိုင်စေရေး အတွက် တိုက်တွန်းပြောကြားပေးကြဖို့ကို ဘုန်းတော်ကြီးက “အပြစ်မဲ့ပြန်သူတွေကို
မထိကြပါနဲ့တော့” ခေါင်းစဉ်နှင့် မေတ္တာရပ်ခံချက်ကို ရေးသားခဲ့ခြင်းဖြစ်ကြောင်း
သိရှိရပါသည်။
လားရှိုးမြို့နယ်အပါအ၀င်
ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တွေရဲ့ တိုက်ပွဲများဖြစ် ပွားခဲ့သည့် ဒေသများမှ ဒေသခံအပစ်မဲ့ပြည်သူများ
သေကြေပျက်ဆီး၊ ထိခိုက် ဒဏ်ရာရကြသူများ၊ မိမိတို့
အိုးအိမ်၊ လယ်ယာ စိုက်ခင်းများ၊ လုပ်ငန်းများကို စွန့်ပြီး တိုက်ပွဲရှောင် ထွက်ပြေးနေကြရသည့်
သတင်းများကို ဆက်တိုက်ဆိုသလို ကြားသိရသလို ရုပ်သံသတင်းများ၊ ဗွီဒီယိုဖိုင်များကို မြင်တွေ့ရသောအခါ
ဆရာတော် စိတ်နှလုံး ပူဆွေးရပြီး အထူးကိုဘဲ ၀မ်းနည်းမိပါကြောင်း၊ စစ်ပွဲတွေဖြစ်ပွားတဲ့
ဒေသက ပြည်သူတွေဟာ ဆင်းရဲနွမ်းပါးသူများဖြစ်ကြသလို အပစ်မဲ့သူများလည်းဖြစ်ကြကြောင်း၊
နေ့စဉ်နှင့်အမျှ သူတို့ မိသားစုတွေရဲ့ အခြေခံ စားဝတ်နေရေး ပြေလည်ဖို့ကို ရုန်းကန်လှုပ်ရှားနေကြရသူများဖြစ်ကြပြီး သူတို့ တတွေရဲ့
အခြေခံ စားဝတ်နေရေး အကျိုးစီးပွားကို အဆင်ပြေစေဖို့ ဆိုပြီး မည်သည့် အဖွဲ့အစည်းကမျှ လုပ်ဆောင်ပေးတာမျိုး မရှိဘူး လို့လည်း ဆရာတော် ရဲ့
ထုတ်ပြန်ချက်တွင်
ရေးသားဖော်ပြထားပါသည်။
ဒီလို လူတွေအတွက်
တိုက်ပွဝြင်နေကြတယ် ဆိုတဲ့ သူတွေဟာ ဒီလူတွေ ဘေးအန္တရယ်
ကင်းရှင်းဖို့ ကို အလေးမထားတဲ့
အပြင် လေကြောင်းကနေ တိုက်ခိုက်တာမျိုး၊ ဗုံးကျဲတာ စတာမျိုးတွေ ကိုပါ လုပ်ဆောင်နေကြကြောင်း၊
ဒီလိုတိုက်ပွတြော်ကြောင့် အပစ်မဲ့သူတွေရဲ့ အသက်တေါ ဆု့းရှုံးခဲ့ကြရတာတွေ၊ သူတို့တွေရဲ့
မိသားစုဝင်တွေ၊ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ
အပါအအ၀င်ကို စစ်ဘေးရှောင် စခန်းတွေမှာ
ရောက်ရှိ ခိုလုံနေကြရပြီး
သူတိုပတတွေရဲ့ ဘ၀တွေကို စာနာသနားကြဖို့ကိုလည်း
ဆရာတော်က တိုက်တွန်းဖော်ပြထားပါသည်။
မြန်မာနိုင်ငံရှိ ပြည်သူများဟာ
ငြိမ်းချမ်းရေးကို
မြတ်နိုးကြသူများဖြစ်ကြသလို ဘာသာရေးမှာလည်း မိမိတို့
