“သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့ တွင် လားရှိုးမြို့တွင်းရှိ ဘုရားစေတီတော်များတွင် အေးချမ်းစွာ ဒေသခံပြည်သူများ သွားရောက် ကုသိုလ်ပြုခြင်း ညပိုင်းတွင်လည်း မီးပုံးအလှပ များစွာ ထွန်းညှိ ပူဇော်နေခြင်းတို့ကို လည်ပတ်ကြည့်ရှုကြသူများ အထူးစည်ကားလျှက်ရှိကြောင်း သိရ”
လားရှိုး-
အောက်တိုဘာ(၁၃)
၂၀၁၉ ခုနှစ်၊
အောက်တိုဘာ(၁၃)ရက်နေ့သည် အဘိဓမ္မာအခါတော်နေ့ သီတင်းကျွတ်လပြည့်နေ့တွင် မြန်မာနိုင်ငံတော်နှင့်အ၀ှမ်း
တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ ခရိုင်၊ မြို့နယ်များတွင် ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားပြည်သူများတို့မှာ
မိမိတို့ မြို့ရွာရှိ ဘုရား၊ စေတီများသို့ သွားရောက်ကြကာ ဆီမီး၊ပန်း၊ ရေချမ်း ဆက်ကပ်လှူဒါန်းကုသိုလ်ပြုကြသူများ၊
နံနက်အစောပိုင်း၌လည်း သံဃာတော် ဆရာတော် အရှင်သူမြတ်တို့ ထံမှ ငါးပါးသီလ၊ ရှစ်ပါးသီလ၊
ကိုးပါး န၀င်္ဂသီလဆောက်တည်ကြကာ သံဃာတော် အရှင်သူမြတ်များကို ဆွမ်းအစရှိ လှူဖွယ် ၀တ္ထုအစုစုတို့အား
ဆက်ကပ်လှူဒါန်း
ကုသိုလ်ကောင်းမှု အစုစုအား ပြုလုပ်လျှက်ရှိကြောင်း
သိရှိရပါသည်။
ကုသိုလ်ကောင်းမှု အစုစုအား ပြုလုပ်လျှက်ရှိကြောင်း
သိရှိရပါသည်။
ထို့အတူ ရှမ်းပြည်နယ်မြောက်ပိုင်း
လားရှိုးမြို့တွင်လည်း မြို့ဦး ရန်တိုင်းအောင် ဆုတောင်းပြည့်စေတီတော်၊ မာန်ဆူ စေတီတော်၊
သာသနာ (၂၅၀၀)ဆုတောာင်းပြည့် စေတီတော်၊ ရန်တိုင်းအောင် ရှေးဟောင်း ပေါ် တော်မူ စေတီတော်
တို့တွင် နံနက်ပိုင်းမှစတင်ကာ ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားပြည်သူများ
အထူး စည်ကားစွာ သွားရောက် ကုသိုလ်အမှုပြုခြင်းငှါ မြတ်ဗုဒ္ဓဘုရားရှင်ကို ဆီမီး၊ ပန်းမြတ်မာလာနှင့်
ရေချမ်း ဆက်ကပ်လှူဒါန်းကြသူများ၊ ဘုရားကန်တော့ သီလယူကြကာ ပုတီးစိပ်ခြင်း၊
တရား ဘာဝါနာ ပွားများအားထုတ်ခြင်း တို့ကို အေးချမ်းစွာ ပြုလုပ်လျှက်ရှိကြကြောင်းနှင့်
မြို့တွင်း မိန်းလမ်းမ ကြီးများ တွင်လည်း အိမ်စီးယာဉ်များ၊ ဆိုင်ကယ်၊ သုံးဘီးနှင့် အငှားယာဉ်များ
သွားလာနိုင်ရေး အန္တရယ်ကင်းရှင်း အဆင်ပြေ စေရန် လားရှိုးမြို့ ယာဉ်စည်းကမ်းထိမ်းသိမ်းရေး
တပ်ဖွဲ့မှ ယာဉ်ကြောရှင်းလင်းခြင်းများ ဆောင်ရွက်ပေး
လျှက်ရှိကြောင်း သိရှိရပါသည်။
လျှက်ရှိကြောင်း သိရှိရပါသည်။
ညပိုင်းတွင်
လားရှိုးမြို့၊ ရပ်ကွက်(၄) မန္တလေးလမ်း နှင့် ရေကန်လမ်း တလျှောက် အဆိုပါ လမ်းဆုံနေရာမှ လမ်းဘေး နှစ်ဘက်တွင် ရောင်စုံ မီးပုံးများကို
အလှအပ ပုံသဏ္ဍန်အမျိုးမျိုးဖြင့် ပူဇော်ထားရှိရာတွင် မြို့နေ ပြည်သူများ သွားရောက် လည်ပတ်ကြည့်ရှုကြသလို
ဓါတ်ပုံများ အမှတ်တရ ရိုက်ကူးကြသူများနှင့်ပင်
စည်ကား လျှက်ရှိကြောင်း ယခုညပိုင်း သွားရောက်လည်ပတ်
ခဲ့ကြသူများက ဆိုပါသည်။
"ပြီးခဲ့တဲ့
ရက်တွေက လူမှုကွန်ယက်ကနေ လားရှိုးမြို့တွင်း မှာ မြို့နေပြည်သူတွေ စိုးရိမ် ကြောင့်ကျဖွယ်
ထိန့်လှန့်ဖွယ် ဖြစ်စေရန် ရည်ရွယ်ခြင်း သဘောဆောင်တဲ့ မဟုတ်မမှန်သတင်းတွေ ကို ဖေ့ဘုတ်
အကောင့် တုနဲ့ ရေးသားဖော်ပြခဲ့တွေ၊ သူတို့ အကြံတူတွေကဘဲ
ထပ်ဆင့် မျှဝေခဲ့တဲ့ သတင်းတုတေါကြောင့် ပြည်သူတွေ ထိန့်လှန့်စိုးရိမ်မှုများဖြစ်ခဲ့ကြရပေမဲ့လို့
မဟုတ်မှန်သော သတင်းတွေဆိုတာကို သိရှိကြတော့ သီတင်းကျွတ်ညတွေမှာ အခုလို စည်စည်ကားကာ
လည်ပတ်ကြသူတွေကို တွေ့ရှိရတာပါ…"
"မနက်ပိုင်းတွေမှာလည်း
ဘုရားစေတီတွေမှာ စည်စည်ကားကား အေးအေးချမ်းချမ်း တရားအားထုတ် ပုတီးစိတ်ကြသူတေ၊ ပန်း။ရေချမ်း၊
ဆီမီးပူဇော်သူတွေ နဲ့ စည်ကးလျှက်ရှိနေပါတယ် .." ဟု လားရှိုးမြို့၏ ဘာသာရေး၊ သာသနာရေး
လုပ်ဆောင်မှုများ လုပ်ဆောင်နေသည့် အငြိမ်းစား အရာရှိကြီးတဦး က လားရှိုးမီဒီယာဂရုသို့
ပြောကြားခဲ့ပါသည်။
လားရှိုးမြို့တွင်းရှိ
မိန်းလမ်းမကြီးများအပြင် ရပ်ကွက်တွင်း လမ်းများတွင်လည်း အိမ်ရှေ့များတိုင်း၌ ဆီမီးထွန်းညှိပူဇော်ခြင်းများ၊
မီးပုံးများကို အလှစဉ် ပူဇော်ခြင်းများကို သီတင်းကျွတ်လပြည့်ည၌ တွေ့ရှိရကာ လားရှိုးမြို့၊
ရပ်ကွက်(၁၂)ရှိ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက်တွင်လည်း
သီတင်းကျွတ် မီးထွန်းညှိပူဇော်ကြ
သူများ အထူးစည်ကားလျှက်ရှိကြကြောင်း သိရှိရသလို လားရှိုးမြို့တွင်းနှင့် ရပ်ကွက်(၁၂)
မီးပွိုင့် သို့ သွားလာ လျှက်ရှိသည့် သိန္နီလမ်းမကြီးတလျှောက်တွင် ည(၈း၀၀)အချိန်ခန့်မှစတင်ကာ
ယာဉ်ကြောများ ကြတ်နေပြီး အိမ်စီးကားများ၊ ဆိုင်ကယ်များ အတက်အဆင်း လမ်းကြောင်းနှစ်ဘက်လုံးကို
ပြည့်ကြတ်နေကြောင်း နှင့် မန်ဆူစေတီတော် သို့ ညပိုင်းသွားရောက်ဖူးမျှော်ကြသူများ၊ ရန်တိုင်းအောင်
ဆုတောင်းပြည့် မြို့ဦးစေတီတော် သို့ သွားရောက်ဖူးမျှော်ကြသူများ အထူးများပြား စည်ကားလျှက်ရှိနေ
ကြောင်းနှင့် ယာဉ်ကြော ရှင်းလင်း ဆောင်ရွက် ပေးခြင်းကို ထိုလမ်းအပိုင်းများအား ညပိုင်းအချိန် များတွင်
ယခု သီတင်းကျွတ် ရက်များ၌ ပိုမို အဆင်ပြေစွာ၊ သွားလာနိုင် ရး သက်ဆိုင်ရာ မှ ဆောင်ရွက်ပေးပါရန်
မြို့ နေပြည်သူများက လိုလားစွာ ပြောဆိုလျှက်ရှိကြောင်း သိရှိရသည်။
လင်းလင်း(လားရှိုး)