ယုံကြည်ကိုးကွယ်ကြသည့် ဘာသာတရား၏ အဆုံးအမများကို လိုက်နာကြသူများဖြစ်ကြကြောင်း၊ သို့ဖြစ်၍ ဘာသာရေးခေါင်းဆောင်တွေ
အနေနဲ့ ရေငုံနှုတ်ပိတ်မနေပဲ ငြိမ်းချမ်းရေးအတွက် ပါဝင်ဆောင်ရွက်ကြဖို့ ကိုလည်း ဆရာတော်က
ထုတ်ပြန်ရေးသားထားကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံတွင်းမှာ ဗုဒ္ဓဘာသာဝင် ရဟန်းတော်
၅သိန်း၊ သီလရှင် ၇ သောင်း၊ ခရစ်ယာန် တရားဟောဆရာ ၁၂၀၀ နီးပါး၊ ခရစ်ယာန်သီလရှင်၂၀၀၀
ကျော်တို့အပြင် မရေမတွက်နိုင်တဲ့ တခြားဘာသာရေး ခေါင်းဆောင်တွေရှိနေပြီး
ငြိမ်းချမ်းရေးအတွက် တိုက်ပွဲတွေကို ဆန့်ကျင်ကြောင်း လူသိရှင်ကြား
ပြောဆိုကြဖို့ ခရိယန် မြန်မာနိုင်ငံ ကက်သလိတ် ဂိုင်းချုပ် ဆရာတော် ကာဒီနယ်ချားလ်စ်ဘို ရဲ့ ထုတ်ပြန်ချက်ထဲ၌ ပါဝင်ကြောင်း သိရှိရပါသည်။
၂၀၁၅
ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင်
သက်တော် ၇၀ ရှိပြီဖြစ်တဲ့ Charles
Maung Bo ကို ပုပ်ရဟန်းမင်းကြီး Francis က မြန်မာနိုင်ငံရဲ့
ပထမဆုံး ကာဒီနယ် ရဟန်းအမတ်အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်ပါသည်။
၂၀၁၈ ခုနှစ်
နိုဝင်ဘာလ ၁၆ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သည့် FABC ဗဟိုကော်မီတီ
စည်းဝေးပွဲတွင် အာရှ ကက်သလစ်ဂိုဏ်းချုပ်ဘုန်းတော်ကြီးများအဖွဲ့
FABC ၏ ဥက္ကဋ္ဌ အဖြစ် ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်
ရဟန်းအမတ် Charles Maung Bo ကို ရွေးကောက် တင်မြောက်လိုက်ခြင်းဖြစ်ပါသည်။
ကာဒီနယ်
Charles Maung Bo ဟာ သူ့ရဲ့ ဥက္ကဋ္ဌ ရာထူးကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊
ဇန်န၀ါရီလ ၁ ရက်နေ့၌ စတင် ထမ်းဆောင်ခဲ့ကြောင်း၊ FABC တွင်
အမြဲတမ်းအဖွဲ့ဝင်
ဂိုဏ်းအုပ်ဘုန်းတော်ကြီး
(၁၉) ဦးနဲ့
ပူးတွဲ အဖွဲ့ဝင် (၈)ဦးတို့ ပါဝင်ပြီး အဆိုပါ အဖွဲ့၏ လုပ်ငန်းတာဝန်များမှာ
အာရှတိုက်အတွင်းရှိ ကက်သလစ် ဘုရားကျောင်းများနှင့် အဖွဲ့ဝင်များအကြား
စည်းလုံး ညီညွတ်မှုနှင့် လူမှုဘ၀ ဖူလုံရေး လုပ်ငန်းတွေ
လုပ်ဆောင်ရခြင်းဖြစ်ကြောင်း FABC
အဖွဲ့၏ သတင်းများအရ
သိရှိရသည်။
Source ; VOA
